Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ဒီတော်လှန်ရေးဟာခေတ်ပြောင်းစနစ်ပြောင်းကို ဦးတည်တာဖြစ်တဲ့အတွက်ကြောင့်ဒီ ၂၀၂၂ကာလမှာအဆုံးသတ် တိုက်ပွဲဝင်ကြဖို့အတွက် အားလုံး ပါဝင်ကြပါ”-KNU အ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်

တရားလုယူခဲ့သည်မှာယ​နေ့ တစ်နှစ်ပြည့်ပြီဖြစ်သလို ပြည်သူများကလည်း အာဏာသိမ်းသည့်​​နေ့မှစ၍ စစ်အာဏာရှင်စနစ်ကို ပုံစံမျိုးစုံဖြင့် ​ဆန့်ကျင်တော်လှန်ခဲ့သည်မှာလည်းတစ်နှစ် ပြည့်ပြီဖြစ်သည်။

People's Spring
People's Spring

“ကျွန်တော်တို့ရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင်လုပ်ဖို့ အရေးကြီးဆုံးဖြစ်ပါတယ်” -KIO/KIA​ သတင်းနှင့်ပြန်ကြား​ရေးဌာနတာဝန်ခံ

စစ်ဗိုလ်ချုပ်ကြီးအချို့က ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံ့အာဏာကို လက်နက်အားကိုးဖြင့်မတရားလုယူခဲ့သည်မှာယ​နေ့ တစ်နှစ်ပြည့်ပြီဖြစ်သလို ပြည်သူများကလည်း အာဏာသိမ်းသည့်​​နေ့မှစ၍ စစ်အာဏာရှင်စနစ်ကို ပုံစံမျိုးစုံဖြင့် ​ဆန့်ကျင်တော်လှန်ခဲ့သည်မှာလည်းတစ်နှစ် ပြည့်ပြီဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်ခြင်း ၊အကြမ်းမဖက်အာဏာဖီဆန်မှုလှုပ်ရှားမှု ၊စစ်​ကောင်စီအမိန့်မှန်သမျှမနာခံဘဲဘူးသပိတ်များမှ စစ်​ကောင်စီတပ်က အကြမ်းဖက်သတ်ဖြတ်လာ​သောအခါပြည်သူများက ခုခံ​တော်လှန်စစ်ဆင်နွှဲ​သောအဆင့်ထိ့ တစ်နှစ်တာပါတ်လုံးတိုင်းရင်းသားပြည်သူများက တစ်ဆင့်ချင်းတစ်ဆင့် အကြမ်းဖက်စစ်​ကောင်စီကို ​​တော်လှန်​နေသည်။ ပြည်သူ့​တော်လှန်​ရေးတစ်နှစ်တာခရီးအ​ပေါ်သုံးသပ်ချက်နှင့် ပြည်သူများလိုလား​တောင်းတ​သော​အောင်ပွဲရရန်မည်သို့ဆက်လက်ကြိုးပမ်းရမည်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၊ ပါတီ နှင့် နိုင်ငံ​ရေး​လေ့လာသူနှင့် လုံခြုံ​ရေးဆိုင်ရာပါ​မောက္ခများ၏ အမြင်များ၊​ဆွေး​နွေးချက်များနှင့် People’s Spring ကမေးမြန်းထားသည်တို့ကိုစုစည်း​ဖော်ပြလိုက်ပါသည်။

●ပဒိုစောတာဒိုမူး(ကရင်အမျိုးသားအစည်းအရုံး-KNU အထွေထွေ အတွင်းရေးမှူးချုပ်)

