သတင်း တိမ်းရှောင်နေရာမှ ရဲစခန်းတွင်ခံဝန်ထိုးနေရန်ပြန်သောအငြိမ်းစားကျောင်းဆရာကိုစစ်ကောင်စီကဖမ်းဆီးနှိပ်စက်သတ်ဖြတ် မန္တလေးတိုင်း၊တောင်သာမြို့၊ရုံးပင်ရွာမှ အသက် ၆၇ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီ ကခံဝန်ထိုးပြီးပြန်နေရန်သွားစဥ် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ခြင်းဟု ဦးသောင်းရီ၏တပည့်များက People's Spring သို့ပြောသည်။ LuduNwayOoမေ 25, 2023
သတင်း ဗန်းမောက်နယ် ကြောင်လည်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအပါအဝင် သေဆုံးမှုများဟု ဒေသခံပြော စစ်ကောင်စီတပ်သည် ဗန်းမောက်၊အင်းတော်နယ်များ၌ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး ကျေးရွာများကို မီးရှို့ခြင်း၊ဒေသခံ ပြည်သူများကိုဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်။ LuduNwayOoမေ 25, 2023
သတင်း မဲဇလီကုန်းမြို့ ရပ်ကွက်(၃)အုပ်ကြီးအသတ်ခံရမှု စစ်ကောင်စီ ချက်ချင်းလာမစစ်ဆေးရဲ သာမာန်လူသတ်မှုကိုပင် လာမစစ်ဆေးရဲဘဲ မနက်မိုးလင်းမှ လုံခြုံရေးအင်အားအများအပြားဖြင့် လာရောက်စစ်ဆေးခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံများ အကြောက်တရားကြီးစိုးနေခြင်းဟု ဒေသခံများက မှတ်ချက်ပြုသည်။ LuduNwayOoမေ 24, 2023
သတင်း ကော့ကရိတ်မြို့နယ် KNLAတပ်ရင်း (၂၀၁)နယ်မြေကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ကော့ကရိတ်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ကင်းထောက်မှုများ နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေကြောင်း ဒေသခံက ပြောသည်။ LuduNwayOoမေ 24, 2023
သတင်း မြင်းခြံအကျဥ်းထောင်မှ နိုင်ကျဥ်း ၄ ဦးကို စစ်ကောင်စီကထပ်မံခေါ်ထုတ်သွား မေလ ၂၁ ရက်နေ့ နှင့် ၂၂ ရက်နေ့များက မြင်းခြံအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၇ ဦးအား ခေါ်ထုတ်သွားပြီးနောက် ကိုဥက္ကာဆိုသူ ကျဆုံးခဲ့သည်။ LuduNwayOoမေ 24, 2023
သတင်း မိုးဗြဲမြို့ရှိ စစ်ရှောင်ပြည်သူများနေရာကို စစ်ကောင်စီလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက် ယမန်နေ့ ည ၁၀ နာရီခန့်က မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ခုတွင် စစ်ရှောင်ပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoမေ 24, 2023
သတင်း ရခိုင်မုန်တိုင်းဘေးကူညီနေသည့် စာရေးဆရာကိုဝေဟင်အောင်အပါအဝင် ကူညီရေးအဖွဲ့ဝင်အချို့ကို စစ်ကောင်စီ ဖမ်းဆီး ကိုဝေဟင်အောင် အပါအဝင် သုံးဦးသည် ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းရွာသို့ ရေလှူရန် သွားရောက်စဉ် အမြင့်ကျွန်းကျေးရွာအနီး၌ စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ဖမ်းဆီးခဲ့သည်ဟု မျက်မြင်များကို ကိုးကားပြီး Border News Agencyက ဖော်ပြထားသည်။ LuduNwayOoမေ 23, 2023
သတင်း ရေးမြို့နယ်မြောက်ပိုင်း နှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ် ၃၀ခန့်သေဟု ကျားဖြူစစ်ကြောင်းအသိပေး ဒေသခံသတင်းရင်းမြစ်ကလည်း ရေးမြောက်ပိုင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားသည်ကို အရပ်သတင်းကြားရကြောင်း People’s Spring သို့ ပြောကြားသည်။ LuduNwayOoမေ 23, 2023
သတင်း ပဒူရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀၀ကျော် မီးလောင် တိုက်ပွဲများကြောင့် ပဒူရွာအနီးရှိ ကျေးရွာ (၈)ရွာထက်မနည်း တိမ်းရှောင်နေရပြီး မတော်တဆမှုများကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ LuduNwayOoမေ 23, 2023
သတင်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝက ရုံးနှင့် စရဖ ရုံးတို့ကို မြို့ပြပြောက်ကျားအဖွဲ့က တပြိုင်နက်တိုက်ခိုက် ယနေ့တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီးတနင်္သာရီ တိုင်းစစ်ဒေသခွဲမှ စစ်ရေးတာဝန်ခံတစ်ဦးက ဖြစ်စဥ်မှန်ကန်ပြီး သတင်းအသေးစိတ် မရရှိသေးကြောင်း People's Spring သို့အတည်ပြုထားသည်။ LuduNwayOoမေ 23, 2023