Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီက ယနေ့(မတ်လ ၄ ရက်) နေ့လည်ပိုင်းတွင် လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - The Voice Of Karenni

ရဲခေါင်း/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီက ယနေ့(မတ်လ ၄ ရက်) နေ့လည်ပိုင်းတွင် လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဒေသတွင်း စစ်ရှောင်ကူညီနေသူများ၏ ကနဦး ပြောဆိုချက်အရ ချယ်ရီကုန်းဈေးအနီး ဂျက်ဖိုက်တာဖြင့် ဗုံးလေးကြိမ်ကြဲခဲ့ခြင်းဟု ဆိုသည်။

“ပြည်သူတစ်ဦး အနည်းကျဥ်းထိခိုက်တော့ ရှိတယ်။တိုက်ပွဲဖြစ်တာမရှိပဲ အကြောင်းမဲ့ဗုံးလာကြဲတယ်”ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လေကြောင်းဖြင့်ပစ်ခတ်သည့် နေရာပတ်ဝန်းကျင်သို့ လွိုင်ကော်မြို့နယ်ရှိ စစ်ကောင်စီတပ်က မြေပြင်မှ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ဗုံးချည်းပဲကြဲတာ ၁၀လုံးလောက်ရှိတယ်။အခုတော့ ဗုံးကြဲခံရတဲ့ အနီးက စျေးဆိုင်ခန်းတွေ ပိတ်ထားကြတယ်။အကုန်လုံး က လေယာဥ်ပျံ ဘယ်ချိန်ထပ်လာမလဲ စိုးရိမ်နေကြတာ”ဟု ဒီးမော့ဆို မြို့နယ်ရှိ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝန်း အရပ်သားပစ်မှတ်များပါမချန် လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေမှုသည်ပို၍ ဆိုးရွားလာပြီး ဖေဖော်ဝါရီအတွင်း ကရင်နီပြည်နယ်၌ (၁၀)နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ (၁၇)နှစ်အရွယ် လူငယ်နှစ်ဦးနှင့် အရပ်သားပြည်သူ တစ်ဦး စုစုပေါင်း ပြည်သူ ၅ဦး သေဆုံးခဲ့ကာ ၁၁ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

လေကြောင်း၊ဒရုန်းနှင့် လက်နက်ကြီးကြောင့် မိုးဗြဲမြို့တွင် ပြည်သူများ၏နေအိမ် အလုံး ၅၀ကျော်၊စာသင်ကျောင်း လေးကျောင်းနှင့် ဘာသာရေးအဆောက်အဦး လေးခု မီးလောင်ပျက်စီးခဲ့ကာ ကရင်နီပြည်နယ်ရှိ အခြားမြို့နယ်များတွင်လည်း ပြည်သူနေအိမ် ရှစ်လုံး၊ ဆေးပေးခန်း တစ်ခန်း၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ရဟု KNDFက ယနေ့ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။