Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ ပေါ်တာဆွဲတာ ပိုဆိုးလာ

စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီး​တွေကို၁ရက် လူ ၅​ယောက်ဆွဲ​​ပေးရမယ်လို့ ဖိအား​ပေးထားဟုဆို

(စစ်တပ် အာဏာသိမ်းပြီး​နောက် ရန်ကုန်မြို့မှာစစ်သား၊ရဲ နဲ့စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေကဧည်စာရင်းလိုက်စစ်စဥ်။ ဓါတ်ပုံ- Santosh Mmr/Sopa Images/The Guardian)

စက်တင်ဘာ-၁၊၂၀၂၆။တာရာ/People’s Spring

နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ သေဆုံး ၊ဒဏ်ရာရသူ၊ထွက်​ပြေးသူ များ​နေတဲ့စစ်တပ်က အင်အားလိုအပ်ချက်ကြောင့် ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ရန်ကုန်မြို့ရှိ ၊ မြို့နယ်တွေရဲ့သက်ဆိုင်ရာရပ်ကွက်အလိုက် စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေကို တစ်ရက်ကို လူ ၅ ဦးဖမ်းဆီးခေါ်ဆောင်ပြီး စစ်သင်တန်းကျောင်းကို ပို့ဆောင်​ပေးရမယ်လို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ စုံစမ်းသိရပါတယ်။

“ရပ်ကွက်တွေထဲမှာကြားတာက တစ်နေ့ကို ရပ်ကွက်အလိုက် ၅ ယောက်စီ ပေါ်တာဆွဲပေးရမယ်။ တစ်ရပ်ကွက်ကို ငါးယောက်ဆိုရင်စဥ်းစားလေ။ လူတွေအများကြီး။ အခုဆို နေ့ခင်းကြောင်တောင်ကြီးလည်း ဆွဲနေကြတာ။ သွားလို့​လာလို့ မကောင်းတော့ဘူး။ လူကြီးရော၊ ကလေးတွေကိုပါအကုန်ဆွဲတာ။ ပြီးရင် စစ်သားစုဆောင်းရေးတပ်ကို ပို့တာ။ အုပ်ကြီးတွေကတော့ ပိုက်ဆံရတာပေါ့။ တစ်ယောက်ကို ၅၀ လောက်ရတယ်”လို့ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တောင်ဥက္ကလာ၊ သာကေတ၊ မြောက်ဒဂုံနဲ့ တောင်ဒဂုံမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးတာအဆိုးရွားဆုံးလို့ စုံစမ်းသိရပြီး ည ၇ နာရီနောက်ပိုင်း လမ်းပေါ်တွေ့သူတွေကို ဖမ်းမယ်လို့ပြောကြားထားတယ်လို့သတင်းတွေလည်း ထွက်နေပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းတွေအတွင်းရန်ကုန်မြို့မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေအပါအဝင် သက်ကြီးပိုင်းအထိ ပျောက်ဆုံးမှုတွေဆက်တိုက်ဖြစ်နေလို့ လူပျောက်ကြောညာတာတွေလည်း မကြာခဏတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပါတ်ကြာတဲ့အထိ အဆက်အသွယ်မရဘူးလို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့် ​နေပြည်​တော် အမြန််လမ်းဘက်ကို သွား​​ခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့က​ပြောပါတယ် ။

ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစားသမား ၂ဦးလည်း ပျောက်ဆုံးနေတာ ၁၀ရက်ကျော်ကြာရှိပြီဖြစ်တယ်လို့ အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

“အခုဆိုအပြင်ထွက်ရမှာတောင်ခပ်လန့်လန့်ဖြစ်နေပြီ။ဟိုကောင်တွေက တွေ့ရာမြင်ရာအကုန်ဆွဲနေတာ။အုပ်ကြီးတွေကိုကြောက်ရ သူတို့ကိုလည်းကြောက်ရနဲ့။ လွတ်အောင်ရှောင်နေရတယ်။ နေရတာတကယ်မလုံခြုံတော့ဘူး” လို့ သာကေတမြို့နယ်မှာ နေထိုင်တဲ့လူငယ်တဦးကပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ လူငယ်တွေက စစ်မှုထမ်းရမှာ ရှောင်နေတာကြောင့် ပေါ်တာဆွဲဖမ်းဆီးရတာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။စစ်မှုထမ်းစာရင်းပေါက်တဲ့အိမ်တွေကို အုပ်ချုပ်ရေးမှူးတွေကတစ်ဦးကျပ်တစ်သိန်းနဲ့ ကောက်ခံနေတာတွေလည်းရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီးစက်တင်ဘာမှာလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Facebook