သတင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ ယခုရက်ပိုင်း စစ်ကောင်စီသည် ရဟတ်ယာဉ်အများအပြားအသုံးပြုကာ လေကြောင်းဖြင့်တိုက်ခိုက်ပြီး ရေဦး၊ ဒီပဲယင်းမြို့နယ်များသို့ ထိုးစစ်ဆင်နေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နိုင်ကြရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးက အသိပေးထားသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း KNUနှင့် PDF ပူးပေါင်းတပ်၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်းမှ ကားလေးစီးထိခိုက် အဆိုပါ တိုက်ခိုက်မှုကို KNLAတပ်မဟာ(၁) တပ်ရင်း (၂)၊ PDFတပ်ရင်း(၂)နှင့် သထုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအင်အားစု(TPDF)ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ချင်း – မကွေးနယ်စပ် မင်းတပ်နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ရမ်းပစ်၊ မင်းတပ်ကိုဦးတည်ပြီး စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားနေ ထို့ပြင် မကွေးတိုင်း ထီးလင်းမြို့မှ ထွက်လာသည့် အင်အား ၉၀ခန့်ရှိ စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ထီးလင်းမြို့နယ် အောင်းရွာအနီး ရောက်ရှိနေပြီး မင်းတပ်မြို့နယ် ရွှေအောင်သာရွာ သို့မဟုတ် တောင်ပေါ်သို့ တက်လာနိုင်ကြောင်း ခန့်မှန်းရကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ရေဦးနယ်ရှိ (ပကဖ)စခန်းငယ်တစ်ကို စစ်ကောင်စီတပ် ရဟတ်ယာဥ်ငါးစီးအသုံးပြုတိုက်ခိုက် စခန်းစီးနင်းခံရသည့် ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရေဦး(ပကဖ)တို့ ကမ်းဖြူရွာအနီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး ရှိခဲ့သည်ဟု ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ခန္တီးခရိုင်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ၁၀ရက်အတွင်းနှုတ်ထွက်ရန် ခရိုင်(ပကခ) သတိပေး အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့(ဇူလိုင်၉ရက်)တွင် ခန္တီးခရိုင်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအား စာထုတ်ပြန်ကာ သတိပေးလိုက်ခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ကနီတွင် စစ်ကောင်စီသတ်ဖြတ်ခဲ့သော ပြည်သူ ၁၆ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ် အဆိုပါကြွေလွင့်သွားသော ပြည်သူ ၁၆ ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် နှင့်အတူ ကျင်းပခဲ့ပြီး ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ၊ တော်လှန်ရေး အင်အားစုများ ၊ ဒေသခံ ပြည်သူ ၅ဝဝကျော် တက်ရောက်ခဲ့ကြသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ အကြမ်းဖက်နေသာ ရှမ်းနီတပ်ဖွဲ့ထံ BGFက လက်နက်ပို့ပေးနေ ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ဆက်ကြေးကောက်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်းများပြုလုပ်သောမည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို အကြမ်းဖက် စစ်ကောင်စီနှင့်တစ်တန်းတည်သတ်မှတ်၍ ပြည်သူ့ဆန္ဒအတိုင်းဆောင်ရွက်သွားမည်ဟု ဗန်းမောက် ပကဖ ကထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း စစ်ကိုင်းတိုင်း မြို့နယ်သုံးခုတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အဆောက်အအုံအချို့ ပျက်စီး၊ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ပုဂံရွာတွင်လည်း စစ်ကောင်စီတပ်များတပ်စွဲကာ ကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးလျက်ရှိသဖြင့် ဒေသခံများ တိမ်းရှောင်နေရသည်ဟု သိရသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း စစ်ကောင်စီတပ်သည် ထီးလင်းမြို့သို့ ရဟတ်ယာဥ်ဖြင့် အင်အားဖြည့်တင်းရာတွင် PDF ယူနီဖောင်းများဝတ်ဆင်လာဟု YDF အသိပေး ဇူလိုင် ၂ ရက်က ထီးလင်းမြို့နယ်၊ ထလင်းရွာထဲမှထွက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင် စီစစ်ကြောင်းကို တပ်ရင်းလေးခုဖြင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း YDF တပ်ရင်း(၁၅)က ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ကော်ဘရာစစ်ကြောင်း၏ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များဟု ထုတ်ပြန် မြ၀တီမြို့နယ် ဖလူးဒေသရှိ စစ်ကောင်စီတပ်သည် ဇူလိုင် ၇ရက်မှ ၉ရက်အတွင်း ဟောင်ဝစ်ဇာ တောင်ပေါ်ပစ်အမြှောက်လက်နက်များ အသုံးပြု၍ မြဝတီ - ဝေါ်လေ ကားလမ်းမတစ်လျောက်အား ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 9, 2022