Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

သွေးကျဲဆေးအပါအဝင် ကိုဗစ်လူနာအတွက်အရေးကြီးတဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေ ပြတ်နေ

အလှူရှင်အချို့က ဆေးအမှန်တကယ်လိုနေသူတွေကို လှူပေးနေတာ တွေလည်းရှိတယ်လို့ သွေးကျဲဆေးလှူတဲ့ နေရာမှာ ဆရာဝန်ထောက်ခံစာနဲ့ ဆေး ၂ လုံးရခဲ့တဲ့ လူနာရှင်တစ်ဦးက ပြောပါတယ်။

ကိုဗစ်လူနာတစ်ချို့ကုသရေးမှာလိုအပ်တဲ့ သွေးကျဲဆေးအပါအဝင် ကုသရေးအတွက်လိုအပ်တဲ့ ဆေးနဲ့ ဆေး ပစ္စည်းတွေ စျေးကွက်ထဲမှာ ပစ္စည်းပြတ်လပ်နေပါတယ်။

သွေးကျဲဆေးရဖို့ အင်နဲ့အားနဲ့ ပတ်ရှာတာတောင်အတော် ခက်ခဲနေကြောင်း၊ အင်တာနက်မှာ ဆေး ရတဲ့နေရာတွေ ရေးနေကြပေမယ့် တကယ်တမ်း မရတာကြောင့် အမှာစာတင်ထားပြီး ဆေးစောင့်နေရတယ်လို့ သွေးအဖြေရပြီး ၂ ရက်ကြာတဲ့တိုင် ဆေးရှာမရလို့အခက်ကြုံနေတဲ့ လူနာရှင်တစ်ဦးက ပြောပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရတဲ့လူနာတွေမှာ ရောဂါပိုးနဲ့ ကိုယ်ခံအားတိုက်ခိုက်လို့ သွေးကြောနံရံတွေ ရောင်ရမ်းတာ၊ သွေးတွင်းအောက်စီဂျင်ကျလို့ သွေးကြောနံရံတွေ ပျက်ဆီးတာ၊ အောက်စီဂျင်ကျမှာစိုးရတဲ့အတွက် မလှုပ်မရှား နေရတာတွေက သွေးခဲစေနိုင်တာ ဖြစ်ပါတယ်။

လူနာရဲ့ သွေးခဲမှုအခြေအနေကို သွေးဖောက်စစ်ဆေးပြီးတော့ သိနိုင်ပြီးတော့ သွေးအဖြေကိုမူတည်ပြီး ဆရာဝန် က လိုအပ်သလို ဆေးထိုးဖို့ ညွှန်ကြားတာဖြစ်ပြီး သွေးစစ်မကြည့်ဘဲ အောက်စီဂျင်ကျယုံနဲ့ သွေးကျဲဆေး ထိုးတာကြောင့် ချောင်းဆိုးရင်သွေးပါတာ၊ သွေးခြေတွေဥလာတာ၊ ဝမ်းမည်းမည်းတွေသွားတာ စတာတွေ ဖြစ်လာရတယ်လို့ ကိုဗစ်ရောဂါပညာပေးတွေရေးနေတာ ဒေါက်တာဘုန်းစည်သူလွင်က ရေးထားပါတယ်။

သွေးကျဲဆေးဟာ အောက်စီဂျင်တက်အောင်ပေးတဲ့ဆေးမဟုတ်သလို၊ ကိုဗစ်ရောဂါကို သတ်ပေးတဲ့ဆေးမဟုတ် ဘူးလို့လည်း ဒေါက်တာ ဘုန်းစည်သူလွင်က ရေးထားပါတယ်။

