Connect with us

Hi, what are you looking for?

News

‘လာမဝိုင်းနဲ့ သေတက်သည်’ဟုရေးထားသည့် ရွှေဘိုရဲစခန်းကို ဗုံး၁၀လုံးပစ်သွင်း

ဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်သားများက ချက်ချင်းပြန်မပစ်ရဲဘဲ PDF များဆုတ်ခွာမှသာ ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။

“လာမဝိုင်းနဲ့ သေတတ်သည်”ဟု သတိပေးစာကပ်ထားသော ရွှေဘိုမြို့ရဲစခန်းကို ဗုံး ၁၀လုံးပစ်ထည့်ကာ တိုက်ခိုက်ခဲ့သည်ဟု People Defense Force -Shweboက ယနေ့ ထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာ ၁၀ ရက်) နံနက် ၈ နာရီခန့်က လင့်စင်များပါဆောက်လုပ်ထားသော ရွှေဘိုမြို့ရဲစခန်းကို ရွှေဘို PDFက တောင်နှင့်မြောက် နှစ်ဖက်ညှပ်၍ ဗုံး၁၀ လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။

ဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်သားများက ချက်ချင်းပြန်မပစ်ရဲဘဲ PDF များဆုတ်ခွာမှသာ ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။

အဆိုပါ တိုက်ပွဲမှ PDF များထိခိုက်ကျဆုံးမှုမရှိဘဲ အနီရောင်နယ်မြေအတွင်းပြုလုပ်ရသော စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်သား သေဆုံးစာရင်းမသိရှိရသေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခုလအတွင်း ရွှေဘိုမြို့ရှိ ကညန ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်များက ဖောက်ခွဲဖျက်ဆီးမှုပြုလုပ်ထားပြီး စစ်တပ်ပိုင် Mytel တာဝါတိုင်ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။