Connect with us

Hi, what are you looking for?

ဗီဒီယို

ရှေ့နှစ်ပတ်အတွင်း မြန်မာလူဦးရေရဲ့ ထက်ဝက်လောက်ကိုဗစ်ကူးစက်ခံရနိုင်တယ်

ကိုဗစ်တတိယလှိုင်းကူးစက်ခံရချိန်မှာ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ တစ်ရက်ကို လူ ၃၀၀ ကျော်သေဆုံးနေပြီး နေအိမ်မှာပဲ သေဆုံးနေကြသူတွေအပါအဝင် စုစုပေါင်းကိန်းဂဏန်းကတော့ အတိအကျမထုတ်ပြန်နိုင်ပါဘူး။

ရှေ့နှစ်ပတ်လောက်အတွင်းမှာ မြန်မာ့လူဦးရေရဲ့ ထက်ဝက်လောက် ကိုဗစ်ကူးစက်ခံရနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက သတိပေးပြောကြားလိုက်ပါတယ်။

ရောဂါပိုးကလူတွေထဲကို မြန်မြန်ဆန်ဆန်ကူးစက်ပြန့်နှံ့နေပြီး ခန့်မှန်းချက်တွေအရ နောက်နှစ်ပတ်အတွင်းမှာ မြန်မာ့လူဦးရေ ၅၄ သန်းရဲ့ ထက်ဝက်ကို ကူးစက်သွားလိမ့်မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

“အာဏာသိမ်းလိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်စခုလုံးနီးပါး ပြိုလဲနေပြီး ကျန်းမာရေးဝန်ထမ်းတွေကလည်းဖမ်းဆီးခံနေရတယ်” လို့ သံမတ်ကြီးက ဇူလိုင် ၂၉ ရက် ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

ကိုဗစ်ရောဂါကာကွယ်ဆေးတွေ မြန်မာပြည်တွင်းမှာ ချောချောမွေ့မွေ့အဆင်ဆင်ပြေပြေထိုးနှံနိုင်ဖို့က နိုင်ငံတကာအဖွဲ့အစည်းတွေက နီးနီးကပ်ကပ်စောင့်ကြည့်မှုက အလွန်မရေးပါပါတယ်။ ပြီးတော့ ကိုဗစ်ကာကွယ်ဆေးနဲ့ လူသားချင်စာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ချောချောမွေ့မွေ့ရောက်ရှိနိုင်ဖို့ ကုလဦးဆောင်တဲ့စောင့်ကြည့်မှုအစီအမံတစ်ခုကို အမြန်ဆုံးစတင်နိုင်ဖို့ တောင်းဆိုလိုပါတယ်လို့ ကုလသဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကိုဗစ်တတိယလှိုင်းကူးစက်ခံရချိန်မှာ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ တစ်ရက်ကို လူ ၃၀၀ ကျော်သေဆုံးနေပြီး နေအိမ်မှာပဲ သေဆုံးနေကြသူတွေအပါအဝင် စုစုပေါင်းကိန်းဂဏန်းကတော့ အတိအကျမထုတ်ပြန်နိုင်ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။