Connect with us

Hi, what are you looking for?

News

CDMဆရာမက (၇) နှစ်မြောက်သားမွေးနေ့အလှူအဖြစ် ချောင်းဦး PDF သို့လှူဒါန်း

စစ်ကောင်စီကို ခုခံစစ်ဆင်နွဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များထံ လက်နက်တပ်ဆင်နိုင်ရေးအတွက် အလှူငွေ လှူဒါန်းကြရန် ပြည်သူအချင်းချင်းက ဆော်သြနေကြသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် CDM ကျောင်းဆရာမတစ်ဦးက သူမ၏သား (၇)နှစ်မြောက်မွေးနေ့အလှူအဖြစ် ချောင်းဦးPDFသို့ အလှူငွေ လှူဒါန်းသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်မှ CDM ကျောင်းဆရာမတစ်ဦးက သူမ၏သား (၇)နှစ်မြောက်မွေးနေ့အလှူအဖြစ် တော်လှန်ရေးရံပုံငွေ သုံးသောင်းကို လှူဒါန်းပေးခဲ့ကြောင်း ချောင်းဦးPDFက ယနေ့(အောက်တိုဘာ ၁၀)သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့ လှူဒါန်းမှုအတွက် လေးစားဂုဏ်ယူကြောင်း အလှူရှင် CDM ကျောင်းဆရာမကို ဖေစ့်ဘွတ်ခ်လူမှုကွန်ရက် သုံးစွဲသူများက ချီးကျူးနေကြသည်။

စစ်ကောင်စီကို ခုခံစစ်ဆင်နွဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များထံ လက်နက်တပ်ဆင်နိုင်ရေးအတွက် အလှူငွေ လှူဒါန်းကြရန် ပြည်သူအချင်းချင်းက ဆော်သြနေကြသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်အမိန့်ကိုမနာခံဘဲ အာဏာဖီဆန်မှုပြုလုပ်နေသော နိုင်ငံတစ်ဝန်းရှိ CDM ဝန်ထမ်းအများစုမှာ
အကြမ်းဖက်စစ်ကောင်စု၏ ခြိမ်းခြောက်မှုအပါအဝင် အခက်အခဲမျိုးစုံရင်ဆိုင်နေကြရသည်။ထိုအခြေအနေတွင် CDM ဆရာမကိုယ်တိုင်ကသားမွေးနေ့အလှူအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့လှူဒါန်းခြင်းကြောင့် ပြည်သူများ၏ ချီးကျူးမှုခံနေရခြင်းဖြစ်သည်။

“ဆရာမရေ အမြဲတမ်း ဂုဏ်ယူနေမှာပါဗျ”ဟု ဖေစ့်ဘွတ်ခ်သုံးစွဲသူတစ်ဦးကလည်း မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။