Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက်သုံးခုကို စစ်ကောင်စီတပ် မီးရှို့

ယမန်နေ့ညက ချောင်းဦးမြို့ပေါ်ရှိရပ်ကွက်များမီးရှို့ခံရပြီးနောက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ချောင်းဦးမြို့အတွင်း ခြေရှုပ်နေကြောင်း၊ စစ်ကောင်စီတပ်သည် မြို့ပေါ်ရှိ ရတနာရွှေဂူဘုရားဝင်းအတွင်း တပ်စွဲစခန်းချထားကြောင်း သိရသည်။

(ချောင်းဦး မြို့ပေါ် ရှိ ရပ်ကွက်များအား စစ်ကောင်စီတပ်ရမီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-မိုးသားရိပ်)
(ချောင်းဦး မြို့ပေါ် ရှိ ရပ်ကွက်များအား စစ်ကောင်စီတပ်ရမီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-မိုးသားရိပ်)

▪️ဖမ်းဆီးခံပြည်သူများအား PDFများကမီးရှို့သွားကြောင်း လိမ်လည်အော်ခိုင်းနေ ▪️မီးလက်နက်ကြီးဖြင့်ပါ ပစ်ခတ်၍ ပြည်သူ နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက်သုံးခုကို မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးဖြင့်ပါ ပစ်ခတ် ခဲ့၍ ပြည်သူ နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မေလ ၉ ရက်နှင့် ၁၀ ရက်က မုံရွာနှင့် ချောင်းဦးမြို့နယ်တွင် မိုင်းဆွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရသည့် စစ်ကောင်စီတပ်သည် ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက် သုံးခုနှင့် ငါးယှန်ကျေးရွာအားလည်းကောင်း၊ မုံရွာမြို့နယ်ရှိ ကွမ်းခြံများကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် ချောင်းဦးမြို့နယ် ငါးယှန်ရွာအား ယမန်နေ့ညနေ ၆နာရီခွဲခန့်က လက်နက် ကြီးဖြင့်ပစ်ခတ် ဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မေလ ၁၀ ရက်ကလည်း ငါးယှန်ကျေးရွာအနီး၌ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီဘက်က အထိနာခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ စစ်ကောင်စီတပ်သည် ယမန်နေ့ည ၉ နာရီခန့်ကလည်း ချောင်းဦးမြို့ ရတနာရွှေဂူဘုရားကြီးအနောက်ဘက်ရပ်ကွက်ရှိ ပွဲရပ်၊ ညောင်ပင်ရပ်နှင့် မြေနန်းရပ် စသည့်ရပ်ကွက်များရှိ နေအိမ် များကို မီးရှို့ဖျက်ဆီးသွားကြောင်း ချောင်းဦးမြို့ခံများက ပြောသည်။

“ညောင်ပင်ရပ်ကနေ မီးစရှို့တာ။ ချောင်းဦးမီးသတ်နဲ့ မုံရွာမီးသတ်အဖွဲ့လာပြီး ငြှိမ်းတယ်။ အိမ်ခြေဘယ်လောက်ပါတယ်တော့ မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၉ရက်က ချောင်းဦးမြို့တွင် စျေးလာဝယ်သည့် စစ်ကောင်စီတပ်သားနှစ်ဦးပစ်ခတ်ခံရ၍ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဖမ်းဆီးထားသော ပြည်သူများကို ရတနာရွှေဂူဘုရားကြီးတောင်ဘက် နဂါးနီဗိမာန်တော်ဝန်းအတွင်းသို့ ခေါ်ဆောင်၍ “ဒီမီး ဘယ်သူ ရှို့တာလဲ၊ PDF တွေ ရှို့တာပါ ” ဟု လိမ်လည် အော်ခိုင်းကာ ဗီဒီယိုမှတ်တမ်းများ ရိုက်ယူနေကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

ယမန်နေ့ညက ချောင်းဦးမြို့ပေါ်ရှိရပ်ကွက်များမီးရှို့ခံရပြီးနောက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ချောင်းဦးမြို့အတွင်း ခြေရှုပ်နေကြောင်း၊ စစ်ကောင်စီတပ်သည် မြို့ပေါ်ရှိ ရတနာရွှေဂူဘုရားဝင်းအတွင်း တပ်စွဲစခန်းချထားကြောင်း သိရသည်။

ချောင်းဦးမြို့၏အဓိက ဝင်ထွက်ပေါက်များကို ပိတ်ဆို့ထားပြီး မြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းထားသည်။

အလားတူ ယမန်နေ့ (မေလ ၁၁ ရက်) ညနေ ၃ နာရီခန့်က မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်း၊ မြေနဲရွာနှင့် မင်းရွာကြားရှိ စွမ်းရည်ထက်ဆီဆိုင်အနီးရှိ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သည် မြေနဲရွာတိုးဂိတ်ဟောင်းအနီးသို့ ရောက်ရှိလာပြီး သုဿန်ဘေးရှိဝကွမ်းခြံ(၈)​ခြံထက်မနည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး(ပ.က.ဖ)အဖွဲ့က ပြောသည်။

မေလ ၁၀ ရက်ကလည်း မြေနဲရွာအနီးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။