ဆောင်းပါး ပြည်သူတွေရှူမယ့် အောက်ဆီဂျင်ကို အနုကြမ်းစီးတဲ့ စစ်ကောင်စီ အာဏာသိမ်းစစ်ကောင်စီဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းကို စနစ်တကျမစီမံနိုင်သလို လူနာတွေလိုအပ်တဲ့ အောက်ဆီဂျင်လိုအပ်ချက်ကိုတောင် ဖြေရှင်းနိုင်ခြင်း မရှိပါဘူး။ တစ်ကယ်တော့ လိုအပ်ချက်ကို မဖြည့်ဆီးတဲ့အပြင် ပိုခက်ခဲအောင်လုပ်ပြီး နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်ဖို့ပါ လုပ်နေတာပါ။ LuduNwayOoဩဂုတ် 1, 2021
News အာဏာသိမ်းပြီးခြောက်လအတွင်း နိုင်ငံရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုးရွားလာတယ်လို့ ကုလအဖွဲ့အစည်းနှစ်ခုပူးတွဲ ထုတ်ပြန် Women တို့ဟာ မိတ်ဖက်အဖွဲ့တွေနဲ့အတူ အသက်ကယ်ဆယ်ရေး လူမှုဘ၀ဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံရှိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ရရှိစေဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ LuduNwayOoဩဂုတ် 1, 2021
News စစ်ကောင်စီက အောက်စီဂျင်စက်ရုံတွေကိုထိန်းချုပ်လိုက်တာကြောင့် ကိုဗစ်လူနာများဒုက္ခရောက် ကိုဗစ်လူနာတွေရဲ့ အောက်စီဂျင်အိုးတွေကို စက်ရုံမှာအခမဲ့တန်းစီစောင့်ဖြည့်ပေးပြီးကူညီနေတဲ့ လူမှုကူညီရေးဆောင်ရွက်နေသူတွေက ဇူလိုင် ၂၉ ရက်ကစပြီး လူနာတွေအတွက် မကူညီနိုင်တော့ဘူးလို့ပြောပါတယ်။ LuduNwayOoဩဂုတ် 1, 2021
ဗီဒီယို ကိုဗစ်လူနာတစ်ဦး မဖြစ်မနေ ဂရုစိုက်သင့်သောအချက်များ ကိုဗစ်လူနာတစ်ဦးအတွက် မဖြစ်မနေ ဒီအချက်တွေကို သေချာ လုပ်ပေးရပါမယ်။ LuduNwayOoဇူလိုင် 31, 2021
ဗီဒီယို ဒယ်လ်တာအသွင်ပြောင်းပိုးကြောင့် တစ်ပါတ်အတွင်းရောဂါကူးစက်ခံရသူ လေးသန်းလောက်ရှိ အလွန်ကူးစက်မြန်တဲ့ ဒယ်လ်တာအသွင်ပြောင်းပိုးက နိုင်းငံပေါင်း ၁၃၂နိုင်ငံမှာ ကူးစက်နေပြီးတော့ ဒီလိုကိန်းဂဏန်းတွေမြင့်တက်လာတဲ့ အခြားအကြောင်းအရင်းတွေကတော့ လူတွေခက်ခွာခွာမနေတာ၊ ကူးလူးသွားလာနေကြတာ၊ မမျှတတဲ့ကာကွယ်ဆေးအစီအမံ စတာတွေကြောင့်လဲဖြစ်တယ်လို့ သူကပြောပါတယ်။ LuduNwayOoဇူလိုင် 31, 2021
ဗီဒီယို ရှေ့နှစ်ပတ်အတွင်း မြန်မာလူဦးရေရဲ့ ထက်ဝက်လောက်ကိုဗစ်ကူးစက်ခံရနိုင်တယ် ကိုဗစ်တတိယလှိုင်းကူးစက်ခံရချိန်မှာ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ တစ်ရက်ကို လူ ၃၀၀ ကျော်သေဆုံးနေပြီး နေအိမ်မှာပဲ သေဆုံးနေကြသူတွေအပါအဝင် စုစုပေါင်းကိန်းဂဏန်းကတော့ အတိအကျမထုတ်ပြန်နိုင်ပါဘူး။ LuduNwayOoဇူလိုင် 30, 2021
News ကျန်းမာရေးပညာရှင် ဒေါက်တာမြင့်ဦး(GP) ကိုဗစ်ရောဂါနဲ့ ကွယ်လွန် ဒေါက်တာမြင့်ဦး(GP)ဟာ ကွယ်လွန်ချိန်မှာ အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။ LuduNwayOoဇူလိုင် 30, 2021
News မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီမှာ ဒီတစ်ပတ်အတွင်း ဆွေးနွေးမယ် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေပေမယ့် စစ်ကောင်စီဟာ ကျန်းမာရေးလုပ်သားတွေကို တိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ကုလအထူးအစီရင် ခံစာတင်သွင်းသူ Tom Andrews က ပြောထားပါတယ်။ LuduNwayOoဇူလိုင် 29, 2021
ဗီဒီယို သွေးကျဲဆေးအပါအဝင် ကိုဗစ်လူနာအတွက်အရေးကြီးတဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေ ပြတ်နေ အလှူရှင်အချို့က ဆေးအမှန်တကယ်လိုနေသူတွေကို လှူပေးနေတာ တွေလည်းရှိတယ်လို့ သွေးကျဲဆေးလှူတဲ့ နေရာမှာ ဆရာဝန်ထောက်ခံစာနဲ့ ဆေး ၂ လုံးရခဲ့တဲ့ လူနာရှင်တစ်ဦးက ပြောပါတယ်။ LuduNwayOoဇူလိုင် 29, 2021
News ဖျားနာကုအခမဲ့ဆေးခန်းတွေထူထောင်ခဲ့တဲ့ ပါမောက္ခဒေါ်မာမာကြည် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခဲ့ ကိုဗစ်ရောဂါကူးစက်ခံရလို့ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် OSC ဆေးရုံမှာ တက်ရောက်ကုသနေစဉ် ဇူလိုင် ၂၆ ရက်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဆရာမကြီးဟာ အသက် ၆၀ ရှိပါပြီ။ LuduNwayOoဇူလိုင် 29, 2021