Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်အတွင်းတိုက်ပွဲနှစ်​နေရာတွင်စစ်​ကောင်စီတပ် အထိ့နာ၊ ရဟတ်ယာဥ်နှင့်စစ်​ရေယာဥ်များပါစစ်ကူသုံး​နေ

ညပိုင်းအချိန်အထိ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ကို ပူးပေါင်းအဖွဲ့ကဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲအရှိန်ပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားအင်အားခန့်မှန်း ၅၀ ခန့်သာကျန်တော့ကြောင်း DRPAက အသိပေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ​နေရာနှစ်​နေရာတွင် ယ​မန်​နေ့(နိုဝင်ဘာ ၂၁)ကတိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီး စစ်​ကောင်စီတပ်များအထိ့နာ၍ ရဟတ်ယာဥ်နှင့် ​စစ်ရေယာဥ်များပါ အသုံးပြုခဲ့​သော်လည်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ အထိ့အခိုက်မရှိခဲ့​ကြောင်း​တာဝန်ရှိသူများက​ပြောသည်။

-ယင်းယိမ်​တောတိုက်အနီးတိုက်ပွဲစစ်​​ကောင်စီတပ် ၈ဦး​သေပြီးစစ်ကူရဟတ်ယာဥ်သုံး

ယင်းယိမ်​တောတိုက်တွင်အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝိုင်းမိပြီးနောက် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သားရှစ်ဦးသေပြီး သုံးယောက် ဒဏ်ရာရရှိခဲ့သည်ဟု KANI PDF -1 က ယနေ့(နိုဝင်ဘာ ၂၂ ရက်)က ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၁ ရက် နေ့လည် ၁ နာရီခန့် ကစတင်ခဲ့ပြီး ကနီမြို့နယ် ယင်းယိမ်တောတိုက်တွင် နယ်ကျွံလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဝိုင်းမိခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီဘက်က ရဟတ်ယာဥ် အသုံးပြုလာသည့် အတွက် ဆုတ်ခွာခဲ့ရကြောင်း KANI PDF -1 ကဆိုသည်။

စစ်ကောင်စီတပ်က ညနေ ၅ နာရီခွဲဝန်းကျင်တွင် ယင်းယိမ်တော တောင်ပေါ် ကျောင်းသို့ ဦးတည်လာသဖြင့် KANI PDF -1 က စတင်ပစ်ခတ်ခဲ့ကာ စစ်ကောင်စီဘက်မှလည်း လက်နက်ငယ်၊လက်နက်ကြီးများ အသုံးပြုခဲ့သဖြင့် တိုက်ပွဲ ပြင်းထန်ခဲ့သည်။

အဆိုပါတိုက်ပွဲတွင် ပြည်သူ့တပ်ဖွဲ့ဝင်တစ်ဦးမျှ ထိခိုက်ခြင်းမရှိဘဲဆုတ်ခွာ နိုင်ခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီဘက်မှ ရှစ်ဦးသေကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

– မဲဒင်ကျေးရွာနှင့် သစ်ခက်​ကျေးရွာအနီးတိုက်ပွဲ စစ်​ကောင်တပ်အထိ့နာ၍ ​စစ်​ရေယာဥ် ၂စီးအကူ​အညီယူရ

ကနီမြို့နယ် ၊စဖိုကြီးကျေးရွာ၊ မဲဒင်ကျေးရွာနှင့် သစ်ခက်ကျေးရွာတို့အနီး၌ ယမန်နေ့ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)နှင့် ဒေသခံပြောက်ကျားရဲဘော်များပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။တိုက်ပွဲအတွင်း ဖက်ဆစ်စစ်တပ်မှ အကျအဆုံးများ၍ စစ်ကူခေါ်ခဲ့ရာ ရေယာဥ်နှစ်စင်းစစ်ကူရောက်ရှိလာကြောင်း၊ စစ်ကူရေယာဥ်များအား အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA)မှ လက်နက်ကြီးပစ်ကူအသုံးပြုတိုက်ခိုက်ခဲ့ရာရေယာဥ်တစ်စီးထိမှန်မီးလောင်ခဲ့ကြောင်း၊ အဆိုပါစစ်ကူရေယာဥ်နှစ်စင်းပြန်လည်ဆုတ်ခွာသွားပြီးနောက် ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း DRPA က သတင်းထုတ်ပြန်သည်။

“တိုက်ပွဲအခြေအနေကတော့ အခုညနေ၅နာရီလောက်ကစဖြစ်တာဗျ။ ဖက်ဆစ် စစ်တပ်ကကျေးရွာတွေကိုထိုးစစ်ဆင်လာတာ။ ဒေသခံပြောက်ကျားရဲဘော်တွေနဲ့ ကျနော်တို့ DRPA စစ်ကိုင်းတပ်ရင်းကပူးပေါင်းပြီး ခုခံကာကွယ်စစ်ဆင်နွှဲနေတာပါ။ လက်ရှိမြေပြင်အခြေအနေကတော့ စစ်​ခွေးတွေဘက်ကအကျအဆုံးများတယ်ဗျ။ အခုထိတိုက်နေတုန်းဆိုတော့အရေအတွက်တော့အတိအကျမသိရသေးဘူး။ ပြီးတော့ဒီ ကောင်တွေအကျအဆုံးများလို့စစ်ကူခေါ်တာနဲ့တူတယ်။​ ရေယာဥ်နှစ်စင်းစစ်ကူရောက်လာတယ်ဗျ။ ဒါကိုလည်း ကျနော်တို့ DRPA က လက်နက်ကြီးပစ်ကူသုံးပြီးတိုက်ခိုက်နိုင်ခဲ့တယ်။ ဒီအတွက်ရေယာဥ်တစ်စီးထိမှန်ပျက်စီးတယ်ဗျ။ အခုထိတော့ကျနော်တို့ပူးပေါင်းအဖွဲ့ဘက်က ကျဆုံးသူမရှိသေးဘူးခင်ဗျ”ဟု မြေပြင်မှ DRPA ရဲဘော်တစ်ဦးကသတင်းပေးပို့လာကြောင်း စစ်ရေးကြီးကြပ်မှုလုပ်ငန်းကော်မတီ(ဗဟို) ဒုတိယဥက္ကဌကပြောကြားသည်။

ညပိုင်းအချိန်အထိ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ကို ပူးပေါင်းအဖွဲ့ကဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲအရှိန်ပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားအင်အားခန့်မှန်း ၅၀ ခန့်သာကျန်တော့ကြောင်း DRPAက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။