Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမှာ ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်က လိုက်ထရပ်ကား ဝင်တိုက် ၊ အမျိုးသား ၁ဦး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်က လိုက်ထရပ်ကားကို နောက်ကဝင်တိုက်ခဲ့တာကြောင့် လိုက်ထရပ်ကားပေါ်မှာလိုက်ပါလာတဲ့ အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးထားပါတယ်။

ဩဂုတ်-၂၄၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်က လိုက်ထရပ်ကားကို နောက်ကဝင်တိုက်ခဲ့တာကြောင့် လိုက်ထရပ်ကားပေါ်မှာလိုက်ပါလာတဲ့ အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးထားပါတယ်။

ဒီနေ့(ဩဂုတ်၂၄) မနက် ၁နာရီခန့်က ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၂၁၄/၂-၂၁၄/၃ကြားမှာမန္တလေးကနေ ရန်ကုန်မြို့ဘက် မောင်းလာတဲ့ ရွှေစင်စင်္ကြာ ခရီးသည်တင်ယာဉ်က သူ့ရှေ့မှာမောင်းနေတဲ့ လိုက်ထရပ်ကို အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ပေါ်မှာလိုက်ပါလာတဲ့ လူ ၄ဦးအနက် အမျိုးသား ၁ဦး အခင်းဖြစ်တဲ့နေရာမှာတင်သေဆုံးခဲ့ပြီး အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် ခရီးသည်စုစုပေါင်း ၂၅ ဦးလိုက်ပါလာတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဆိုပါတယ်။

အမြန်လမ်းပေါ်မှာ မောင်းနှင်တဲ့ ယာဉ်မောင်းတွေအနေနဲ့ ယာဉ်ကြံ့ခိုင်မှုတွေကိုစစ်ဖို့ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းဖို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ရပ်ထားတဲ့ ၆ ဘီးကားကို ခွေးဘီလူးကားက ဝင်တိုက်လို့ ခွေးဘီလူးကားပေါ်ပါ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။