Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ စစ်ရှောင်အမျိုးသမီး တစ်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင်နှင့် တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်ခဲ့၍ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ယနေ့ (မတ်လ ၃ရက်) သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင်နှင့် တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်ခဲ့၍ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ယနေ့ (မတ်လ ၃ရက်) သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် မုန်းမြို့နယ်(မူးမြို့နယ်)တွင် မတ်လ ၁ရက် ညနေပိုင်းက စစ်ကောင်စီ၏ တောင်ငူ လေတပ်မှ ဟော်ခိုဂေါ် (ငထွေစုတ်)ကျေးရွာအတွင်းသို့ လာရောက်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း စစ်ဘေးရှောင်လာရောက်နေထိုင်သည့် သေဂေလူရွာမှ အသက် ၂၅နှစ်အရွယ် အမျိုးသမီး သေဆုံးကာ အသက် ၂၇နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်ကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၂၈ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရေလည်ကျွန်း ကျေးရွာ နှင့် အိုင်ဒိုးချောင်းဘေးကျရောက်ပေါက်ကွဲပြီး သက်ကြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် နှင့် အိမ်မွေးတိရိစ္ဆာန် ထိခိုက်မှုရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် KNU သထုံခရိုင် ဘားအံမြို့နယ် မဲသနရွာနှင့် ထီးကျော်ခီးကျေးရွာအနီးကိုလည်း စစ်ကောင်စီက မတ်လ ၁ရက် နံနက်တွင် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ဟု KNUက အသိပေးသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်ပျက်စီးမှုနှင့် ဘုန်းကြီးကျောင်း ထိခိုက်မှု အချို့ရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် မဲသနကျေးရွာ စာသင်ကျောင်းဝင်းအပါအဝင် ဒေသခံပြည်သူများ၏ ရာဘာခြံများနှင့် လူနေထိုင်ရာဒေသများတွင် ကျရောက်ပေါက်ကွဲခဲ့ဟုဆိုသည်။ ထို့ကြောင့် ကျောင်းသား၊ သူများ ကျောင်းမတက်ရဲ ဖြစ်နေရပြီး ဒေသခံပြည်သူများ လုပ်ငန်းခွင်သို့မသွားရဲကြကာ အခက်အခဲများ ကြုံနေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

KNU တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင်လည်း စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း တိုက်ပွဲအချို့ရှိခဲ့ပြီး စစ်ကောင်စီက ၁၂၀ မမ လက်နက်ကြီးများ၊ ဟောင်ဝစ်ဇာလက်နက်ကြီး အသုံးပြု ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး ရေတာရှည် မြို့နယ်တွင်လည်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့၍ ဘုန်းကြီးကျောင်း ပျက်စီးကာ သံဃာ ၁ပါး ထိခိုက်ခဲ့ဟု တပ်မဟာ(၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂုတ်စတီးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သား ၆ဦးထက်မနည်းသေ၊ လက်နက် ၁၁လက်ရ

သတင်း

ဒရုန်းတိုက်ခိုက်မှုတွေကြောင့်လည်း ၂ဦးသေဆုံး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်(မူးမြို့နယ်)မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ထောင်ခဲ့တဲ့ မိုင်းနင်းမိလို့ ကလေး တစ်ဦးနဲ့ သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။