“ဒီတစ်နှစ်တာကာလအတွင်းမှာ အောင်မြင်မှုတချို့ကိုထောက်ပြလိုပါတယ်။ ကျွန်တော်တို့ မြို့ပြမှာ ရှိတဲ့ ပြည်သူလူထုနဲ့ ပြည်နယ်နဲ့ တိုင်းရင်းသားဒေသမှာရှိတဲ့ ပြည်သူလူထုကြားထဲမှာ တော်လှန်ရေးအဖွဲ့အစည်းတွေ ကြားထဲမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ စုစည်းမှုတွေ နားလည်မှု ယုံကြည်မှုတွေရရှိလာပြီဖြစ်တယ်ဆိုတာကို ပြောလိုပါတယ်။ ကျွန်တော်တို့ ဒီစစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေကြားမှာရှိတဲ့ ဘုံလုပ်ငန်းစဉ် တွေကိုချမှလာနိုင်ပြီဖြစ်တယ်။ စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းများအားလုံး ကြားမှာ စုပေါင်းလုပ်ဆောင်မှု ညှိနှိုင်းမှုဆိုတဲ့ ပလက်ဖောင်းတစ်ခုကိုလည်း ဖန်တီးလိုက်နိုင်ပြီဖြစ်ပါတယ်။ အဲဒါကတော့ NUCC ပဲဖြစ်ပါတယ်။တစ်ခါတည်းမှာ အနာဂတ်ကို ပုံဖော်ဖို့အတွက် ဖက်ဒရယ် ပဋိဉာဉ်ချာတာတစ်ခုကိုလည်း ရရှိပြီးဖြစ်တာကို ကျွန်တော်တို့ သိရှိပြီးဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်သူလူထုအနေနဲ့ ရှေ့ဆက်ပြီးတော့ အတူတကွ မိမိအသီးသီးမှာရှိတဲ့စွမ်းအားကိုယ်စီကို ကျွန်တော်တို့ အမိအရ ဆုပ်ကိုင်ပြီးတော့ ပူးပေါင်းကြပါ။ ညီညွတ်ကြပါ။ အောင်မြင်မှုဟာကျွန်တော်တို့အတွက်ဖြစ်တယ်။ တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီကြပါ။ လေးစားကြပါ။ ကျွန်တော်တို့ မြန်မာ့လူမှုအဖွဲ့အစည်းအားလုံး လူ့အသိုင်းအဝိုင်းအားလုံး ညီညွတ်စွာ ဆောင်ရွက်ကြပါ။ ရိုင်းပင်းကြပါ။ စစ်အာဏာရှင် ဆန့်ကျင်မှုမှာ သင်ဘာလုပ်နိုင်လဲဆိုတာ ပြသရမယ့်အချိန်ရောက်ပြီဖြစ်ပါတယ်။ ပြသကြဖို့လည်း ကျွန်တော် တိုက်တွန်းလိုပါတယ်။ နောက်ဆုံးအနေနဲ့ ဒီနေ့ ကျွန်တော်တို့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီးတဲ့အချိန်မှာကျွန်တော်တို့က ခေတ်သစ် စနစ်သစ် တစ်ခုတည်းကို ဝင်ရောက်ဖို့အတွက် လိုအပ်တဲ့ ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချို့ကို တင်ပြလိုပါတယ်။ အဲဒီဟာကတော့ စစ်တပ်က နိုင်ငံရေးမှာ ဘယ်သောအခါမှ ပါဝင်စရာအကြောင်းမရှိတော့တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုကို ရောက်ဖို့အတွက် လုပ်ငန်းစဉ်ကို ဖန်တီးကြရမှာ ဖြစ်ပါတယ်။ ကျဆုံးလုလုနိုင်ငံကို ကျွန်တော်တို့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ၊ ကျန်းမာရေးစသည်ဖြင့် ပြန်လည်ထူထောင်နိုင်ဖို့အတွက် လုပ်ငန်းစဉ်ကို ရေးဆွဲထားကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုကိုလည်း ရေးဆွဲပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို ဦးတည်သွားကြရမှာ ဖြစ်တယ်။ တစ်ခါတည်းမှာပဲ တစ်ခါတည်းမှာ အမှန်တရားနဲ့ တရားမျှတမှု ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ပြီးတော့ ဒီလိုမျိုးအာဏာသိမ်းမှုတွေဘယ်တော့မှ အနာဂတ်မှာ ပြန်မရောက်နိုင်အောင် ဖြစ်ရမယ့် လုပ်ငန်းစဉ်တွေကို သဘောတူချမှတ်သွားဖို့လိုပါလိမ့်မယ်။ တစ်ခါတည်းမှာ ကျွန်တော်တို့ နိုင်ငံမှာ အင်အားကြီးတဲ့သူက အင်အားနည်းတဲ့သူကို အမြဲတမ်း အနိုင်ကျင့်၊ ဗိုလ်ကျ စိုးမိုးတဲ့ခေတ်ကနေ လုံး၀ ဆန့်ကျင်တဲ့ အမျိုးသားလုံခြုံရေး စနစ်သစ်တစ်ခုကို ဖန်တီးပြီးတော့ ဒီစနစ်နဲ့လျော်ညီတဲ့ ကာကွယ်ရေးစနစ်တစ်ခုကို ထူထောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုအဆင့်တိုင်းရဲ့ လုပ်ငန်းစဉ် အဆင့်တိုင်းမှာ UN ဦးဆောင်တဲ့ နိုင်ငံတကာ ပါဝင်ခွင့်တွေကိုလည်း မဖြစ်မနေ ပါဝင်နိုင်ဖို့အတွက် စီစဉ်မှုကို သေချာစေရမှာ ဖြစ်ပါတယ်။ အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ဒီတော်လှန်ရေးဟာခေတ်ပြောင်းစနစ်ပြောင်းကို ဦးတည်တာဖြစ်တဲ့အတွက်ကြောင့် ဒီ ၂၀၂၂ ကာလမှာ အဆုံးသတ် တိုက်ပွဲဝင်ကြဖို့အတွက် အားလုံး ပါဝင်ကြပါ။ ပြည်တင်းရင်မင်းမခံနိုင်ဘူးဆိုတာကို ပြောကြားရင်းနဲ့ နိဂုံးချုပ်လိုပါတယ်။

