သတင်း မြိုင်နယ် သရက်ခွပျူရွာရှိ စစ်ကောင်စီတပ်ကင်းစခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက် မြိုင်(ပကဖ)အဖွဲ့နှင့် မဟာမိတ်များသည် မေလ ၁၁ရက် နံနက်ပိုင်းကလည်း သရက်ကန်ပျူစခန်းမှ ပခုက္ကူမြို့သို့ ရိက္ခာယူရန်ထွက်လာသော ပျူစောထီးများ၏ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ LuduNwayOoမေ 18, 2023
သတင်း ဒီးမော့ဆိုအရှေ့ခြမ်း လေးရက်မြောက်တိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲတိုက်ခိုက် မေလ ၁၅ ရက်ကစတင်ခဲ့သည့် ဒီးမော့ဆိုအရှေ့ခြမ်းရှိ တိုက်ပွဲမှာ ယနေ့ (မေလ ၁၈ ရက်)အထိ ထိတွေ့တိုက်ပွဲ ၁၀ကြိမ်ထက်မနည်းရှိသည်ဟု ဆိုသည်။ LuduNwayOoမေ 18, 2023
သတင်း မန္တလေး က ပုဂ္ဂလိက ဆေးရုံ ၃ ရုံကို စစ်ကောင်စီလိုင်စင်ပိတ်သိမ်း လိုင်စင်ပိတ်သိမ်းခံရတဲ့ ပုဂ္ဂလိက ဆေးရုံတွေဟာ မြို့တော်ဆေးရုံ ၊နန်းတော်ဆေးရုံနဲ့ ကံ့ကော်ဆေးရုံ တို့ပဲဖြစ်ပါတယ်။ LuduNwayOoမေ 18, 2023
သတင်း မြဝတီတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက် မြ၀တီ လက်ခတ်တောင်၊ ကျောက်မိုင်းဒေသတို့၌ မေလ ၁၁ရက်မှ တိုက်ပွဲစတင်ခဲ့ပြီး မေလ ၁၇ရက် တိုက်ပွဲတွင် လေကြောင်းပစ်ကူ သုံးကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoမေ 18, 2023
သတင်း ဒီးမော့ဆိုနယ် သေးဆူလဲရွာတပ်စွဲထားသော စစ်ကောင်စီတပ်အား KNDF တိုက်ခိုက် ဒီးမော့ဆို၏ မြောက်ဘက်ခြမ်းတွင်ရှိသော သေးဆူလဲကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည်တပ်စွဲထားခြင်း ဖြစ်သည်။ LuduNwayOoမေ 17, 2023
သတင်း ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကျဲ စစ်ကောင်စီက Yak130နှစ်စီးဖြင့် ဗုံးလာကြဲခြင်းဖြစ်ပြီး ပြည်သူအများအပြားထိခိုက်နိုင်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။ LuduNwayOoမေ 17, 2023
သတင်း ဘောလခဲမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ (၁၇)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရ ယခုလ ၁ ရက်က ဘောလခဲမြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော နေရာလေးခုကို ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း တိုက်ခိုက်ခဲ့ရာ လက်နက်နှစ်လက်ရရှိပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်။ LuduNwayOoမေ 17, 2023
သတင်း ကန့်ဘလူနယ်တွင် မုန်တိုင်းအပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ ထိုသို့ စစ်ကြောင်းထိုးမှုကြောင့် ထန်းကုန်းတိုက်နယ်ရှိ ကျေးရွာ (၁၉) ရွာမှ ဒေသခံပြည်သူပေါင်း သုံးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း ဒေသတွင်း သတင်းအချက်အလက်များ ဖော်ပြပေးနေသော Infinity Group က အသိပေးသည်။ LuduNwayOoမေ 17, 2023
သတင်း ညောင်ပင်သာရွာ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သည့် စစ်ကောင်စီက PDF အယောင်ဆောင် ပြီး ဒေသခံများကို ခေါ်ယူသတ်ဖြတ်ခဲ့ဟု မိသားစုဝင် ပြော စစ်ကောင်စီက ယခုကဲ့သို့ ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် အရေးယူပေးရန် နိုင်ငံတကာကို တောင်းဆိုလိုကြောင်း၊ အကြိမ် ကြိမ်တောင်းဆိုခဲ့သော်လည်း မရခဲ့ကြောင်း၊ သို့ရာတွင် ထပ်မံတောင်းဆိုလိုကြောင်း ဒေသခံက ပြောသည်။ LuduNwayOoမေ 17, 2023
သတင်း ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့ သုံးရက်ဆက် တိုက်ပွဲဖြစ် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယခုအခါ တိုက်ပွဲဖြစ်ခဲ့သည့် ကျေးရွာများဘက်မှ ဆုတ်ခွာသွားပြီဖြစ်ပြီး အခြေအနေ တည်ငြိမ်နေကြောင်းသတင်းရရှိသည်။ LuduNwayOoမေ 17, 2023