Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်အာဏာရှင်ကို တစ်နှစ်ပတ်လုံးအချိန်ခါမလပ်တော်လှန်ခဲ့ကြတဲ့ ပြည်သူတွေ

ဒီကနေ့ဟာ စစ်အာဏာသိမ်းတစ်နှစ်ပြည့်မြောက်တဲ့ နေ့ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တစ်နှစ်ပတ်လုံးဇွဲသတ္တိနဲ့ကြံ့ကြံ့ခံတွန်းလှန်ခဲ့မှုနဲ့အတူ ပြည်သူ့အောင်ပွဲဆီခရီးကြမ်းကို ဖြတ်သန်းနေရဆဲဖြစ်ပါတယ်။

ဒီတစ်နှစ်လုံးကို ပြည်သူ့အားနဲ့ ဘယ်လိုဖြတ်သန်းခဲ့ကြလဲ၊ ပြည်သူ့အောင်ပွဲအတွက် ဘာတွေတည်ဆောက်နိုင်ခဲ့ကြပြီလဲ၊ ရှေ့ခရီးက ဘယ်လိုရှိပါသလဲ ဆိုတာတွေကို ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတာနီး၊ အကျဥ်းထောင်ထဲက ပြန်လည်လွတ်မြောက်လာတဲ့ သတင်းစာဆရာ ဦးနေသန်မောင်၊ နိုင်ငံရေးအကျဥ်းသူဟောင်းဖြစ်ပြီး Women Advocacy Coalition- Myanmar တာဝန်ခံ ဒေါ်ခင်လေး၊ မြန်မာ့တော်ဝင်နဂါးတပ်တော်က ဗိုလ်နဂါးနဲ့ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသန်းကျော်ဦးတို့ရဲ့ ဆွေးနွေးပြောကြားချက်တွေကို စုစည်း ထုတ်လွှင့်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။