Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမှာ စစ်သင်္ဘောအုပ်စုလုံခြုံရေး စစ်ကြောင်း KIA တိုက်ခိုက်လို့ အထိနာပြီး ပိတ်မိနေ

စစ်သားတွေ တင်လာတဲ့ စစ်လှေကို ဒရုန်းနဲ့ တိုက်ခိုက်ဖောက်ခွဲခံရသလို မြေပြင်မှာလည်း စစ်ကြောင်းလိုက် ကစင့်ကလျားထွက်ပြေး

စစ်သားတွေ တင်လာတဲ့ စစ်လှေကို ဒရုန်းနဲ့ တိုက်ခိုက်ဖောက်ခွဲခံရသလို မြေပြင်မှာလည်း စစ်ကြောင်းလိုက် ကစင့်ကလျားထွက်ပြေး

ဩဂုတ် ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်ဘက်ကို တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို လုံခြုံရေးယူပေးမယ့် စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ရွှေကူမြို့နယ် သင်္ဘောအင်းရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားတွေ တင်လာတဲ့ စက်လေထိမှန်ပေါက်ကွဲခဲ့သလို မြေပြင်မှာလည်း စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျား ထွက်ပြေးခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့အတွက် ကချင်ပြည်နယ်ကို စစ်အင်အားတွေ ထပ်မံ ဖြည့်တင်းလာရာ စစ်သင်္ဘောအုပ်စုဟာ ဒီကနေ့ ဩဂုတ် ၂၅ရက်မှာ စစ်ကိုင်းတိုင်းထီးချိုင့်နယ်ကနေ အထက်ဘက်ကို ဆန်တက်သွားပြီဖြစ်ပါတယ်။ အဲဒီ စစ်ကောင်စီ သင်္ဘောအုပ်စု လုပ်ခြုံရေးအတွက် စစ်သားတွေက ဧရာ၀တီ မြစ်အနောက်ဘက်ကမ်းသို့ ထိုးလာရာ စစ်လှေကမ်းကပ်နေစဉ်မှာ တိုက်ခိုက်ခံရခဲ့တာလို့ ဆိုပါတယ်။

“စကစက အရင်ကတော့ အဲဒီ ဧရာ၀တီ မြစ်ရဲ့ ညာဘက် ကုန်းကြောင်း အဲဒီဘက်ထိုးတာ။ အခုက ဧရာ၀တီမြစ်ရဲ့ အနောက်ဘက်ကမ်းကိုလည်း သင်္ဘောလုံခြုံရေးအရရော နောက်ပြီးတော့ စင်းခန်းဘက်ကို နှစ်ဖက်ခွပြီး ထိုးချင်တဲ့ သဘောတွေ့ရပါတယ်။ဒါပေမဲ့ အခု မနက်က တိုက်ပွဲဖြစ်တဲ့ အဲဒီ ဧရာ၀တီအနောက်ကမ်း ကတော့ စင်းခမ်းဘက်ကို ကျော်နိုင်ဖို့ မပြောနဲ့ အဲဒီမှာ တောင်အကြီးကြီး ရှိတယ်။ အဲဒီတောင်တွေကို သူတို့ ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ အမိန့်အရသာ အဲဒီဘက်ကမ်းကို ကြောက်ကြောက်နဲ့ ကူးပြီးမှ နေနေရတာပေါ့လေ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဒီကနေ့မနက်တိုက်ပွဲ အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာ မနေ့က မြစ်အနောက်ဘက်ကမ်းကို စက်လှေနဲ့ ကူးလာစဉ် ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။ ဒီကနေ့ ဩဂုတ် ၂၅ရက်မှာပျံ့နှံ့နေတဲ့ စစ်တပ် စစ်ကြောင်း စစ်လှေတိုက်ခိုက်ခံရမှု ဓာတ်ပုံ၊ စစ်ကြောင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ကစဉ့်ကလျား ပြေးလွှားနေရတဲ့ ရုပ်သံတွေဟာ ဧရာ၀တီမြစ်အနောက်ဘက် ကူးလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ရှင်းပြပါတယ်။

