Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်ရှိ ချင်းရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

မင်းလှမြို့နှင့် မိုင် (၅၀)ကျော်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ရေယဉ်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၂ရက်တွင် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

(မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရသော ရေယဉ်ရွာ။ ဓာတ်ပုံ - CJ)
(မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရသော ရေယဉ်ရွာ။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ အိမ်ခြေ ၂၅လုံးသာရှိသော ချင်းရွာတစ်ရွာကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးပြီး အဆိုပါရွာမှ ဒေသခံများအား လက်မခံကြရန် အနီးပတ်ဝန်းကျင် ကျေးရွာများအား ခြိမ်းခြောက်နေသည်။

မင်းလှမြို့နှင့် မိုင် (၅၀)ကျော်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ရေယဉ်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၂ရက်တွင် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

“ရွာက အိမ်‌ခြေနည်းပါတယ်။ဒါပေမယ့် လူဦးရေများတယ်။ တစ်ရာကျော်လောက် ထွက်ပြေးနေရပြီး ဘေးနားရွာတွေကို လက်မခံဖို့နဲ့ လက်ခံရင် မီးရှို့မယ်လို့ စစ်တပ်က ‌ခြိမ်းခြောက်ထားလို့ တောထဲမှာပဲနေရတယ်” ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။

ရေယဉ်ရွာတွင် အိမ်ခြေ ၂၅ လုံးသာရှိပြီး အိမ်ခြေ ၂၄လုံး မီးလောင်ပြာကျခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“တောင်ခြေရွာဗျ။ မြို့နဲ့ အရမ်းဝေးတယ်။ ဆန်တစ်အိပ်ရဖို့ တော်တော်ခက်တဲ့ရွာမှာ အခု တစ်ရွာလုံးကို မီးရှို့တာ။ စားစရာကို မရှိတော့ဘူး”ဟု မင်းလှမြို့ခံ လူမှုကူညီရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် မင်းလှမြို့နယ်ကို ဧပြီ ၂ဝ ရက်မှစ၍ စစ်ကြောင်းထိုးပြီး ရေယဉ်ရွာကို ဧပြီ၂၂ရက်တွင် မီးရှို့ဖျက်ဆီးခြင်းဟု အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက People’s Spring သို့ပြောသည်။

” ထိပ်တိုက်တိုက်ပွဲမရှိဘဲ အရပ်သားရွာကို ဖျက်ဆီးသွားတာ။ သူတို့အထက်ကို သတင်းတက်တဲ့အခါ စစ်ကြောင်းထိုးတဲ့အကြောင်း ပြချင်တာကြောင့် ရေယဉ်ရွာကို ဝင်ဖျက်သွားတဲ့အနေအထားပဲ”ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကြောင်းတွင် တပ်မ(၈၈)လက်အောက်ခံတပ်ရင်းအချို့၊ ကပစ (၂)၊ ကပစ (၁၀)နှင့် ကပစ (၁၃)အပြင် ရေတပ်ဝတ်စုံဝတ်စစ်ကောင်စီတပ်သားများလည်းပါဝင်ကြောင်း သတင်းရရှိသည်။ယင်းစစ်ကြောင်းသည် ဧပြီ ၂၆ရက်တွင် မင်းတုန်းမြို့သို့ ဝင်ရောက်သွားကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရသော ရေယဉ်ရွာဒေသခံများ၏ စားဝတ်နေရေးကို ဝိုင်းဝန်းကူညီပေးကြရန် လူမှုကူညီရေးအဖွဲ့များက မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook