သတင်း ရေဦး-ဒီပဲယင်းလမ်းပိုင်းတွင်စစ်ကောင်စီတပ်ကိုPDFများတိုက်ခိုက် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ည ၁၀ နာရီခန့်တွင် ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာအတွင်း ဝင်ရောက်သွားပြီး ယနေ့(ဇန်နဝါရီ ၂၅ရက်)နံနက်ပိုင်းအထိ ညောင်လှကျေးရွာအတွင်း ရှိနေသေးကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။ LuduNwayOoဇန်နဝါရီ 25, 2023
သတင်း ငါန်းဇွန်တွင် စစ်ကောင်စီထောက်ပို့ယာဥ်အား ပဒေသာမိုင်းဖြင့် တိုက်ခိုက် ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်)က ငါန်းဇွန်မြို့နယ်၊ မြို့သာမှ ထောက်ပို့ထွက်လာသော စစ်ကောင်စီတပ်နှင့်ရဲများ၏ ဆိုင်ကယ် နှစ်စီး နှင့် ကားတစ်စီးအနက် ဆိုင်ကယ်ကို လွှတ်ပေးပြီး ကားကို အဓိကထား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 25, 2023
သတင်း ချင်းဒေသသို့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်မည်ဟု CNO ထုတ်ပြန် စစ်ကောင်စီတပ်သည် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်နှင့် မင်းတပ်မြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်(CDF) တပ်စခန်းနေရာ၊ ပြည်သူလူထုနေထိုင်ရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 25, 2023
သတင်း ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း - ၁၅ တပ်ခွဲ (၁) Eagle Guerrilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoဇန်နဝါရီ 25, 2023
သတင်း မတ္တရာနယ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် စာရင်းကောက်နေသောအဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက် ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏ ထိခိုက် မှုအခြေအနေကိုမသိရသေးဘဲ မဟာမိတ်အဖွဲ့များဘက်ကမူ အထိအခိုက်မရှိဟုဆိုသည်။ LuduNwayOoဇန်နဝါရီ 25, 2023
သတင်း ဝက်လက်နယ်တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ် ယမန်နေ့(ဇန်နဝါရီလ၂၃ရက်) နံနက် ၇နာရီခန့်က ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှ ထွက်ခွာလာသော ခမရ(၁၁)မှ စစ်ကောင်စီတပ့်နှင့် ပျူစောထီး စုစုပေါင်း ၆၅ဦးခန့်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇန်နဝါရီ 24, 2023
သတင်း SSPP ဌာနချုပ်ပေါ်သို့ စစ်ကောင်စီ အကြောင်းမကြားဘဲ တိုက်လေယာဉ်နှစ်ပတ်ဝဲပြီး အနိမ့်ပျံသန်း ဇန်နဝါရီ ၂၄ရက် နံနက် ၁၁နာရီ ၅၀မိနစ်တွင် အာဏာသိမ်းစစ်တပ်မှ YAK-130 အမျိုးစား ဂျက်တိုက်လေယာဉ် အနိမ့်ရှပ်ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 24, 2023
သတင်း ထောက်ပို့ယာဥ်တန်း၏ ရှေ့ပြေးစစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားသေဟု မြိုင်(ပကဖ)ခေါင်းဆောင်ပြော အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ-၁ ၊ တပ်ခွဲ -၄( စက်ြာ) ၊ မုန်တိုင်းတပ်ဖွဲ့ နှင့် MUGDFတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 24, 2023
သတင်း ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စစ်ကောင်စီခေါင်းဆောင် ပြော ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အကြားအလပ်မရှိ ကျင်းပမယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က မနေ့က ပြုလုပ်တဲ့အစည်းအဝေးမှာ ကြွေးကြော်ပါသေးတယ်။ LuduNwayOoဇန်နဝါရီ 24, 2023
သတင်း မြိုင်မြို့နယ် ကိုင်းတောမရွာတိုက်ပွဲ စစ်ကောင်စီတပ် ရှစ်ဦးသေဆုံးဟုဆို ဇန်နဝါရီ ၁၉ ရက်က မြိုင်မြို့နယ်၊ ကိုင်းတောမရှိ စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ LuduNwayOoဇန်နဝါရီ 24, 2023