Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနှင့် စဉ့်ကူးနယ်တွင် အထိနာနေသည့် စစ်အုပ်စုက ကျေးရွာနေအိမ်များ မီးရှို့ဖျက်ဆီး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများရမ်းသမ်းပစ်ခတ်သည့် ကျည်ထိ၍ ချောင်းသလဲကျေးရွာရှိ နွားနှစ်ကောင်သေဆုံးပြီး နေအိမ်လေးလုံးမီးရှို့ခံခဲ့ရကြောင်း၊ ထို့အပြင် ကျေးရွာရှိနေအိမ်များအား ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသည်။

(အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-စဥ့်ကူးမြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစု)
(အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-စဥ့်ကူးမြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစု)

မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ် နယ်စပ်၌ လေးရက်အတွင်း တိုက်ပွဲတွင် အထိနာနေသည့် စစ်ကောင်စီတပ်က ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အဆိုပါနယ်ကြားတွင် မတ်လ ၁၁ ရက်မှ ၁၄ ရက်အထိ စစ်ကောင်စီတပ်အား ဗိုလ်လင်းယုန်တပ်ဖွဲ့၊ စဉ့်ကူး(ပ.က.ဖ)၊ Nine PDFတပ်ဖွဲ့တို့ ပူးပေါင်းကာ မိုင်းပေါင်း ၅၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့သည်။

သပိတ်ကျင်းမြို့နယ် ငတတ်အိုင်ကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ချောင်းသလဲကျေးရွာကြားတွင် စစ်ကောင်စီတပ်အား ပူးပေါင်းအဖွဲ့များက မိုင်းအလုံးပေါင်း ၅၄ လုံး၊M9 လေးလုံး၊79 လေးလုံး ၊(၆၀) မမ ငါးလုံး၊ရှော့တိုက်ဒုံး နှစ်လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများတွင် စစ်သား ၇ ဦးသေဆုံးပြီး ၃၀ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“ကျောက်ကြီးဆေးရုံမှာ အခြားလူနာတွေဆင်းခိုင်းပြီး စစ်သားတွေချည့်ပဲ တင်ထားတယ်။ သေဆုံးတာတွေကို ချောင်းကြီးရဲကင်းမှာ ကားရပ်ပြီး ထမ်းချနေတာတွေ၊ တောထဲကစောင်ပခက်တွေနဲ့ထမ်းတာတွေမြင်ရတာ။”ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့ခေါင်းဆောင် ကိုဇီးရိုးဝမ်းက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများရမ်းသမ်းပစ်ခတ်သည့် ကျည်ထိ၍ ချောင်းသလဲကျေးရွာရှိ နွားနှစ်ကောင်သေဆုံးပြီး နေအိမ်လေးလုံးမီးရှို့ခံခဲ့ရကြောင်း၊ ထို့အပြင် ကျေးရွာရှိနေအိမ်များအား ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသည်။

ပူးပေါင်းအဖွဲ့များ ရှင်းလင်းရေးဝင်ရာတွင် (၆၀) မမ ဒလက်လေးခု၊(၄၀) မမကျည်ခွံနှစ်ခု၊Pading ကျည်တစ်ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။