News ကရင်အမျိုးသားများဦးဆောင်၍ တော်လှန်ရေးအရှိန်မြှင့်တင်မည်ဟု ယုံကြည်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့ တိုင်းရင်းသားပြည်သူများ၏ထောက်ခံပါဝင်မှု၊ တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုဖြင့် ဆင်နွှဲလျက်ရှိသော ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် စစ်အာဏာရှင်စနစ်၏နေဝင်ချိန်သည် နီးကပ်လာပြီ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ LuduNwayOoဇန်နဝါရီ 31, 2022
News တော်လှန်ရေးအောင်မြင်မှုက ပြည်သူလူထုလက်ထဲတွင်သာရှိဟု NUGဝန်ကြီးပြော ဩစတြီးယားနိုင်ငံရောက် မြန်မာပြည်ဖွားတိုင်းရင်းသားများ၏ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်အမှာစကားပြောကြားစဉ် အောင်မြင်မှုကို ဆက်လက်ဆုပ်ကိုင်ပြီး အားလုံးညီညွတ်စွာ လုပ်ဆောင်ပါက အောင်မြင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ LuduNwayOoဇန်နဝါရီ 30, 2022
News ၂၀၂၂တွင် တော်လှန်ရေးအောင်ပွဲရမည်ဟု ယုံကြည်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော စစ်အာဏာသိမ်းမှု (၁)နှစ်ပြည့်အဖြစ် အမျိုးသမီးမဟာမိတ်အင်အားစုက ယနေ့(ဇန်နဝါရီ ၂၅ ရက်)ညပိုင်းတွင်ပြုလုပ်သည့် ‘နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ’ ဆွေးနွေးပွဲစကားဝိုင်းတွင် NUG နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 25, 2022
News စန်းမြို့ရွာသို့ မီးလာရှို့သည့်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တိုက်ခိုက် အကြမ်းဖက်စစ်ကောင်စီမှ စန်းမြို့ရွာကိုမီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်၇၀ကျော် ပျက်စီးဆုံးရှုံးခဲ့ဟု YDFက ဖော်ပြခဲ့ပြီး ယောဒေသတွင် လတ်တလော တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်ကြောင်း အသိပေးထားသည်။ LuduNwayOoဇန်နဝါရီ 21, 2022
News ကသာနှင့် မြို့လှ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေ စစ်ကောင်စီတပ်ဘက်ကလည်း အချိန်အတော်ကြာသည်အထိ ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 16, 2022
News စစ်ကောင်စီအားပေး Non-CDMများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု နောက်ဆုံးအကြိမ်သတိပေး "သင်တို့သည် စစ်အာဏာရှင်လက်အောက်တွင် ပြည်သူ့ဆန္ဒအား မျက်ကွယ်ပြုလျက် မိမိတစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် စကစယန္တရားအား လည်ပတ်စေရန် ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း ကျွန်ုပ်တို့ စုံစမ်း သိရှိရသည်"ဟု KRF က ဆိုသည်။ LuduNwayOoဇန်နဝါရီ 12, 2022
News ရန်ကုန်တွင် စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်ကြရန် ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ သတိပေး စကစတွေက လူကြားထဲသွားနေရင် ကိုယ်တွေပြည်သူတွေရှောင်နေဖို့ ။သူတို့ကိုတိုက်ခိုက်တဲ့အချိန်ကျ သူတို့ဘက်ကရမ်းပစ်ရင် ပြည်သူတွေထိမှာစိုးလို့"ဟု ယင်းကဲ့သို့ထုတ်ပြန်ရသည့်အပေါ် B.F.R.A.F အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ LuduNwayOoဇန်နဝါရီ 12, 2022
News ပြည်သူလူထုတော်လှန်ရေးအောင်မြင်လေလေ စစ်အုပ်စု၏ရက်စက်သတ်ဖြတ်မှုပြင်းထန်လေလေဟု NUG ယာယီသမ္မတပြော ပြည်သူကို ကာကွယ်ရမည့် စစ်တပ်သည် ပြည်သူကို သတ်ဖြတ်သည့် အကြမ်းဖက်အုပ်စုဖြစ်သွားပြီဖြစ်၍ ပြည်သူလူထုသည် မိမိတို့ အသက်ရှင် ရပ်တည်ရေးအတွက် ပြည်သူ့ခုခံကာကွယ်စစ်ကို ဖွဲ့စည်းလုပ်ဆောင်နေခြင်းက မှန်ကန်တရားမျှတသည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။ LuduNwayOoဇန်နဝါရီ 11, 2022
News မြန်မာတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ခြေချခွင့်လုံး၀မရအောင် လုပ်ဆောင်မည်ဟု တော်လှန်ရေးအဖွဲ့ ၃၀၀ခန့် ထုတ်ပြန် ဟွန်ဆန်သည် တရုတ်အစိုးရ၏လက်ဝေခံနောက်လိုက်တစ်ဦးဖြစ်သည့်အပြင် အာဏာကို အလွန်အမင်းတပ်မက်ပြီးမဲလိမ်၊ မဲခိုး၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရာထူးကို ကလိမ်ကကျစ်နည်းပေါင်းစုံဖြင့် ရာသက်ပန်သိမ်းပိုက်ထားသူဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။ LuduNwayOoဇန်နဝါရီ 5, 2022
News လက်နက်၊ လူနှင့်ရန်ပုံငွေအင်အား ပိုမိုအားကောင်းလာမှုနှင့်အတူ ၂၀၂၂သည် တော်လှန်ရေး အောင်ပွဲများရယူမည့်နှစ်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း ပြည်သူအားလုံး ပြိုင်တူတွန်းကြမည် ဆိုပါက ပြည်သူ များ ထိခိုက်နစ်နာမှု အနည်းဆုံးနှင့် ပြည်သူ့အောင်ပွဲအမြန်ဆုံးရရှိမည်ဖြစ်ကြောင်း နှစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။ LuduNwayOoဇန်နဝါရီ 1, 2022