Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်နေ၍ သထုံမြို့နယ်ရှိ ရွာလေးရွာမှ ဒေသခံသုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရ

စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှစကာ လက်နက် ကြီးများဖြင့် နေ့စဉ် အဆက်မပြတ်ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေး၊ ထုံးဘိုကြီး ရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

KNU
KNU

အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၉) လက်အောက်ခံ ဝီယော်တပ်စခန်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေ၍ သထုံမြို့နယ် ဝီယော်ဒေသရှိ ရွာ ​လေးရွာမှ ဒေသခံ ၃,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟို သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှစကာ လက်နက် ကြီးများဖြင့် နေ့စဉ် အဆက်မပြတ်ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေး၊ ထုံးဘိုကြီး ရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

KNU
KNU

ထိုသို့ တိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူလူထု အနေဖြင့် မိုးတွင်းကာလဖြစ်၍ အခက်အခဲများစွာ ကြုံနေရသည်ဟု KNU သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ထုတ်ပြန်ချက် ၌ ဖော်ပြသည်။

KNU
KNU

“မိုးတွင်းဆိုတော့ နေရာထိုင်ခင်းအခက်အခဲ၊ မိုးလှုံ၊ အခြေခံအစားအစာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ်တယ် ခြင်လည်းပေါတော့ တုတ်ကွေးလည်းကြောက်ရတယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

KNU
KNU

ဒေသခံ ပြည်သူလူထုများရှိရာသို့လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော ဝီယော်တပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ KNLA၊ KNDOနှင့် ပူးပေါင်း တပ်ဖွဲ့များ၊ ဒေသခံ PDFများ က မေလ ၅ရက်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးများနိုင်ကြောင်း သထုံ PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။