Public Service Announcement

Public Service Announcement

●ဗိုလ်မှူးကြီးနော်ဘူ(ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်-KIO/KIA KIO/KIA​ သတင်းနှင့်ပြန်ကြား​ရေးဌာနတာဝန်ခံ)


“ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြဿနာက စစ်အာဏာရှင်ပြဿနာပါ။ ဆိုတော့ စစ်အာဏာရှင် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက်က ကျွန်တော်တို့ ပြည်သူလူထုတွေ ကျွန်တော်တို့ တိုင်းရင်းသားတွေ အားလုံးက ဝိုင်းပြီးမှ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် အခု PDFတို့ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေ ပြည်သူလူထုတွေ အားလုံးဝိုင်းပြီးမှ ကျွန်တော်တို့ရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင်လုပ်ဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့ နောက်မဆုတ်တမ်းနဲ့ လုပ်ဖို့တော့အရေးကြီးပါတယ်။ တော်လှန်ရေးဆိုတာကတော့ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရည်မှန်းချက် မရောက်မချင်းတော့ ကြိုးစားရမှာပဲ။ အခက်အခဲတွေလည်း ကြုံမှာပဲ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နောက်နောင် ကျွန်တော်တို့ သားသမီးတွေအတွက် ကျွန်တော်တို့ စဉ်းစားပြီးလုပ်နေတာဆိုတော့ အားလုံးကြိုးစားရအောင်လို့ ခွန်အားပေးလိုပါတယ်။

ဦးစိုင်းလိတ်(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ)

၂၀၂၁ ဖေဖော်ဝါရီကစပြီး ပြည်ထောင်စုမြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုနဲ့ လူမှုတရာမျှတမှုတွေ ပျောက်ဆုံးသွားပါတယ်၊ စစ်ရာဇဝတ်မှုတွေ တိုင်းပြည်အနှံ့ ဖြစ်ပေါ်နေတယ်၊ ခုခံတွန်းလှန်မှုတွေလည်းပဲ နေရာစုံမယ် ပေါ်ပေါက်နေပါတယ်။ ကမ္ဘာ့ကပ်ရောဂါကို ထိထိရောက်ရောက် မကာကွယ်နိုင်တဲ့ကြားက ပညာရေးလည်းပဲ ပျက်စီးသွားပါပြီ။ လူမှုစီးပွားတွေ နလံမထူနိုင်ပေမဲ့ လူထုဟာ လွတ်လပ်မှု၊ တရားမျှတမှုအတွက် အခက်အခဲ၊ အကျပ်အတည်းပေါင်းများစွာကို မကြောက်မရွံ့ ရင်ဆိုင်တွန်း လှန်နေကြတာ နိုင်ငံတကာကတောင် အံ့သြယူရပါတယ်။

သေချာတာကတော့ စစ်အာဏာရှင်ကို လူထုက လုံးဝ လက်မခံတာပါ၊ တကယ်တော့ ဘယ်လိုအာဏာ ရှင်စနစ်မျိုးကိုမှ လူထုက လက်သင့်မခံလိုကြပါဘူး။ သည်နေ့အခြေအနေက တိုင်းပြည်တည်ဆောက် ရေးနဲ့ နိုင်ငံတည်ဆောက်ရေးကို အိုင်ဒီယာအသစ်နဲ့ စုပေါင်းတာဝန်ယူ တည်ဆောက်ဖို့ လုံးဝလိုအပ်နေ ပါတယ်။လွတ်လပ်မှု၊တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို အာမခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်တရပ် မထူထောင်နိုင်သရွေ့ ပြည်ထောင်စုရဲ့ ခိုင်မြဲတည်တံ့မှုကို ကာကွယ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။လူထု လူတန်းစား ပေါင်းစုံက လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ဖို့ကြိုးစားနေဆဲကာလမှာ ကလေးနဲ့လူငယ်တွေရဲ့ အနာဂတ်ကိုလည်း ပြုစုပျိုးထောင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ပထဝီနိုင်ငံရေးကိုလည်း သတိနဲ့ စောင့်ကြည့်ထိန်းညှိရမှာပါ။

