မုံရွာမြို့တွင် စစ်ကောင်စီသတင်းပေး ဒလန်အကြီးစားဇော်စိုင်းအား သုတ်သင်လိုက်ကြောင်း PDF-South Monywaက ယနေ့ ကြေညာသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကြေးမုံကျေးရွာအတွင်း နေထိုင်သော အကြမ်းဖက်စစ်ကောင်စီသတင်းပေး ဒလန်အကြီးစား ဇော်စိုင်းအား ကျွန်ုပ်တို့ Monywa Heroes Group မှ ရဲဘော်နာရွှဲ့ဆွမ် မှ ဦးခေါင်းအား (Head Shot) ပစ်၍ သုတ်သင်ရှင်းလင်းခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
သတင်းပေးဒလန်များအား ၎င်းတို့၏လုပ်ရပ်များကို ရပ်တန်းကရပ်ရန် အကြိမ်ကြိမ်သတိပေးပြီးဖြစ်၍ ရပ်တန့်ခြင်းမရှိပါက အလားတူ သုတ်သင်ရှင်းလင်းခြင်းခံရမည်ဟု ထပ်ဆင့်သတိပေးကြောင်း PDF-South Monywaက ဆိုသည်။
အောက်တိုဘာ ၆ ရက်ကလည်း မုံရွာမြို့ ပြည်တော်သာရပ်ကွက်မှ စစ်ကောင်စီသတင်း ပေးအောင်စိုးဆိုသူအား သာစည်လမ်းတွင် PDF-South Monywa က ရှင်းလင်းခဲ့သည်။

Public Service Announcement
ယခုလအတွင်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း စစ်ကောင်စီ အခြေစိုက်နေရာများတွင် ဗုံခွဲတိုက်ခိုက်မှုများပြုလုပ်ထားပြီး စစ်ကောင်စီတပ်သားများသေဆုံးမှုလည်းရှိထားသည်။


















































