Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး Free HER Campaign အဖြစ် နယူးယောက်​မှာ အမှတ်တရသစ်ပင် စိုက်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် Kim Aris (ခေါ်) ကိုထိန်လင်း ဦးဆောင်တဲ့ FREE HER Campaign ကို ထောက်ခံအားပေးတဲ့ အနေနဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရောက် မြန်မာမိသားစုတွေက အမှတ်တရသစ်ပင်တွေ ဒီကနေ့ (အောက်တိုဘာ ၁၁) စိုက်ပျိုးခဲ့ပါတယ်။

ဓာတ်ပုံ - NYCBC

အောက်တိုဘာ ၁၁၊၂၀၂၆။သုည/People’s Spring

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် Kim Aris (ခေါ်) ကိုထိန်လင်း ဦးဆောင်တဲ့ FREE HER Campaign ကို ထောက်ခံအားပေးတဲ့ အနေနဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရောက် မြန်မာမိသားစုတွေက အမှတ်တရသစ်ပင်တွေ ဒီကနေ့ (အောက်တိုဘာ ၁၁) စိုက်ပျိုးခဲ့ပါတယ်။

အဆိုပါသစ်ပင်စိုက်ပွဲကို နယူးယောက်ပြည်နယ်ပိုင်ပန်းခြံ Willowbrook State Park မှာ သက်ဆိုင်ရာဌာနရဲ့ ခွင့်ပြုချက်နဲ့စည်းမျဉ်းအရ လူဦးရေကန့်သတ်ချက် အယောက်(၃၀) စုရုံးကာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ပြီး စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။

သစ်ပင်စိုက်ပျိုးပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှုတွေထဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါ ရည်ရွယ်တဲ့ အမှတ်တရသစ်ပင် ၈၂ ပင် စိုက်ပျိုးခွင့်ရခြင်းဟာ အလွန်အဓိပ္ပာယ်ရှိကြောင်း၊ မြန်မာနိုင်ငံ အေးချမ်းသာယာရေးနဲ့ ပြည်သူတွေရဲ့အနာဂတ်ကောင်းမွန်ရေးကို ရည်မှန်းပြီး စိုက်ပျိုးခဲ့တာဖြစ်တဲ့အတွက် ရည်ရွယ်ချက်အရလည်း အလွန်ကောင်းမွန်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သစ်ပင် ၈၂ ပင် စိုက်ပျိုးရတာက ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁ နှစ်ပြည့် မွေးနေ့ကို ရည်ရွယ်တာဖြစ်သလို မြန်မာ့ရိုးရာအယူအဆအရ မွေးနေ့အသက်အရေအတွက်ထက် သစ်ပင်တစ်ပင်ပို၍ စိုက်ပျိုးခြင်းက ပိုမိုကောင်းမွန်သည်ဟု ယူဆကြသည့်အတွက် အသက် ၈၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၈၂ ပင် စုပေါင်းစိုက်ပျိုးခဲ့ခြင်းဖြစ်တယ်လို့ NYCBC မှ စီစဉ်သူတွေက ရှင်းလင်းပြောကြားခဲ့ပါတယ်။

အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်တွေက မတရားဖမ်းဆီးချုပ်နှောင်ထားတာကနေ အမြန်ဆုံးလွတ်မြောက်စေဖို့နဲ့ နိုင်ငံတကာကလည်း ဒီအခြေအနေကို ပိုမိုသိရှိလာစေဖို့ ရည်ရွယ်ကာ တခြားလှုပ်ရှားမှုတွေနဲ့ မတူတဲ့ ငြိမ်းချမ်းသောနည်းလမ်းနဲ့ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

သစ်ပင်စိုက်ပျိုးပွဲမှာ ပါဝင်ခဲ့သူတွေကလည်း ဒီလှုပ်ရှားမှုက သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့အပြင် ကမ္ဘာကြီးအတွက်ပါ အကျိုးရှိစေမယ့် Environmental Stewardship Activities လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

ယင်းသစ်ပင်စိုက်ပျိုးခြင်းကို နယူးယောက်ပြည်နယ် City Park Department သို့တရားဝင် ခွင့်ပြုချက်အရ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သစ်ပင်စိုက်ပျိုးတဲ့နေရာမှာ နယူးယောက်မြို့ Staten Island ရှိ Willowbrook Park အတွင်းမှာတည်ရှိကာ Hope For Suu Forest ဟု ခေါ်ဆိုသောနေရာ ဖြစ်ကြောင်း NYCBC အဖွဲ့က ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျာမနီနိုင်ငံ Bielefeld မြို့မှာပြည်ပရောက်မြန်မာတိုင်းရင်းသားတွေ စုပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် Free Her Campaign ကို အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ ပူး​ပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ သံအမတ်ကြီး ဦး​​ကျော်မိုးထွန်းထောက်ခံရေး လူထုလှုပ်ရှားမှုတွေ အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ဒီကနေ့ (အောက်တိုဘာ ၆) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

Trending

Facebook