သတင်း စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ စစ်ကောင်စီတပ်က ကိုးတောင်ဘို့ရွာအနီးဝန်းကျင်ရှိ ကိုင်းမကျေးရွာကို ဇွန်လ ၅ရက်က မီးရှို့ဖျက်ဆီးပြီးနောက် ပေါက်ကုန်းနှင့် နှောကုန်းအပါအဝင် ကျေးရွာလေးရွာကို ယနေ့(ဇွန် ၆ရက်) နံနက်ကစတင်ကာ ထပ်မံမီးရှို့နေသည်ဟု ဒေသခံများက ပြောသည်။ LuduNwayOoဇွန် 6, 2022
သတင်း ကန့်ဘလူနယ်တွင် ဘုန်းကြီးကျောင်း မီးရှို့ခံရမှုအပေါ်ငြှိမ်းသတ်ရန်ကြိုးပမ်းသည့် ဒေသခံများကို စစ်ကောင်စီက ကြိုးတုပ်ကာ နေပူတွင်နာရီပေါင်းများစွာထားပြီး ရိုက်နှက်နှိပ်စက် ဘုန်းကြီးကျောင်း မီးလောင်သည်ကို ဒေသခံများက မီးငြှိမ်းသတ်မှုအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခြင်းဖြစ်သည်။ LuduNwayOoဇွန် 6, 2022
သတင်း ပုလဲ – ဂန့်ဂေါလမ်းတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကားတစ်စီးပျက်စီး တိုက်ခိုက်ရာတွင် ရှေ့ထွက်မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းနှစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီယာဥ်တန်းမှ ကားတစ်စီးပျက်စီးသွားကာ ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရသွားပြီး အသေအပျောက်မသိရသေးကြောင်း ထုတ်ပြန်သည်။ LuduNwayOoဇွန် 6, 2022
သတင်း သထုံထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းက တပ်ဖွဲ့ဝင်တွေက အရပ်သားတစ်ဦးကို ပစ်သတ်ပြီး တစ်ဦးကိုဖမ်းဆီးထား ဒဏ်ရာရရှိသွားတဲ့ စောသန်းလေးကို နီးစပ်ရာပြည်သူတွေက သထုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးဝါးကုသပေးခဲ့ပေမယ့် နောက်နေ့ ဇွန်လ (၃) ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ LuduNwayOoဇွန် 6, 2022
သတင်း ဆားလင်းကြီးတွင် မြို့နယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသော နေရာအများအပြား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ စစ်ကောင်စီ တပ်စွဲထားသော ပြည်ခိုင်ဖြိုးရုံး၊ စခန်းလိုင်းခန်း၊ ဘောလုံးကွင်းဖ indoor စခန်းဘန်ကာများ ကင်းပုန်းရှိရာနေများ မြို့နယ်မှူးအိမ်ယာ နှင့်တခြားနေရာများသို့ အသီးသီး လက်နက်ကြီးများ ထိမှန် ကျရောက်ခဲ့သည်ဟု SPDFက ဆိုသည်။ LuduNwayOoဇွန် 6, 2022
သတင်း စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်နေ၍ သထုံမြို့နယ်ရှိ ရွာလေးရွာမှ ဒေသခံသုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရ စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှစကာ လက်နက် ကြီးများဖြင့် နေ့စဉ် အဆက်မပြတ်ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေး၊ ထုံးဘိုကြီး ရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 6, 2022
သတင်း ကျိုက်ထိုမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတစ်ချို့ ထွက်ပြေးနေရတယ်လို့ KNU ပြော စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာချိန် မနက် ၈ နာရီအချိန်မှာတော့ မုပ္ပလင်လမ်းဆုံကနေ လက်နက်ကြီး (၁၀)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ကေအဲန်-ကျိုက်ထိုမြို့နယ် သတင်းဌာနခွဲထံကနေ သိရပါတယ်။ LuduNwayOoဇွန် 6, 2022
သတင်း ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအဆင့်အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးထက်မနည်းရှိဟု KNDF ထုတ်ပြန် တိုက်ပွဲ ဖြစ်စဥ်များအရ ယခုလ ၄ရက်ကစ၍ စစ်ကောင်စီတပ်က ဒေါပိုးစီမှ စစ်ကြောင်းနှစ်ကြောင်းနှင့် ဟိုဖိတ်စိုက်ကွင်းဖက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း သုံးကြောင်းဖြင့် ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 6, 2022
သတင်း ကနီမြို့နယ်တွင် အင်အား ၈၀ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ဗိုလ်နဂါးဦးဆောင်သောတပ်နှင့် PDFတို့ ပူးပေါင်းတိုက်ခိုက်ရာ ၁၅ဦးသေ "အခုက ရန်သူလာမယ့် လမ်းကြောင်းတွေကို ကြိုသိနေပေမယ့်တိုက်ပွဲကို ကြားဖြတ်လောက်ပဲ ကျွန်တော်တို့ တိုက်နိုင်နေတယ်။အဓိကတော့ ကျည်၊ခဲယမ်း မလုံလောက်ဘူးဖြစ်နေတယ်"ဟု DBTF တာဝန်ရှိသူက People's Springသို့ ပြောသည်။ LuduNwayOoဇွန် 6, 2022
သတင်း စစ်ကောင်စီတပ် နတ်ချောင်းရွာကိုငါးကြိမ်မြောက်ဖျက်ဆီး နတ်ချောင်းရွာကို ၂၀၂၁ ဒီဇင်ဘာလမှစ၍အကြမ်းဖက်စစ်ကောင်စီတပ်ကမကြာခဏလာရောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ယခုတစ်ကြိမ်နှင့်ဆိုလျှင် ငါးကြိမ်မြောက်ဖြစ်သည်။ ငါးကြိမ်တွင် စုစုပေါင်း အိမ်ခြေ သုံးရာခန့်မီးရှို့ဖျက်ဆီးခံထားရသည်ဟု ဒေသခံများကပြောသည်။ LuduNwayOoဇွန် 6, 2022