Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်နေ၍ သထုံမြို့နယ်ရှိ ရွာလေးရွာမှ ဒေသခံသုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရ

စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှစကာ လက်နက် ကြီးများဖြင့် နေ့စဉ် အဆက်မပြတ်ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေး၊ ထုံးဘိုကြီး ရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

KNU
KNU

အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၉) လက်အောက်ခံ ဝီယော်တပ်စခန်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေ၍ သထုံမြို့နယ် ဝီယော်ဒေသရှိ ရွာ ​လေးရွာမှ ဒေသခံ ၃,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟို သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှစကာ လက်နက် ကြီးများဖြင့် နေ့စဉ် အဆက်မပြတ်ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေး၊ ထုံးဘိုကြီး ရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

KNU
KNU

ထိုသို့ တိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူလူထု အနေဖြင့် မိုးတွင်းကာလဖြစ်၍ အခက်အခဲများစွာ ကြုံနေရသည်ဟု KNU သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ထုတ်ပြန်ချက် ၌ ဖော်ပြသည်။

KNU
KNU

“မိုးတွင်းဆိုတော့ နေရာထိုင်ခင်းအခက်အခဲ၊ မိုးလှုံ၊ အခြေခံအစားအစာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ်တယ် ခြင်လည်းပေါတော့ တုတ်ကွေးလည်းကြောက်ရတယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

KNU
KNU

ဒေသခံ ပြည်သူလူထုများရှိရာသို့လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော ဝီယော်တပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ KNLA၊ KNDOနှင့် ပူးပေါင်း တပ်ဖွဲ့များ၊ ဒေသခံ PDFများ က မေလ ၅ရက်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးများနိုင်ကြောင်း သထုံ PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။