အရေးအကြီးဆုံးကတော့ ပြည်သူတွေညီညာမှ ပြည်သာမှာမို့ တန်းတူညီမျှမှုအပေါ် အခြေခံတဲ့ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းခုခံရုန်းကန်မှုကို ပြိုင်တူလုပ်ဆောင်ကြမှ အရာရာကို ကျော်ဖြတ်နိုင်မယ်လို့ ယူဆမိပါတယ်ခင်ဗျ။

​ဒေါက်တာ​မီမီဝင်းဘတ် (လုံခြုံ​ရေးဆိုင်ရာပါ​မောက္ခ)

အခုအချိန်မှာ ပြန်ကြည့်လိုက်ရင် ၁၉၈၈ (အာဏာသိမ်းမှု)တုန်းကနဲ့ တခြားစီပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ရဲ့အခြေအနေတွေက ပြောင်းလဲသွားပြီ။ လူတွေကလည်း အံ့ဩနေကြတယ်။ တစ်ကမ္ဘာလုံးက အံ့ဩနေကြတယ်။ မြန်မာလူမျိုးတွေ တိုင်းရင်းသားတွေ၊ ဗမာတွေ အားလုံးအပါအဝင် သူတို့ ဒီကြီးမားတဲ့ စစ်တပ်ကို ပြန်တော်လှန်နိုင်ပြီဆိုတာ အရမ်းပဲ အံ့ဩကြတယ်။ ၈၈ ကိုပြန်ကြည့်ပြီး ဒါ မဖြစ်နိုင်ဘူးလို့ သူတို့ ပထမယူဆလိုက်တယ်။ ဒါပေမဲ့ ဒီတခါမှာ ကျတော့ ဒီနေ့မြေပြင်မှာဖြစ်နေတာတွေက ပြောင်းသွားပြီ။ ဘာကြောင့်ပြောင်းလဲဆိုတော့ သတင်းအချက်အလက်၊ ဆက်သွယ်ရေး၊ နည်းပညာတွေလည်း ပြောင်းလဲသွားတယ်။ အဲဒါကို ပြည်သူလူထုက ပြန်ပြီးအသုံးချနိုင်တယ်။ နောက်ပြီးတော့ ဆယ်နှစ်လောက် မျက်စိပွင့်သွားတယ်။ ဒါက လူတွေရဲ့ စွမ်းရည်တွေ တိုးတက်လာတယ်။ သူတို့ Network ကြီးက တကမ္ဘာလုံးကို ပျံ့သွားတယ်။ ၈၈ ပြီးကတည်းက မြန်မာတွေ ကမ္ဘာအနှံ့အပြားရောက်သွားကြတယ်။ အခု အချိန်မှာ ဆက်သွယ်ရေးနည်းပညာ အားကောင်းလာတော့ အဲဒီလူတွေက တိုက်ရိုက် အထဲမှာရှိတဲ့ သူတွေကို ပံ့ပိုးပေးလို့ရတယ်။ နောက်တစ်ခုက အမျိုးသမီး။ အရင်တုန်းက အမျိုးသမီးပါဝင်မှုက နည်းနည်းပါးပါးပဲ။ အခုတော့ ဆန်းစစ်ချက်တွေအရ ၆၅ ရာခိုင်နှုန်းက အမျိုးသမီး။ ဒီတော်လှန် ရေးမှာ ပါနေတာ။ ဒါမို့ အသွင်ပြောင်းသွားတာ။ အဲ့ဒီလိုကြည့်လိုက်ရင် အံ့ဩစရာမရှိဘူးလို့ ထင်ရတယ် ။

