Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်အား စနိုက်ပါဖြင့် ပစ်ခတ်

တပ်မဟာ(၃)နယ်မြေတွင် ဧပြီ ၂၂ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်ကို အသိပေးခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းဓာတ်ပုံများကိုလည်း ဖော်ပြခဲ့သည်။

(စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရရှိသော လက်နက်များအား ပြသထားစဉ်။ ဓာတ်ပုံ - Royal Peacock Column)
(စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရရှိသော လက်နက်များအား ပြသထားစဉ်။ ဓာတ်ပုံ - Royal Peacock Column)

▪️စစ်ကောင်စီတပ် သုံးဦးထိ၊ လက်နက် ၃လက် ရဟု အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)နယ်မြေတွင် စစ်ကောင်စီတပ်ကို စနိုက်ပါဖြင့် ပစ်ခတ်ရာ သုံးဦးထိမှန်ပြီး လက်နက် သုံးလက်နှင့် ခဲယမ်းများရရှိကြောင်း Royal Peacock Columnက ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

တပ်မဟာ(၃)နယ်မြေတွင် ဧပြီ ၂၂ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်ကို အသိပေးခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းဓာတ်ပုံများကိုလည်း ဖော်ပြခဲ့သည်။

KNU တပ်မဟာ(၃) စစ်ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်၏ စစ်ကူများထိုးဖောက်ဝင်ရောက်လာ၍ ကြားဖြတ်တိုက်ခိုက်ရန် သွားရောက် စောင့်ဆိုင်းစဉ် အရပ်သားသုံး ယာဉ်ကို အသုံးပြု ၍ ဒဏ်ရာရသူများ သယ်ဆောင်နေစဉ် စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

အဆိုပါဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က သုံးဦး ထိမှန်ပြီး တစ်ဦးထွက်ပြေးသွားကြောင်း၊ ကားပေါ်ပါ Ma-3 နှစ်လက်၊ MA4 တစ်လက် ၊ လက်ပစ်ဗုံး၊ အီနာဂါဗုံးသီး၊ နင်းမိုင်းနှင့် ကျည်ဘောက်၊ ကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ထွက်ပြေးသွားသူနောက်သို့လိုက်လံရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသော်လည်း အသေးစိတ်အခြေအနေ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ဧပြီ ၂၂ရက်က KNLAနှင့် Royal Peacock Column ပူးပေါင်းစစ်ကြောင်းသည် KNU တပ်မဟာ(၃)နယ်မြေ မူး(မုန်း)မြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးဆောင်စခန်း၊ လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်း ကျွန်းကုန်းစခန်း တို့ကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ စခန်း ၄ခုကို တိုက်ခိုက်ရာ စခန်း ၂ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲဖြစ်စဉ်အတွင်း ရန်သူ့ဘက်က တပ်ရင်းမှူး အပါအဝင် ၇ဦးသေဆုံးကာ လက်နက်မျိုးစုံ ၇လက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဧပြီ ၂၃ရက်တွင် Royal Peacock Columnက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook