သတင်း ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက်သုံးခုကို စစ်ကောင်စီတပ် မီးရှို့ ယမန်နေ့ညက ချောင်းဦးမြို့ပေါ်ရှိရပ်ကွက်များမီးရှို့ခံရပြီးနောက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ချောင်းဦးမြို့အတွင်း ခြေရှုပ်နေကြောင်း၊ စစ်ကောင်စီတပ်သည် မြို့ပေါ်ရှိ ရတနာရွှေဂူဘုရားဝင်းအတွင်း တပ်စွဲစခန်းချထားကြောင်း သိရသည်။ LuduNwayOoမေ 12, 2023
သတင်း ရွှေဘိုအနောက်ခြမ်း၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေ စစ်ကောင်စီတပ်သည် မေလ ၈ ရက် နံနက်ပိုင်းက ရွှေဘိုနယ်အနောက်ခြမ်းရှိ သရက်ပင်ဝန်းကျေးရွာသို့ ဝင်ရောက်၍ နေအိမ် ၂၂လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမေ 10, 2023
သတင်း ထီးလင်းနယ်ရှိ အကြည်ဘန်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ပြည်သူသုံးဦး ရုပ်အလောင်းတွေ့ ထီးလင်းမြို့နှင့် ကျောက်ထုမြို့မှ ထွက်လာသည့် အင်အား ၂၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မေလ ၅ ရက်တွင် အကြည်ဘန်းရွာကို ဝင်ရောက်ခဲ့ပြီး မေလ ၆ ရက်နံနက် ၁၀နာရီခန့်တွင် ရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ LuduNwayOoမေ 7, 2023
သတင်း မြင်းမူနယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၆၀၀ကျော်မီးလောင်ပျက်စီးပြီး ပြည်သူနှစ်ဦး မီးလောင်သေဆုံး ယနေ့ (မေလ ၆ ရက်) နံနက် ၆နာရီခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာမှထွက်လာသည့်စစ်ကောင်စီတပ် စစ်ကြောင်းသည် မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာကို နံနက်၇နာရီခန့်တွင် စတင်ဝင်ရောက်ခဲ့သည်။ LuduNwayOoမေ 6, 2023
သတင်း ရေဦးနယ် ချမ်းသာရွာအထက်တန်းကျောင်းကို စစ်ကောင်စီတပ် မိုင်းခွဲပြီးမီးရှို့ဖျက်ဆီး စစ်ကောင်စီတပ်သည် ချမ်းသာကျေးရွာအား ၂၀၂၂ မေလ ၇ရက်၊ ဇွန်လ ၇ရက်နှင့် ဒီဇင်ဘာ ၁၄ရက်များကလည်းကောင်း၊၂၀၂၃ ဇန်နဝါရီ ၁၄ရက်နှင့် ၁၅ ရက်များကလည်းကောင်း လေးကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့သည်။ LuduNwayOoမေ 6, 2023
သတင်း တစ်ပတ်အတွင်း ခင်ဦးမှာ အိမ်ခြေ ၅၀၀ ခန့်မီးရှို့ခံရ မြို့သစ်ကျေးရွာမှာ အိမ်ခြေ ၄၀၀ကျော် ၊တပင်ကျောင်းတောင်ရွာ အိမ်ခြေ ၂၅ လုံး နဲ့ ကံကြီးကုန်းရွာမှာ အိမ် ၁ လုံးမီးရှို့ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်အဖွဲ့ရဲ့ စာရင်းမှာတွေ့ရပါတယ်။ LuduNwayOoဧပြီ 30, 2023
သတင်း မင်းလှမြို့နယ်ရှိ ချင်းရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး မင်းလှမြို့နှင့် မိုင် (၅၀)ကျော်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ရေယဉ်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၂ရက်တွင် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။ LuduNwayOoဧပြီ 28, 2023
သတင်း ခင်ဦးနယ်ရှိ မြို့သစ်ရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးရာ နေအိမ် ၄၀၀ ကျော်ပြာကျ ခင်ဦးမြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးအခံရဆုံး မြို့နယ်များတွင်ပါဝင်ပြီး ကျေးရွာ(၇၀)မှ နေအိမ်ပေါင်း ၅,၀၀၀ ဝန်းကျင်အထိ မီးရှို့ဖျက်ဆီးခံထားရသည်။ LuduNwayOoဧပြီ 27, 2023
သတင်း ခင်ဦးတွင် စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီး ယမန်နေ့ (ဧပြီ၂၆ ရက်)တွင် ကံကြီးကုန်းကျေးရွာရှိ နေအိမ် တစ်လုံးနှင့် ကွမ်းခြံတစ်ခုအား မီးရှို့ဖျက်ဆီးပြီး ညနေ ၅နာရီခန့်တွင် မြို့သစ်ကျေးရွာရှိ နေအိမ်များကိုလည်း ဆက်လက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဧပြီ 27, 2023
သတင်း မတ္တရာနယ်တွင် စစ်ကောင်စီတပ်က နှစ်ပတ်အတွင်း ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီး စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ ဖေဖော်ဝါရီအထိ မန္တလေးတိုင်းအတွင်း နေအိမ် ၃၈၆လုံးအား မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။ LuduNwayOoဧပြီ 26, 2023