News MNDAAနှင့် စစ်ကောင်စီ တိုက်ပွဲဆက်ဖြစ် ဇန်၀နါရီ ၁၀ရက် နေ့လယ်ပိုင်းကလည်း MNDAA နှင့် စစ်ကောင်စီတပ်တို့ သိန္နှီ ဒေသ၌ တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုကို မသိရသော်လည်း MNDAA ဘက်က ထိခိုက်ကျဆုံးမှုမရှိဟု ထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 12, 2022
News စစ်ကောင်စီကို နိုင်ငံတကာတရားရုံးများ၌ တရားစွဲဆိုနိုင်ရေး SAC ကို CRPH အကူအညီတောင်း ထို့အပြင် မြန်မာပြည်သူများအား ကူညီပေးရာတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် CRPH ၊ NUG တို့ကို ကူညီအားပေးခြင်းသည် ထိရောက်သော ကူညီခြင်း ဖြစ် ကြောင်း CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က ပြောသည်။ LuduNwayOoဇန်နဝါရီ 12, 2022
News ကသာနယ် မိုးတားကြီးရွာတစ်လျှောက်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဥ်သုံးစီးသည် စုစုပေါင်း ဗုံး ၁၂ လုံးခန့်ကြဲချခဲ့ပြီး မိုးတားကြီးရွာ စျေးတန်း၊ ယင်းရွာအနီးရှိ ကချင်စုနှင့် ဗျူဟာရောင်ခြည်ဘုန်းကြီးကျောင်းအနီးမှ ဒေါ်အောင်လျှိုအပါအဝင် သုံးနေရာ ဗုံးကြဲခံခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။ LuduNwayOoဇန်နဝါရီ 12, 2022
News ကမ္ဘောဒီးယားမှာလုပ်မယ့်အာဆီယံဝန်ကြီးများတွေ့ဆုံပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးလူကိုယ်တိုင်တက်မယ်လို့ဆိုတွေ့ဆုံပွဲတက်ဖို့ကမ္ဘောဒီးယားက စစ်ကောင်စီကိုဖိတ်ကြားထား စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး အာဆီယံ ဆက်စပ်အစည်းအဝေးကိုတွေကို တက်ရောက်ခွင့်မရခဲ့တာပါ။ LuduNwayOoဇန်နဝါရီ 12, 2022
News စစ်ကောင်စီက မော်လမြိုင်တွင်လေဆိပ်နှင့်ဆိပ်ကမ်းသစ်တည်ဆောက်မည်ဟုဆို အာဏာသိမ်းစစ်ခေါင်းဆောင်က အာဏာသိမ်းပြီးစကတည်းက လျှပ်စစ်ရထားများ၊လျှပ်စစ်ကား၊မြေအောက်ရထားစီမံကိန်းများပြုလုပ်မည်ဟု လှည့်လည်ပြောဆိုခဲ့သည်။သို့သော် နိုင်ငံတစ်ဝန်းမီးများပျက်တောက်နေပြီးယခုနောက်ပိုင်း ထိုသို့ပြောကြားခြင်းနည်းလာသည်ကိုတွေ့ရသည်။ LuduNwayOoဇန်နဝါရီ 12, 2022
News မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ကိုဒေသခံPDFများခုခံတိုက်ခိုက် စစ်ကောင်စီတပ် ၇ဦးသေ အကြမ်းဖက်စစ်တပ်သည် မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်း တောင်ပိုင်း၊မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ နေရာစုံ နေရာ ( ၅ ) နေရာခန့်ခွဲ၍ စစ်ကြောင်းထိုးလျက်ရှိပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ကျေးရွာအများစုက ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဇန်နဝါရီ 12, 2022
News ရေလယ်ကျွန်းတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသခံPDFများ တိုက်ခိုက်၊စစ်ကောင် စီတပ်သေဆုံး၊ ဒဏ်ရာရမှုများရှိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြရာ အကြမ်းဖက်စစ်တပ်ဘက်မှတပ်ဖွဲ့ဝင်များအများအပြားထိခိုက်သေဆုံးနိုင်ကြောင်း PDFအဖွဲ့များက ထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 12, 2022
News မဲမသမာလုပ်ခဲ့တယ်ဆိုကာ ရွေးကော်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေ နဲ့အဖွဲ့ဝင်တွေကိုဝန်ခံထိုးခိုင်းဖို့ စစ်ကောင်စီဖိအားပေးဖို့ရှိနေ ခံဝန်ထိုးမယ်ဆိုရင် ငွေဒဏ်သာချမယ့် ရာဇသတ်ကြီးပုဒ်မ ၁၇၁ (ဆ) နဲ့ စွဲဆိုပေးဖို့စစ်ကောင်စီက စီစဉ်နေတာလို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ တစ်ဦးက People's Spring ကိုပြောပါတယ်။ LuduNwayOoဇန်နဝါရီ 12, 2022
News KNU တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ် ညအချိန် ဗုံးကြဲတိုက်ခိုက်၊ ဆေးပေးခန်း နှစ်ခုပျက်စီး ထိုသို့ အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲရာတွင် လယ်ထူဖိုး၌ နှစ်လုံ နှင့် ထွီသီးအူ၌သုံးလုံးကျခဲ့ပြီး လယ်ထူဖိုးဆေးပေးခန်း နှင့် ဝါးခါဒဲဆေးပေးခန်းများ ထိမှန်ပျက်စီးမှုရှိခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 12, 2022
News ဘုတလင်နယ်ရှိ စစ်ကောင်စီ၏ တပ်ခွဲမှူးဦးစီးသည့် ကူတော်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက် "အဲဒီစခန်းမှာက အင်အား၃၀လောက်ရှိတယ်။ ဒီမနက် အစောကြီး ဝင်တိုက်တာ။ တပ်ခွဲမှူး ဗိုလ်ကြီး တစ်ဦးနဲ့ နောက်စစ်သား ၁၀ဦးလောက်သေတယ်လို့ သိရတယ်။ အခု ရွာကိုဝင်လာပြီး စာသင်ကျောင်းမှာ တပ်စွဲပြီး ပတ်ရမ်းနေကြတယ်"ဟု ကူတော်ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoဇန်နဝါရီ 12, 2022