Connect with us

Hi, what are you looking for?

သတင်း

ကျဆုံးသူရဲကောင်းနှစ်ဦးရဲ့ အမှတ်တရပစ္စည်း လေလံကနေ အမေရိကန်ဒေါ်လာ တစ်သောင်းခွဲကျော်ရရှိ

အမေရိကန်နိုင်ငံ မေရီလန်းမှာ ပြုလုပ်တဲ့ Theatre21 ပွဲမှာ ကျဆုံး‌ နွေဦးသူရဲကောင်း နှစ်ဦးရဲ့ အမှတ်တရပစ္စည်းလေလံအစီအစဉ်ကနေ အမေရိကန်ဒေါ်လာ တစ်သောင်းခွဲကျော် ရရှိခဲ့တယ်လို့ အဆိုတော် လင်းလင်းက အသိပေးထားပါတယ်။

ဓာတ်ပုံ - Y H

အောက်တိုဘာ-၁၂၊ ၂၀၂၆။ ဆဏ်း/People’s Spring

အမေရိကန်နိုင်ငံ မေရီလန်းမှာ ပြုလုပ်တဲ့ Theatre21 ပွဲမှာ ကျဆုံး‌ နွေဦးသူရဲကောင်း နှစ်ဦးရဲ့ အမှတ်တရပစ္စည်းလေလံအစီအစဉ်ကနေ အမေရိကန်ဒေါ်လာ တစ်သောင်းခွဲကျော် ရရှိခဲ့တယ်လို့ အဆိုတော် လင်းလင်းက အသိပေးထားပါတယ်။

“ဦးကံရဲ့ ကျောက်စိမ်းလည်ဆွဲကြိုးလေးကို US $10000 ကျော် (ဒေါ်လာ ၁သောင်းကျော်) ၊ကိုlightရဲ့ ဖိနပ်နဲ့ ပုဝါလေးကို US $5000 ကျော် ( ဒေါ်လာ ၅ထောင်ကျော် )ရရှိပါတယ်။Texas က အမ မကျော့တို့နဲ့ဆန်ဖရန်က ကိုဂျိမ်းတို့က တမြတ်တနိုး သိမ်းဆည်းခွင့် ရသွားကြပါတယ်။”လို့ လေလံအစီအစဉ်နဲ့ပတ်သက်ပြီး လင်းလင်းရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။

ဒါ့အပြင် ဒီအစီအစဉ်အတွက် ပွဲကိုလာရောက်အားပေးတဲ့သူတွေနဲ့ အခြားတစ်ဦးချင်းအလှူရှင်တွေကလည်း ဒေါ်လာ ၇၀၀၀ ထပ်ပေါင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလေလံပစ္စည်းတွေကရရှိတဲ့ ငွေတွေကို ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်တဲ့ မိသားစုတွေကို ပို့ဆောင်ပေးသွားမယ်လို့ အဆိုတော် လင်းလင်းက အသိပေးထားပါတယ်။

Theatre21 ‌ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ ရက်က မေရီလန်းမှာပြုလုပ်ခဲ့တာဖြစ်ပြီး လင်းလင်းနဲ့အတူ ချစ်သုဝေ၊ လင်းထက် ၊ ခါရာ၊ လီယို ၊ Mark Jason တို့ ပါဝင်ဖျော်ဖြေပေးခဲ့တာပါ။

ဒီဖျော်ဖြေပွဲက နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေ ၊ လက်ရှိအချိန်အထိ ကြံ့ကြံ့ခံရပ်တည်ပေးတဲ့ CDM မိသားစုတွေနဲ့ နွေဦးမိသားစုတွေရဲ့ပညာရေးအတွက် ကူညီပေးသွားဖို့ ရည်ရွယ်ထားတာပါ။

“မယ်ရီလန်းနဲ့ပတ်ဝန်းကျင်သာမကUS ရဲ့ state အများကြီးကနေ ရအောင် တာဝန်လာထမ်းရမယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ ဒီလောက်မိသားစုတွေ လာပူးပေါင်းလိမ်မယ်လို့ တကယ်ကို ကျနော်မျှော်လင့်မထားမိပါဘူး။ ကျနော် ဒီလိုမာဂုဏ်နဲ့ ချီတက်နေနိုင်တာဟာ ခင်များတို့ကြောင့်ဆိုတာ လက်အုပ်ချီ ဂါရဝပြုပြောပါရစေ။” လို့ လင်းလင်းက ရေးသားထားပါတယ်။

ပွဲကရရှိတဲ့ တော်လှန်ငွေစာရင်းချုပ်ကိုတော့ ပွဲစီစဉ်သူတွေက ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

ဒီပွဲရဲ့ ပိုစတာကအစ နွေဦး‌တော်လှန်ရေးမှာ ကျဆုံးသူရဲကောင်း ၈,၀၀၀ ကျော်ရဲ့ နာမည်တွေနဲ့ ဒီဇိုင်း ဖန်တီးခဲ့တာဖြစ်ပြီး ပွဲအတွင်းမှာလည်း ကျဆုံးသူရဲကောင်းတွေရဲ့ နာမည်တွေနဲ့ ပရိုဂျက်တာနဲ့ ပြသထားတာတွေ့မြင်ရပါတယ်။

ဒါ့အပြင် ကျဆုံးသူရဲကောင်းတွေရဲ့နာမည်တွေနဲ့ ဒီဇိုင်းဆင်ထားတဲ့ ပုဝါ နဲ့ အပေါ်ထပ်အင်္ကျီကိုလည်း Theatre21 ပေ့ခ်ျကနေ ရောင်း‌ချနေပြီး အကျိုးအမြတ် တွေကို အထက်ပါနေရာတွေကို ကူညီသွားမယ်လို့ အသိပေးထားပါတယ်။

Theatre21 ပွဲကို လာရောက်အားပေးတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ကျဆုံးသူတွေရဲ့ နာမည်တွေ ထပ်အရေးမခံချင်တော့ကြောင်းနဲ့ တော်လှန်ရေးကို အဆုံးထိ သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လင်းလင်းက ပြီးခဲ့တဲ့နှစ်မှာ ရောင်နီ နာမည်နဲ့ ဖျော်ဖြေပွဲတွေကို အမေရိကန်နိုင်ငံရဲ့ မြို့ ၁၁ မြို့မှာ ပြုလုပ်ခဲ့ပြီး ထောက်ပို့ငွေ အမေရိကန်ဒေါ်လာ ၇သိန်း၆သောင်းကျော်ကို မြေပြင်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီနှစ်ထဲမှာလည်း တိုင်းရင်းသားလူမျိုးတွေရဲ့ ဒေသတွေအတွက် ထောက်ပို့ဖို့ ပြုလုပ်တဲ့ ‌ဖျော်ဖြေပွဲတွေမှာ ပါဝင်ဖျော်ဖြေပေး‌နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကိုမမေ့လျော့ကြဖို့အဓိကရည်ရွယ်တဲ့ Theatre 21 (ပြဇာတ် ၂၁)ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ရက်မှာ အမေရိကန်နိုင်ငံမေရီလန်းမှာ ပြုလုပ်မယ်လို့​​ကြေညာပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရောင်နီပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်ရရှိခဲ့တာ‌ကြောင့် ရောင်နီ ၇ ပွဲကနေ အမေရိကန်ဒေါ်လာ ၅၆၉,၀၀၀ ကျော်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

Facebook