ဆေးဆိုင်တစ်ချို့မှာတော့ သွေးကျဲဆေးကို တစ်ဦး ဆေး ၂ လုံးစီ ခွဲတန်းချ ရောင်းချပေးနေတာတွေရှိပြီး ဒီကနေ့ ညနေပိုင်းမှာတော့ ရွှေအိုးဆေးဆိုင်အချို့မှာ ဆရာဝန်ဆေးစာ ဒါမှမဟုတ် သွေးရလဒ်အဖြေပြပြီးဝယ်နိုင်တယ်လို့ ကြေညာထား ပါတယ်။ လူနာအသက်တွေအတွက် အရေးကြီးတဲ့ဆေးဖြစ်လို့ ကြိုဝယ်တာတွေ၊ ပြန်ရောင်းဖို့ လိုက်ဝယ်တာမျိုးမလုပ်ဖို့လည်း မေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။

အလှူရှင်အချို့က ဆေးအမှန်တကယ်လိုနေသူတွေကို လှူပေးနေတာ တွေလည်းရှိတယ်လို့ သွေးကျဲဆေးလှူတဲ့ နေရာမှာ ဆရာဝန်ထောက်ခံစာနဲ့ ဆေး ၂ လုံးရခဲ့တဲ့ လူနာရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဖြတ်သန်းနေရချိန်မှာ အောက်စီဂျင်ရှာရတာ၊ တန်းစီရတာအပြင် အောက်စီဂျင်ပိုက်၊ အောက်စီဂျင် မက်စ်၊ အောက်စီမီတာ၊ ဆေးနဲ့ ဆေးပစ္စည်းတွေပါပြတ်လတ်နေတာကြောင့် လူနာရှင်တွေမှာ နေအိမ်မှာကုသနိုင်ရေးအပြင် လူနာအတွက်လို အပ်တာတွေရဖို့ စိတ်ဖိစီးနေရတာဖြစ်ပါတယ်။

ပြီးတော့လည်း အခုရက်ပိုင်းမှာဆိုရင် လူနာတွေ သွေးပြစ်ခဲမှုအခြေအနေစစ်ဆေးဖို့ ဓာတ်ခွဲစမ်းသပ်တာကို ရန်ကုန်မှာရှိတဲ့ ဓာတ်ခွဲခန်းအားလုံးနီးပါးက လုပ်မပေးနိုင်ကြတော့ပါဘူး။

သွေးပြစ်၊ မပြစ်စစ်ဆေးတဲ့ D-dimer စစ်တဲ့ ပစ္စည်းပြတ်နေတာ ကြောင့် စစ်မပေးနိုငတော့တာလို့ အိမ်အရောက် သွေးဖောက်ဓာတ်ခွဲတာတွေလုပ်ပေးနေတဲ့ လုပ်ပေးနေတဲ့ အာရှတော်ဝင်ဆေးရုံ ဓာတ်ခွဲခန်းကျွမ်းကျင်တစ်ဦးက ပြောပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

NUG အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း ​မြန် မာနိုင်ငံတွင် ရက်သတ္တနှစ်ပတ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု နှစ်ဆတိုးလာသည်ကိုတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏စာရင်းများကို ကိုးကားပြီး သတိပေးသည်။

သတင်း

စစ်​ကောင်စီလက်​အောက်တွင် ကျန်းမာ​ရေး​စောင့်​ရေး​စောင့်​ရှောက်မှုစနစ်ပျက်ယွင်း​နေပြီး ကိုဗစ်ကူးစက်မှုအ​ခြေအ​နေမှန်ကိုသိရှိရန်ခက်ခဲသည်။

သတင်း

စစ်ကောင်စီတပ်သည် သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်များက ကနီမြို့နယ်ရှိ သရက်ပင်ရွာ၊ ဝါးတန်းအရှေ့ရွာ ၊ဝါးတန်းအနောက်ရွာ ၊အုန်းပင်ဆိပ်ရွာများအား ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့ (သြဂုတ် ၂၇ ရက်)ဖြင့် ထုတ်ပြန်သည့် အထက်ပါသတိပေးချက်တွင် ယခုလုပ်ရပ်များအား ရပ်တန်းကမရပ်ဘဲ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။