“အဲဒီ မြစ်အနောက်ဘက်ကမ်းကို သင်္ဘောအင်းရွာထိပ်နားမှာ ဖြတ်လာတဲ့ အဲဒီဘက်ကို ကမ်းကပ်လာတဲ့ ရန်သူကတော့ အင်အား ၁၀၀ နည်းနည်း ကျော်လောက်ရှိမယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့က အဲဒီ မြစ်ကမ်းကနေ နောက်ဆုတ်လည်းမရ ရှေ့တက်လည်းမရနဲ့ ဝိုင်းပတ်ပိတ်ဆို့ခံနေရတဲ့ သဘောဖြစ်ပါတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခြား စစ်ရေးသတင်းရင်းမြစ်တဦးကလည်း ရွှေကူမြို့နယ် မနေ့က တိုက်ပွဲမှာလည်း စစ်တပ် အတော်အထိနာခဲ့တယ်လို့ ပြောပြပါတယ်။

“မနေ့ကတော့ တပ်မ(၃၃)တွေ တော်တော်လေး အထိနာသွားတယ်။” လို့ သတင်းရင်းမြစ်က ပြောကြားပြီး ဒဏ်ရာရနဲ့ သေဆုံး ပေါင်းပါက ရာချီရှိနိုင်တယ်လို့ ပြောပါတယ်။ဒါ့အပြင် လက်နက်တွေလည်းသိမ်းရခဲ့ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

KIA စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars News ကလည်း စစ်သားများ တင်လာတဲ့ စက်လှေကို KIA/KPDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု ရုပ်သံကို ဖော်ပြပါတယ်။ဒါ့အပြင် စစ်မှုထမ်း တပ်သားများကို ရှေ့က ထားပြီး စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရမှု၊ စစ်တပ်သားတွေ သွေးရူးသွေးတန်း ပြေးနေကြတဲ့ ရုပ်သံကိုလည်း ဖော်ပြထားပါတယ်။

“ဒီကောင်တွေ သွေးရူးသွေးတန်းနဲ့ ပြေးကုန်ပြီ။ တော်တော်လည်းထိထားပြီ။ အများကြီးပဲ ။ တော်တော်လည်းထိထားတယ် ပြေးကုန်ပြီ။ ဒီမှာလည်း တော်တော်ထိထားတယ် ခေါင်းတွေ ပွင့်သွားတဲ့ ကောင်တွေလည်း ပွင့်သွားကုန်ပြီ။ ဆူဆိုက်နဲ့ ခေါင်းကို တိုက်လိုက်တာ” လို့ တော်လှန်ရေးရဲဘော်တဦးက ပြောကြားနေတာကို ရုပ်သံမှာ ကြားရပါတယ်။

စက်လှေကို တိုက်ခိုက်တဲ့ ရုပ်သံမှာလည်း ကမ်းအနီး ကပ်လာတဲ့ စက်လှေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ပေါက်ကွဲမှု အချို့ဖြစ်တဲ့ မြင်ကွင်းကို တွေ့ရပါတယ်။

“မနေ့က တိုက်ပွဲ အထိနာတဲ့ တပ်တွေ။ တပ်မ ၃၃ ကမ်းကူးတဲ့ အဖွဲ့။ရွှေကူမှာမြစ်အနောက်ဘက်ကမ်းကူးတဲ့အဖွဲ့။ဒဏ်ရာရ နဲ့ သေဆုံး ၂၀၀ ကျော်တယ် “လို့ ကချင် သတင်းရင်းမြစ်က ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ရွှေကူမြို့နယ်တိုက်ပွဲ ပြင်းထန်နေကြောင်း အသိပေးထားပြီး စစ်ကောင်စီက စစ်မျက်နှာ လေးခုလောက်ကနေ စစ်ကြောင်းထိုးနေပေမဲ့ ရှေ့မတိုင်းနိုင်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဩဂုတ် ၂၄ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာကာ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်လက်နက်ကြီး၊လေကြောင်းရန်ရှိလို့ အမြန်ဆုံးရှောင်ရှားကြဖို့ မြစ်ကမ်းဘေး ပြည်သူတွေကို ကသာပအဖ မေတ္တာရပ်ခံ

သတင်း

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။