အားနည်းချက်ကတော့ သူတို့မှာ အရင်က အတွေ့အကြုံမရှိကြဘူး။ ဇန်နဝါရီ လမကုန်ခင်က ကလေးတွေက ကွန်ပျူတာဂိမ်းဆော့နေကြတာ။ နောက် ချက်ချင်း တော်လှန်ရေးသမားတွေ ဖြစ်ကုန်တာ။ learning curve က ရှိနေတယ်။ ဒါပေမဲ့ အဲဒီ learning curve ကလည်း ချီး ကျူးစရာကောင်းတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး တိုးတက်မှု၊ တီထွင်မှုတွေနဲ့ ဒီ ၁၂ လအတွင်း တော်တော်ကို တိုးတက်အောင်လုပ်နိုင်တယ်ဆိုတာ တွေ့ရတယ်။ နောက်တစ်ခုက ပူးပေါင်း ဆောင်ရွက်မှုပေါ့။ ပူးပေါင်းဆောင်ရွက်မှု ရှိနေတယ်။ တွေ့ရတယ်။ ဒါပေမဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုလိုအပ်တယ်။ အကယ်၍ အားလုံးကို ပူးပေါင်းဆောင်ရွက်မှု အတိအကျ လုပ်နိုင်ပြီဆိုရင် ဒါက turning point ရောက်တော့မယ်။ turning point ရောက်ဖို့က ပူးပေါင်း ဆောင်ရွက်မှုက အရေးကြီးဆုံးပဲ။ PDF အချင်းချင်း။ နောက် PDF နဲ့ EAO အချင်းချင်း။ EAO နဲ့ NUG။ နောက် NUCC ပေါ့။ အားလုံးဟာ တခါတည်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ပိုပြီးတော့ turning point ရောက်မယ်လို့ ပြောလို့ရတယ်။

အောင်မြင်တဲ့ တော်လှန်ရေးတွေကို လေ့လာထားတာရှိတယ်။ အဲဒါတွေ ပြန်ကြည့်ရင် သူတို့တွေ ပြောတာက လက်နက်ကိုင်ခုခံတာက အရမ်းအရေးမကြီးဘူး။ နိုင်တဲ့ တော်လှန်ရေး တွေကို ပြန်ကြည့်ရင် အဓိက ၃ ခုပါတယ်။ ပထမက ပြည်သူလူထု ပါဝင်မှု၊ ပြည်သူတွေက နားကြည်းပြီး ပြန်တော်လှန်ချင်တဲ့ စိတ်။ ဒုတိယက အပြည်ပြည်ဆိုင်ရာ ဖိအား။ တတိယက defection ဘက်ပြောင်းလာသူတွေ။ အခု CDM လိုမျိုးပေါ့။ နောက်ပြီး စစ်ရေးစစ်ရာ မဟာဗျူဟာကို ပြန်ကြည့်လိုက်ရင် တကယ်နိုင်တဲ့ စစ်တပ်က စစ်အင်အားကြီးမားလို့ နိုင်တာမဟုတ်ဘူး။ ဗျူဟာနဲ့ နိုင်တာ။ ဆိုတော့ မဟာဗျူဟာက ပိုပြီး အရေးကြီးတယ်။ ကိုယ့်ရဲ့အားသာချက်နဲ့ အားနည်းချက်ကို သိတာရယ်။ ကိုယ့်ရဲ့အားသာချက်နဲ့ ရန်သူရဲ့ အားနည်းချက်ကို ပြန်ပြီးတိုက်နိုင်ရင် အောင်မြင်တဲ့ မဟာဗျူဟာဖြစ်မယ်။ စစ်တပ်က credibility က ပျောက်သွားပြီ။ ပြည်သူလူထုက သူတို့ကို ဘာမှမယုံဘူး။ ဒါကြောင့်သူတို့ ဖိအားတွေ ရနေတာ။ အာဆီယံကလည်း သူတို့ကို ငြင်း ပယ်နေတာ။ မြေပြင်မှာလည်း စစ်တပ်က အရမ်းကျရှုံးနေတယ်။ ဘာလို့လဲဆိုတော့ စစ်သားတွေရဲ့ စိတ်ဓာတ်က ကျသွားပြီ။ ရှေ့တန်းမှာ လက်နက်တွေ ကျည်ဆန်တွေက သူ့ဘာသာ ထပစ်တာ မဟုတ်ဘူး။ လူက ပစ်ရတယ်။ ပစ်တဲ့လူက စိတ်ဓာတ်ကျသွားရင် ပစ်မှတ်လည်းမထိတော့ဘူး။ အဲဒါကြောင့် CDM စစ်သားတွေက အများကြီးများလာတာ။ နေ့တိုင်း ရှိနေတယ်။ စစ်ပွဲတွေ ရှုံး နေလို့လည်း စစ်တပ်က လေကြောင်းအားကို သုံးနေရတယ်။ ဒါပေမဲ့ လေကြောင်းအားလည်း တနေ့ကျရှုံးမှာ။

