Connect with us

Hi, what are you looking for?

All posts tagged "စစ်ကောင်စီ လေကြောင်းတိုက်ခိုက်"

သတင်း

စစ်ကောင်စီက မင်းကွန်းပုထိုးတော်ကြီးအနီးရှိ ၎င်းတို့၏ စစ်စခန်းဟောင်းနေရာကို မတ်လ၁၉ ည၌ လေကြောင်းမှဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများကပြောသည်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်ထိစပ်​ဒေသများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလေကြောင်းသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်ကိုလည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ ပြည်သူများထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံနေသည်ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့‌ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လက်တလောစာရင်းအရ သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ ဒေသခံက ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီက ယနေ့(မတ်လ ၄ ရက်) နေ့လည်ပိုင်းတွင် လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမှော်ကျေးရွာကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေထပ်မံ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင်နှင့် တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်ခဲ့၍ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ယနေ့ (မတ်လ ၃ရက်) သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ မြိုင်၊ ပေါက်နှင့် ရေစကြိုမြို့နယ်တို့ရှိ ရေနံမှော်နှင့် ကျေးရွာ ၉ရွာအား စစ်ကောင်စီက ယမန်နေ့ည ၁နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၈ဦးသေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Facebook