သတင်း စစ်ကောင်စီကနိုင်ငံတဝန်းပြည်သူနေအိမ် ခြောက်သောင်းကျော်ကိုမီးရှို့ဖျက်ဆီးထားဟု Data For Myanmar ထုတ်ပြန် စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မဟာဗျူဟာဟု မကြာခဏပြောဆိုကာ လုပ်ဆောင်ခြင်းဖြစ်သော်လည်း ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ခြင်းမရှိသလို ထောက်ခံမှုလည်း မရှိကြောင်း ဒေသခံအချို့က ပြောသည်။ LuduNwayOoမတ် 20, 2023
သတင်း ရေစကြိုနယ် ရေလယ်ကျွန်းဒေသတွင် မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ခြောက်ဦးသေဟုဆို စစ်ကောင်စီ တပ်မ (၉၉)လက်အောက်ခံ ဘီလူးစစ်ကြောင်းသည် မြင်းခြံနှင့် မြောင်နယ်ဘက်များမှနေ၍ ရေလယ်ကျွန်းဒေသဘက်ကူးကာ စစ်ကြောင်းထိုးနေသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး မတ်လ ၁၈ ရက် က MBT ဌာနချုပ်စခန်းအား စွန့်ခွာပေးခဲ့ရသည်ဟု ဆိုသည်။ LuduNwayOoမတ် 20, 2023
သတင်း တွန်းဇံမြို့နယ်တွင် စစ်ကောင်စီတပ် စွန့်ခွာသွားသည့် ဒါရ်ခိုင်းတပ်စခန်းကို CNA မီးရှို့ဖျက်ဆီး အမှတ်(၂၆၈)ခြေလျင်တပ်ရင်း ဒါရ်ခိုင်းတပ်စခန်းကို CNAတပ်ဖွဲ့က မတ်လ ၁၇ရက်တွင် ဝင်ရောက်မီးရှို့ခဲ့ကြောင်း The Rihli Voiceက ဖော်ပြခဲ့ရာ ဆလိုင်းထက်နီက အတည်ပြုဖြေကြားခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 18, 2023
သတင်း သပိတ်ကျင်းနှင့် စဉ့်ကူးနယ်တွင် အထိနာနေသည့် စစ်အုပ်စုက ကျေးရွာနေအိမ်များ မီးရှို့ဖျက်ဆီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများရမ်းသမ်းပစ်ခတ်သည့် ကျည်ထိ၍ ချောင်းသလဲကျေးရွာရှိ နွားနှစ်ကောင်သေဆုံးပြီး နေအိမ်လေးလုံးမီးရှို့ခံခဲ့ရကြောင်း၊ ထို့အပြင် ကျေးရွာရှိနေအိမ်များအား ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသည်။ LuduNwayOoမတ် 16, 2023
သတင်း ရေဦး – တန့်ဆည်နယ်စပ်တွင် စစ်ကောင်စီတပ် အထိနာပြီးနောက် အက်ကြီးရွာ မီးရှို့ဖျက်ဆီးသွား ယမန်နေ့ (မတ်လ ၁၅ရက်) နံနက် ၅ နာရီကျော်က တန့်ဆည်အရှေ့ပိုင်း အက်တောရွာအနီးတွင် ကာဘိုးကျေးရွာမှလာသော စစ်ကောင်စီယာဥ် နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ LuduNwayOoမတ် 16, 2023
သတင်း မုံရွာမြို့နယ် ထနောင်းတောတောင်ရွာ စစ်အုပ်စုမီးရှို့ဖျက်ဆီးရာ သက်ကြီးရွယ်အိုသုံးဦး သေဆုံး စစ်ကောင်စီတပ်သည် နံနက် ၁၁နာရီခွဲတွင် တောပုမြောက်ပိုင်း ပျူကျေးရွာသို့ ဝင်ရောက်ကာ တောပုမှတစ်ဆင့် ဆိုင်ကယ် ၁၅စီးဖြင့် ၎င်းတို့တပ်စွဲရာ စွမ်းရည်ထက်ဆီဆိုင်သို့ပြန်သွားခဲ့ကြောင်း မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။ LuduNwayOoမတ် 16, 2023
သတင်း မြောင်တွင် လူသတ်မီးရှို့နေသည့်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၅ဦးသေ ကြောင်ပန်းဂိတ်၊သစ်တောရုံးများသို့လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ အထိုင်ချ နေထိုင်သည့် ၃ထပ်တိုက်ကိုRPGဖြင့် ပစ်ခတ်ခဲ့ကြောင်း MDF - Special Force အဖွဲ့ တာဝန်ခံက ပြောသည်။ LuduNwayOoမတ် 15, 2023
သတင်း ရက်ကန်းစင်၁၀၀ ခန့်မီးရှို့ဖျက်ဆီးခံရသောရွှေဘို၊ ထူးကြီးရွာမှပြည်သူများအတွက်လက်ရက်ကန်းစင်များစတင်လှူဒါန်း လက်ရက်ကန်းစင်တစ်စင်လျှင် မြန်မာငွေကျပ် ၆ သိန်းနှင့် သယ်ပို့ခ ငါးသောင်းကုန်ကျကြောင်း၊ S&C အဖွဲ့မှတဆင့် ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ LuduNwayOoမတ် 15, 2023
သတင်း မုံရွာမြို့နယ် ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ ယနေ့ (မတ်လ ၁၅ရက်) နံနက် ၆ နာရီခန့်တွင်မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မွှေနှောက်ခဲ့သည်။ ထို့နောက် နံနက်၉နာရီခန့်တွင် ထနောင်းတောတောင်ရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမတ် 15, 2023
သတင်း မြောင်ရှိ PDFစခန်းငယ်တစ်ခု မီးရှို့ဖျက်ဆီးခံရ စခန်းရှိ ဆက်သွယ်ရေးပစ္စည်းများ၊ မိုင်းပစ္စည်းများအပါအဝင် ကာလတန်ဖိုး ကျပ်သိန်းနှစ်ရာဖိုးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoမတ် 14, 2023