Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုအရှေ့ခြမ်း၌ ငါးရက်မြောက်တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လေကြောင်းမှပစ်ခတ်တိုက်ခိုက်

နှစ်လကျော်ကြာမြင့်ခဲ့သည့် ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲများတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ် မှာ ယခုလဆန်းပိုင်းက အင်အားဖြည့်တင်းကာ နောက်တစ်ကြိမ် ထိုးစစ်ဆင်းရန် ကြိုးစားနေခြင်းဖြစ်သည်။

(ဒီးမော့ဆို အရှေ့ဘက်ခြမ်းနယ်မြေတွင် တိုက်ပွဲဝင်နေသည့် KNDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ဒီးမော့ဆို အရှေ့ဘက်ခြမ်းနယ်မြေတွင် တိုက်ပွဲဝင်နေသည့် KNDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတိုက်ပွဲ ငါးရက်မြောက်ရှိလာပြီး စစ်ကောင်စီက နေ့စဥ်လေကြောင်းပစ်ကူအသုံးပြု တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် လက်ရှိစစ်ကောင်စီ၏ ထိုးစစ်ကို တပ်မ (၆၆)တပ်မမှူး ဦးစီး၍ အမှတ် (၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၂) အပါအဝင် တပ်ရင်း သုံးရင်းပူးပေါင်းကာ ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။

“သူတို့ဘက်က အင်အား ၃၀၀ထက်မနည်းသုံးပြီး ထိုးလာတာကို ကရင်နီတပ်ပေါင်းစု အနေနဲ့ ခုခံနေတယ်။တပ်မ(၆၆)အပြင် အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂) လက်အောက်ခံ တပ်ရင်းတွေပါ ပါတယ်။လက်ရှိ မြေပြင်အခြေအနေကို ပြောပါဆိုရင် လေးရက်ဆက် တိုက်ပွဲ သူတင်ကိုယ်တင် ဖြစ်နေတယ်။ပြင်းထန်နေတယ် ။စစ်ကောင်စီက နေ့တိုင်း လေယာဥ်သုံးနေတယ်” ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် မေလ ၁၅ ရက်ကစ၍ ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ တနီးလာလဲ၊ဒေါတမူ ကျေးရွာအနီးတစ်ဝိုက်တိုက်ပွဲမှာ ယနေ့အထိ ပြင်းထန်စွာဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ငါးရက်ဆက်တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက် မှုရှိသော်လည်း စစ်ရေးအခြေအနေအရအတည် ပြုမရသေးပေ။

ယမန်နေ့ နံနက်အစောပိုင်းကလည်း စစ်ကောင်စီက ဒီးမော့ဆိုအရှေ့ခြမ်းရှိ ဒေါလျားခူကျေးရွာနှင့် ဖဲလျားကျေးရွာကို ဂျက်လေယာဥ်နှစ်စီးဖြင့် ပစ်ခတ်ခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ် ၅လုံးပျက်စီးခဲ့ရသည်။

Public Service Announcement
Public Service Announcement

“ဒေါလျားခူ ကျေးရွာအနီး တောင်ပေါ် မှာ တပ်စွဲထားတပ် စကစဘက်က ကျေးရွာထဲကို ဝင်တိုးဖို့ လုပ်နေတာကို ကရင်နီပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေတယ်။အထိအခိုက်ကတော့ နှစ်ဖက်စလုံးရှိတယ်။နောက်ပြီး လက်ရှိမြေပြင်ရလဒ်ကလည်း သက်ဆိုင်ရာ တပ်ရင်းတွေ ထုတ်ပြန်ပါလိမ့်မယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

နှစ်လကျော်ကြာမြင့်ခဲ့သည့် ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲများတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ် မှာ ယခုလဆန်းပိုင်းက အင်အားဖြည့်တင်းကာ နောက်တစ်ကြိမ် ထိုးစစ်ဆင်းရန် ကြိုးစားနေခြင်းဖြစ်သည်။

ထို့ကြောင့် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့အရှေ့ဖက်ခြမ်းရှိ ဒေါစဲရွာ ၊ ဒေါတငူးရွာနှင့် တနီးလာလဲ ကျေးရွာများအတွင်းနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီ၏ စစ်ကြောင်းများ တပ်စွဲ၍ လှုပ်ရှားနေကြောင်း KNDF က အသိပေးထားသည်။

နယ်မြေခံ တပ်မ(၅၅)အပါ တပ်မ(၆၆) ၊ တပ်မ (၂၂) ၊တပ်မ (၉၉)အစရှိသည့် တပ်မလေးခုအပြင် အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂) လက်အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ကရင်နီပြည်နယ်သို့ ဖေဖော်ဝါရီလအကုန် မတ်လဆန်းကစ၍ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့သည်။

တိုက်ပွဲများအတွင်း မတ်လဆန်းပိုင်းကစ၍ ဧပြီကုန်အထိ စစ်ကောင်စီတပ်သား ၃၅၀ ကျော်သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ကျော်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

ထို့နောက်စစ်ကောင်စီက ၎င်းတို့ ထိုးစစ်ဆင်ခဲ့သည့် နယ်မြေအသီးသီးမှ ဧပြီကုန်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့သည်။သို့သော် ယခုလ အစတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီးနောက် ယခင် ထိုးစစ်ဆင်ခဲ့သည့်နေရာများသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။