ဦးသန်းစိုးနိုင် (နိုင်ငံ​ရေး​လေ့လာသူ)

လားရာက ပြည်သူသန်း ၄၀ ကျော်နဲ့ စစ်တပ် ၃ သိန်းလောက်နဲ့ရင်ဆိုင်နေရတဲ့ပွဲက ဘယ်သူနိုင်မလဲဆိုတာကတော့ သိပ်ပြီး စဉ်းစားစရာမလိုဘူး။ ပြည်သူလူထုနိုင်မှာ။ ပြည်သူ့တော်လှန်ရေးအောင်ပွဲခံမှာပါပဲ။ အဲဒီအပေါ် စစ်ဘယ်လောက်ကြာနိုင်သလဲဆိုတဲ့ ကိစ္စက ခုနကလို ပြည်သူ့ဘက်က လက်နက်နဲ့ငွေကြေး ဘယ်လောက်မြန်မြန်ဆန်ဆန်ရနိုင်မလဲဆိုတဲ့ အနေအထားအပေါ် မူတည်တာပေါ့။ သို့သော် လူထုတော်လှန်ရေးက အောင်မှာ။ ဒီစစ်တပ် ကျရှုံးမှာပဲ။ အချိန်ပြဿနာပဲ။

ဒီစစ်ပွဲ လူထုဘက်က လုံး၀ နိုင်လိမ့်မယ်။ အချိန်ပြဿနာပဲဖြစ်တယ်။ ခေါင်းဆောင်မှုဆိုတာ ဒီတိုက်ပွဲထဲက ထွက်လာလိမ့်မယ်။ ပြီးခဲ့တဲ့ နှစ် ၇၀ ကျော်ကာလမှာ ဗမာတွေကလည်း ကိုယ့်ဟာနဲ့ကိုယ်။ တိုင်းရင်းသားတွေကလည်း ကိုယ့်ဟာနဲ့ ကိုယ်။ မပေါင်းစပ်နိုင်ကြဘူး။ အခုဟာက အဲဒီရေစီးကြောင်းအားလုံးပေါင်းသွားပြီ။ အဲဒီတော့ ဒီစစ်ပွဲက ရေရှည်ဖြစ်မှာလားဆိုတော့ မဖြစ်ပါဘူး။ အခုစစ်ကောင်စီထဲမှာ ပြောဆိုနေကြတဲ့အသံတွေ နားထောင်ကြည့်တဲ့အခါ စစ်ကိုင်းတိုင်းကို သူတို့ထိန်းမရဘူး။ မကွေးတိုင်းမှာလည်း အဲဒီလိုပဲ။ ဒါတွေက တစ်ပြည်လုံးမှာဖြစ်နေ တာရဲ့ နမူနာပဲ။ အဲဒီအက်ကြောင်းက စစ်ကိုင်းကနေ မကွေး၊ မကွေးကနေ မန္တလေး၊ မန္တလေးကနေ မြစ်၀ကျွန်းပေါ်။ ပွဲပြီးတော့မယ်ဆိုတဲ့ အရိပ်လက္ခဏာတွေ ပြနေပါတယ်။ စစ်အုပ်စုအနေနဲ့ လေကြောင်းကနေ တိုက်တယ်ဆိုတာလည်း ကြည်းကြောင်းမသွားရဲလို့၊ သွားမရလို့။ အားကြီးလို့မဟုတ်ဘူး။ သူ့စစ်တပ် ဒါတွေကို ရေရှည် သုံးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မြို့တွေ မသိမ်းသေ ပေမယ့် မြေပြင်စိုးမိုးမှုမှာ ၆၀ ရာခိုင်နှုန်းက PDF တွေက ထိန်းသိမ်းထားတယ်ဆိုတာကို နိုင်ငံတကာပညာရှင်တွေက ကောက်ချက်ချနေကြတယ်။ တော်လှန်ရေး ၁ နှစ်ပြည့်တဲ့အချိန်မှာ ဗမာပြည်ရဲ့ ၃ ပုံ ၂ ပုံလောက်၊ စစ်ပွဲရဲ့ ၃ ချိုး ၂ ချိုးလောက် အသာစီးရနေပြီလို့ ပြောတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။