Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်နယ် နောင်ကုန်းရွာ အရပ်သားနှစ်ဦးသေဆုံးခဲ့သည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်

နောင်လည်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြောင်လည်ရွာရှိ လူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - Banmauk Revolution - BR)
(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြောင်လည်ရွာရှိ လူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - Banmauk Revolution - BR)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ရှိ နောင်ကုန်းကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး သေဆုံးခဲ့ရာ လေကြောင်း တိုက်ခိုက်ခံရမှု မှတ်တမ်းဓာတ်ပုံများကို Banmauk Revolution က ယနေ့ ထုတ်ပြန်ခဲ့သည်။

ဗန်းမောက်မြို့နယ် ကြောင်လည်ရွာ၌ မေလ ၂၀ရက်မှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့ပြီး လေကြောင်း ပစ်ကူပေးခဲ့သည့်အပြင် မေလ ၂၅ရက်ညပိုင်းတွင် ကြောင်လည်ရွာနှင့် နောင်ကန်ရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြောင်လည်ရွာရှိ လူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - Banmauk Revolution - BR)
(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြောင်လည်ရွာရှိ လူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – Banmauk Revolution – BR)

နောင်လည်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် နေအိမ် ၆လုံး ပျက်စီးပြီး အသက်(၆၆)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း Banmauk Revolutionက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ယနေ့တွင် မှတ်တမ်းဓာတ်ပုံများ ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဗန်းမောက်နှင့်ဆက်စပ်နေသည့် အင်းတော်မြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၍ ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အဦးပျက်စီးမှုရှိခဲ့ပြီး အသက်(၉၃)နှစ်အရွယ် အဘွားအိုတစ်ဦး ထိတ်လန့်ကာ အသက်ဆုံးရှုံးခဲ့ရသည်ဟု အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

“သူတို့ စစ်ကောင်စီဘက်က အထိနာနေတော့ဆက်ပြီး လေကြောင်းတွေလည်း သုံးလာနိုင်တယ်။အဓိကတော့ အင်းတော် ဗန်းမောက်ဘက်မှာပေါ့။ အင်းတော်နဲ့ ဗန်းမောက်ဘက်မှာ အခုနောက်ပိုင်း သူတို့အဖိခံနေရတာ။ သူတို့ဘက်က ခံနေရတော့ လေကြောင်းတွေထပ်ပြီး သုံးလာနိုင်တော့ ပြည်သူတွေ စစ်နဲ့ရှောင်နိုင်သမျှ ရှောင်နိုင်အောင် သတိပေးချင်တယ်ဟု အင်းတော် PDF ရဲဘော်က ယမန်နေ့တွင် People’s Spring သို့ ပြောကြားထားသည်။

ဗန်းမောက်နယ် ကြောင်လည်ရွာအနီးတွင် မေလ ၂၀ရက်စ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် စစ်ကောင်စီတပ်တို့ ၅ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရာရှိ အပါအဝင် သေဆုံးသူ ၃၀ဦးထက်မနည်းရှိနိုင်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။