Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ် ညအချိန် ဗုံးကြဲတိုက်ခိုက်၊ ဆေးပေးခန်း နှစ်ခုပျက်စီး

ထိုသို့ အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲရာတွင် လယ်ထူဖိုး၌ နှစ်လုံ နှင့် ထွီသီးအူ၌သုံးလုံးကျခဲ့ပြီး လယ်ထူဖိုးဆေးပေးခန်း နှင့် ဝါးခါဒဲဆေးပေးခန်းများ ထိမှန်ပျက်စီးမှုရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေ မူတြော်(ဖာပွန်ခရိုင်) ဒွယ်လိုးမြို့နယ် အတွင်းသို့ အာဏသိမ်းစစ်ကောင်စီက ယမန်နေ့ညသန်းခေါင်းယံအချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

ယမန်နေ့ညပိုင်း(ယနေ့ ဇန်နဝါရီ ၁၂ရက်နံနက်စော ၁နာရီ ၅မိနစ်)တွင် ဒွယ်လိုးမြို့နယ်အတွင်းရှိ လယ်ထူဖိုး၊ ဝါးခါဒဲနှင့် ထွီသီးအူ အနီးအနားနေရာများသို့ အာဏာ သိမ်းစစ်ကောင်စီမှ တိုက်လေယာဉ်သုံးစင်းဖြင့် လာရောက်၍ ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲရာတွင် လယ်ထူဖိုး၌ နှစ်လုံ နှင့် ထွီသီးအူ၌သုံးလုံးကျခဲ့ပြီး လယ်ထူဖိုးဆေးပေးခန်း နှင့် ဝါးခါဒဲဆေးပေးခန်းများ ထိမှန်ပျက်စီးမှုရှိခဲ့ကြောင်း ထုတ်ပြန်သည်။

KNU တပ်မဟာ(၅)နယ်မြေတွင် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများနေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိရာ ယခုရက်ပိုင်းအတွင်း၌လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိနေ သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook