သတင်း တာမွေတွင် စစ်ကောင်စီယာဥ် ဖောက်ခွဲတိုက်ခိုက်ရန်စီစဉ်ထားသောဗုံးကို ပြည်သူများ ဝိုင်းဝန်းကြည့်ရှု့၍ ထိခိုက်မှုမရှိစေရန် မစ်ရှင်ဖျက်ခဲ့ရဟု UG အဖွဲ့ပြော ဇူလိုင် ၁၂ ရက် နေ့လည် ၁၁နာရီခွဲခန့်တွင် တာမွေမြို့နယ် အောင်မင်္ဂလာလမ်းထိပ်၌ စစ်ကောင်စီကားများကို ဖောက်ခွဲရန် Urban Revolutionary Front (URF) အဖွဲ့နှင့်ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 12, 2022
သတင်း စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန် စစ်ရေးကို အရှိန်အဟုန်နှင့် လုပ်ဆောင်ရမည်ဟု NUG ဝန်ကြီးချုပ်ပြော အကြမ်းဖက် စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန်ဆိုသည်မှာ စစ်ရေးကိုအရှိန်အဟုန်နှင့် ဖိဖိစီးစီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။ LuduNwayOoဇူလိုင် 12, 2022
သတင်း ရိက္ခာသယ် စစ်ကောင်စီတပ်ဖွဲ့ ကား ၂စီးကို တိုက်ခိုက် ၃ဦးသေဟု ဒီးမော့ဆို PDF အသိပေး ရဲစခန်းအတွင်းရှိစစ်ကောင်စီတပ်ကလည်းလက်နက်ကြီး၊လက်နက်ငယ်ဖြင့်ပစ်ကူပေးခဲ့ပြီးရဟတ်ယာဉ်၁စီးဖြင့်လည်း ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 12, 2022
သတင်း ဘုတလင်တွင် PDFစခန်းတစ်ခုအား လာရောက်ဖျက်ဆီးသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ နှစ်ဦးထက်မနည်းသေဟုဆို ဘုတလင်မြို့တွင် အကြမ်းဖက်စစ်တပ်သည် ကျေးရွာများအား လိုက်လံဖျက်ဆီးမှုများပြုလုပ်နေပြီး ကနီနီနယ်နှင့် ဆက်နေသည့် ကျေးရွာများအား အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။ LuduNwayOoဇူလိုင် 12, 2022
သတင်း ဆိပ်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်(၉)ဖွဲ့ပူးပေါင်းတိုက်ခိုက် တိုက်ပွဲတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား စုစုပေါင်း ၉ဦးခန့်သေဆုံးနိုင်ကာ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု CAF -SPUPDF က ဆိုသည်။ LuduNwayOoဇူလိုင် 12, 2022
သတင်း စစ်ကောင်စီတပ်သားတစ်ဦးလက်နက်ခဲယမ်းအပြည့်အစုံဖြင့်CDF မင်းတပ်ထံလာရောက်၍CDMပြုလုပ် "မနေ့က အလင်းဝင်တယ်။ သေနတ်ရော ကျည်ဆန်တွေရောပါတယ်။ဒီနေ့ လွတ်မြောက်နယ်မြေ အရောက်ပို့လိုက်ပြီ"ဟု CDF-Mindat တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့(ဇူလိုင် ၁၁ရက်)ပြောသည်။ LuduNwayOoဇူလိုင် 12, 2022
သတင်း ရေစကြိုနယ် ကံသစ်ရွာသား ၁၉ဦးကို စစ်ကောင်စီတပ် နှင့်ပျူများဖမ်းဆီးသွားကြောင်းဒေသခံပြော ဇူလိုင် ၉ရက်တွင် စစ်ကောင်စီတပ်က ရွာသား ၁၆ဦးကို ဖမ်းသွားပြီး ယမန်နေ့ ဇူလိုင် ၁၀ရက်ညပိုင်း၌ နောက်ထပ်ရွာသား ၃ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း မတူပီနယ်တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်က၄ဦး ထပ်သေ ဇူလိုင် ၆ရက်တွင်တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ဒဏ်ရာရယူများ ရှိခဲ့ကြောင်း၊ ဇူလိုင် ၇ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၆ဦး ထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ကျောက်ကြီးမြို့နယ်တွင်စစ်ကောင်စီတပ်နှင့်KNLAပူးပေါင်းတပ်များ တိုက်ပွဲဖြစ်၊ တပ်ရင်းမှူးအပါအဝင် စစ်သား ၁၀ဦးသေ ဇူလိုင် ၅ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်မှ ကျောက်ကြီးမြို့ပေါ်တွင် လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် သိမ်တန်းရပ်ကွက်၊ ဗောဓိကုန်းရှိ ပြည်သူပိုင်နေအိမ်လေးလုံး လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့သည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း ပုလဲမြို့ရှိ စစ်ကောင်စီ စုပေါင်းရုံးအား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် "စစ်ကောင်စီရှာနေတဲ့ တပ်ပေါင်းစုဆိုတာ ကျေးရွာတွေမှာ ရှိတာမဟုတ်ဘူး။ မြို့ပေါ်မှာ ခင်ဗျားတို့ အနီးနားမှာရှိတယ်ဆိုတာ သိစေလိုပါတယ်။"ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ LuduNwayOoဇူလိုင် 11, 2022