Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့နယ်၌ ကုန်တင်ယာဉ်နှင့်ခရီးသည်တင်ယာဉ်များတစ်ပတ်ကြာ သွားလာခြင်လုံး၀မပြုရန် PDF ထုတ်ပြန်

ထုတ်ပြန်ချက်အတိုင်း လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာသော အကျိုးဆက်များကို လုံး၀ တာဝန်ယူမည်မဟုတ်ကြောင်းလည်း HPDFက ထုတ်ပြန်သည်။

ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF) အနေဖြင့် စစ်ဆင်ရေးများ ပြုလုပ်တော့မည်ဖြစ်၍ ကုန်တင်ယာဉ်နှင့်ခရီးသည်တင်ယာဉ်များ ယနေ့ (အောက်တိုဘာ ၉ရက်)မှစ၍ ၁၅ရက်နေ့အထိ တစ်ပတ်ကြာ သွားလာခြင်း လုံး၀မပြုလုပ်ရန် HPDFက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း၌ စစ်ရေးတင်းမာလျက်ရှိနေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များဖြင့် သွာလာလှုပ်ရှားနေခြင်းကြောင့် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။

“အရပ်သားကားတွေကို အသွင်ယူပြီး သွားနေကြလို့ အဲဒါကြောင့်။ လတ်တလော စစ်ရေးအခြေအနေက အလယ်တောဘက်မှာ ဝင်ကြမ်းနေတယ်။ ဧရာ၀တီမြစ်အရှေ့ဘက် သစ်ဆုံးအင်း တောဘက်ကိုလည်း နင်းနေတယ်”ဟု ထီးချိုင့်ဒေသခံတစ်ဦးက စစ်ကောင်စီတပ်၏ ဒေသတွင်း စစ်ရေးလှုပ်ရှားမှု အခြေအနေကို ပြောပြသည်။

ထုတ်ပြန်ချက်အတိုင်း လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာသော အကျိုးဆက်များကို လုံး၀ တာဝန်ယူမည်မဟုတ်ကြောင်းလည်း HPDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။