Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့နယ်ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၅ ဇန်နဝါရီ ၂၇ရက်က ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ကဖေး/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့မြောက်ဘက် (၂)မိုင်ခန့်အကွာရှိ TNLA သိမ်းပိုက်ထားသော စစ်ကောင်စီ​၏ ခြေမြန်တပ်ရင်း အမှတ်(၅၀၁၊ ၅၀၂)ကို ယနေ့ (မတ်လ ၃ရက်) နေ့လယ် ၁နာရီခန့်တွင် ပေါင်၅၀၀ ဗုံးကြဲခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” လေကြောင်းကင်းထောက်တာ နေ့တိုင်းလိုလိုမြင်နေရတယ်။ ဒီနေ့တော့ ဗုံးကြဲတော့တာပဲ။ ထိခိုက်မှုတွေကတော့ ကျနော်တို့မသိနိုင်ဘူး။ ဖုန်လိုင်းလည်းမကောင်းဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်တလောမေးမြန်းမှုအရ အဆောက်အဦးပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၂၅ ရက်နှင့် ဇန်နဝါရီ ၂၇ ရက်ကလည်း ကျောက်မဲမြို့ ပြည်သူ့ဆေးရုံ၊ မြို့တော်ခန်းမအပါအဝင် မြို့ပေါ်နေရာများကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းနှစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး၂၀ ဦးထက်မနည်းဒဏ်ရာရခဲ့သည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နှင့် မန္တလေးတိုင်းမှ မိုးကုတ်မြို့တို့ကို သိမ်းယူထားသည်။

ကျောက်မဲမြို့ကိုသိမ်းယူပြီးနောက်ပိုင်း အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုမှာ ၂၀၂၄ နိုဝင်ဘာ ၃၀ရက်က ထုံးဘိုရပ်ကွက် အင်ကြင်းတောင်ပေါ်ရှိ သီလရှင်‌ကျောင်းကို တိုက်ခိုက်မှုဖြစ်သည်။ ကျောင်းထိုင်ဆရာလေးအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်။

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှမကြာခဏ တိုက်ခိုက်နေ၍ ဒေသခံများ အင်တာနက်နှင့် ဖုန်းလိုင်းဆက်သွယ်ရေးလိုင်းအသုံးပြုမှုကို TNLAက ဇန်နဝါရီ၂၈ရက်မှစတင်၍ ပိတ်ပင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

စစ်ကောင်စီ၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် မြို့ရှိ PSLF/TNLA အရပ်ဘက်ရုံးများ လုံခြုံရာသို့ ရွှေ့ထားရဟု အသိပေး

သတင်း

စစ်ကောင်စီတိုက်​လေယာဥ်က စစ်သား​များကို မှားယွင်းဗုံးကြဲမိပြီးစက်သေနတ်ဖြင့်ပါပစ်ခတ်ဟု​ဒေသခံများ​ပြော

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သားငါးဦးထက်မနည်း သေဆုံးကြောင်း ဒေသခံနှင့် တာဝန်ရှိသူများက လူထုနွေဦးသို့ပြောသည်။