Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင် လူငယ်နှစ်ဦး ဆိုင်ကယ်နှစ်ယောက်စီးလာသည်ဆိုကာ စစ်ကောင်စီ ကားဖြင့်တိုက် ပစ်ခတ်ဖမ်းဆီး၊ တစ်ဦးကျည်ထိမှန် ဖမ်းဆီးခံရ

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း မုံရွာမြို့ပေါ်၌ အိမ်စီးကားတစ်စီးမောင်းနှင်လာစဥ် ကားမှန်မချ၍ဟုဆိုကာ သေနတ်ဖြင့်ပစ်ခတ်ကာ ယာဥ်မောင်းအား ရိုက်နှက်ဖမ်းဆီးခဲ့သေးသည်။

(၂၀၂၁ စစ်တပ်အာဏာသိမ်းကာလအစက မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက ဆန္ဒပြပြည်သူများအား ဖမ်းဆီးရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် လူငယ်နှစ်ဦး ဆိုင်ကယ်နှစ်ယောက်စီးလာသည်ဟုဆိုကာ စစ်ကောင်စီက ကားဖြင့်တိုက် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးကျည်ထိမှန်ဖမ်းဆီးခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မေလ ၁၉ ရက်) နံနက်ပိုင်းက မုံရွာမြို့၊ ဘုန်းစိုးလမ်းတွင် လူငယ်နှစ်ဦး ဆိုင်ကယ်တစ်စီးတည်းနှစ်ယောက်စီးနင်းလာသည်ဟုဆိုကာ စစ်ကောင်စီတပ်က ကားဖြင့်လိုက်တိုက်၍ သေနတ်ဖြင့် လေးချက်ထက်မနည်းပစ်ခတ်ခဲ့ကြောင်း၊ လူငယ်တစ်ဦးလွတ်မြောက်သွားသော်လည်း ကျန်တစ်ဦးမှာ ကျည်ထိမှန်ပြီး ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

“နှစ်ယောက်ပိုးစီးလို့ တိုက်ဖမ်းတာ။ ပြေးလို့ လိုက်ပစ်တာ။ တစ်ယောက်လွတ်တယ်။ တစ်ယောက်ခြေထောက်ထိတာ ခေါ်သွားတယ် လူနာတင်ကားနဲ့။ ဆိုင်ကယ်လည်းတင်သွားတယ်”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း မုံရွာမြို့ပေါ်၌ အိမ်စီးကားတစ်စီးမောင်းနှင်လာစဥ် ကားမှန်မချ၍ဟုဆိုကာ သေနတ်ဖြင့်ပစ်ခတ်ကာ ယာဥ်မောင်းအား ရိုက်နှက်ဖမ်းဆီးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့ပေါ်၌ စစ်ကောင်စီစခန်းချရာနေရာများအား မြို့ပြပြောက်ကျားအဖွဲ့များက မကြာခဏလာရောက် ပစ်ခတ်တိုက်ခိုက်နေ၍ စစ်အုပ်စုဂိတ်များက အိမ်စီးကားများအား သေနတ်ဖြင့်ပစ်ခတ်ရန် အရန်သင့်ချိန်ရွယ်ထားလေ့ရှိကြောင်း မြို့ခံများက ပြောသည်။

၂၀၂၁ ဧပြီ ၁၅ရက်ကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး မုံရွာမြို့ပင်မသပိတ်ဦးဆောင်သူ ကိုဝေမိုးနိုင် ဆိုင်ကယ်စီးလာစဉ် စစ်ကောင်စီ၏ လက်နက်ကိုင်များက ကားဖြင့်ဝင်တိုက်ပြီး အကြမ်းဖက်ဖမ်းဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။