သတင်း ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးအပေါ် ချမှတ်ထားသည့်သေဒဏ်ပြစ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီထုတ်ပြန် အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းသည် တရားမဝင်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ဥပဒေမဲ့စွာဖြင့် တရားစီရင်ရေးကို စိတ်ထင်ရာ တစ်ဖက်သတ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ဇွန်လ ၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ LuduNwayOoဇူလိုင် 25, 2022
သတင်း အမြန်လမ်းအနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောင်ငူခရိုင် PDF တိုက်ခိုက်၊ စစ်သားငါးဦးသေပြီးလေးဦးဒဏ်ရာရဟုထုတ်ပြန် ထိုနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ပြီး ကနဦးသတင်းအရ ရန်သူဘက်မှ ငါးဦးခန့်သေဆုံးကာ လေးဦးခန့် ဒဏ်ရာရရှိကြောင်း ပါရှိသည်။ စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရမှုများနှင့်ပတ်သပ်၍ People's Spring ကသီးခြားအတည်မပြုနိုင်ပါ။ LuduNwayOoဇူလိုင် 25, 2022
သတင်း စစ်ကောင်စီတပ်အထိနာခဲ့သောကင်မွန်းခြံရွာတိုက်ပွဲတွင် အိမ်နှင့်အတူမီးရှို့ထားခဲ့သောစစ်သားအလောင်း ၂၀ခန့်တွေ့ "တစ်အိမ်တည်းမှာ ၁၂လောင်းတောင်တွေ့တာ။ မီးရှိူ့ထားတာ အရိုးတွေကျန်ခဲ့တယ်။ နောက်တစ်အိမ်စီပေါ်မှာ တစ်လောင်းစီနဲ့ အလောင်း၂၀လောက်တွေ့တယ်" ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 25, 2022
သတင်း မြောက်ဒဂုံမြို့နယ် (၃၀)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ် ပစ်ခတ်စီးနင်းမှုလုပ်၊ ဖမ်းဆီးခံရသူအချို့ရှိဟုဆို စစ်ကောင်စီတပ်မှ ယာဥ်များသည် ယနေ့ညနေ ၆ နာရီခန့်တွင် မြသီရိ (၁)လမ်းမှ ပြန်ထွက်သွားပြီး ကင်းပုန်းအချို့ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း မြောင်နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် မပေါက်သေးသော လက်နက်ကြီးကျည် ယူဆော့ကစားရာ ပေါက်ကွဲမှုဖြစ်၍ စစ်ဘေးရှောင်ကလေးငယ် တစ်ဦးသေဆုံး၊ ဖခင်ဖြစ်သူလည်း ဒဏ်ရာရ ပေါက်ကွဲမှုကြောင့် အသက် (၃)နှစ်အရွယ်ကလေး သေဆုံးပြီး ဖခင်ဖြစ်သူသည် ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ အဆိုပါသားအဖသည် ချောင်းဦးမြို့နယ်ဇာတိဖြစ်ပြီး မြောင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေခြင်းဟု ဒေသခံအချိုု့က ပြောသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း အင်းတော်တွင် စစ်ကောင်စီတပ်လှည့်ကင်းနှင့် ခြေကျင်စစ်ကြောင်းကို တစ်ချိန်ထဲတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ခြောက်ဦးသေ "ဖိုးဝီးနဲ့ ကင်းပတ်လာတဲ့ စစ်ကြောင်းရယ် အဲဒီနားမှာပဲ အင်အား ၇၀ ကျော်နဲ့ ခြေကျင်လာတဲ့ စစ်ကြောင်းရယ်ကို ကျွန်တော်တို့ တစ်ချိန်ထဲမှာ တိုက်ခိုက်တာ။ နေရာကတော့ အဲဒီ အင်းတော် - ဗန်းမောက်လမ်းမှာပဲ။ ပွဲက နှစ်ပွဲပေါ့"ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ခင်ဦးမြို့နယ်တွင် မိုင်းလာရှင်းသည့်စစ်ကောင်စီတပ် မိုင်းနင်းမိပြီး ခြောက်ဦး သေဟုဆို အခင်းဖြစ်နေရာသည် ရေဦး - ခင်ဦး လမ်းပိုင်းပေါ်တွင်ရှိပြီး နင်းမိုင်း၊တိုက်မိုင်းများမိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းများအား ချောင်းတံတားမှ စစ်ကောင်စိတပ်သား ၃၀ခန့်က လာရောက် ကောက်ယူသွားခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် KSO အဖွဲ့က ပြောသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း စစ်ကောင်စီ၏ ကားအစီးရေ ၁၀၀ကျော်ပါစစ်ယာဥ်တန်း ကျောက်ထုမှ ပခုက္ကူဘက်သို့ ပြန်သွား ချင်းပြည်နယ် မင်းတပ်မြို့သို့ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ပြီး ပြန်လာသည့် စစ်ယာဉ်တန်းသည် ကျောက်ထု၌ ညအိပ်ရပ်နားပြီးနောက် ယနေ့(ဇူလိုင် ၂၄ရက်) နံနက် ၁၁နာရီခန့်တွင် ကျောက်ထုမှ ပခုက္ကူမြို့ ဘက်သို့ပြန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ထားဝယ်မြို့မရဲစခန်းမှူးကို စစ်ကောင်စီကဖမ်းဆီးစစ်ဆေး ဒုရဲမှူးစိုးနိုင်သည် ယခင်က မောင်းမကန်နယ်မြေရဲစခန်းမှ ထားဝယ်မြို့မရဲစခန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြောင်းရွှေ့လာသူတစ်ဦးဖြစ်သည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ဆော-ဆိပ်ဖြူလမ်းပိုင်းတွင်စစ်ကောင်စီတပ်အထိနာပြီး၊ ကင်းစခန်းကိုကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ပြန်လည်တိုက်ခိုက်ရယူ ဒေသတွင်း PDFများအနေဖြင့် တိုက်ပွဲကာလ ရက်ရှည်စွာ တိုက်ခိုက်ခဲ့ရခြင်းကြောင့် လက်နက်ခဲယမ်း အမြောက်အများ သုံးစွဲခဲ့ရပီး ပြန်လည်ထုတ်လုပ် တပ်ဆင်နိုင်ရေး ကူညီလှူဒါန်းပေးကြရန်လည်းဆော PDFက ပြည်သူများသို့အကူအညီတောင်းခံထားသည်။ LuduNwayOoဇူလိုင် 24, 2022