News စစ်ကောင်စီတပ်က ဒေသခံများ၏ ဆန်အိတ်များကိုဒီဇယ်လောင်းဖျက်ဆီး၊ ဘာသာရေးနှင့် နေအိမ်အဆောက်အအုံများလည်း ဖျက်ဆီးဟု CDF ပြော ဩဂုတ်လကုန်ပိုင်းက မင်းတပ်မြို့နယ်ချပ်ရွာ၌ စခန်းချခဲ့သည့် စစ်ကောင်စီတပ်သည် လူနေအိမ် များသာမက ဘာသာအရေးအဆောက်အဦးများကိုပါဖျက်ဆီးခဲ့ကြောင်း ၊ နေအိမ်ရှိ ပစ္စည်းများကို ဝင်ရောက်မွှေနှောက်ပြီး ၎င်းတို့လိုချင်သည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း ၎င်းက ဆိုသည်။ LuduNwayOoစက်တင်ဘာ 1, 2021
News တောင်ကြီးမြို့တွင် စစ်ကောင်စီတပ်ကို SSFFကဗုံးခွဲတိုက်ခိုက် ရှမ်းပြည်ဖက်ဒရယ် တပ်ဦး SSFF သည် ယခင်တွင် ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုများအား ကြေညာခြင်းမပြုခဲ့သော်လည်း စစ်ကောင်စီတပ်များသည် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် မဆိုင်သည့် ပြည်သူများအား ဖမ်းဆီးခြင်းများပြုလုပ်သောကြောင့် ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟုလည်းပါရှိသည်။ LuduNwayOoစက်တင်ဘာ 1, 2021
News လွိုင်ကော်မြို့နယ်တွင် ကရင်နီပူးပေါင်းတပ်နှင့်စစ်ကောင်စီတိုက်ပွဲဆက်ဖြစ်၊ နှက်ဖက်ထိခိုက်မှုရှိ အဆိုပါ တိုက်ပွဲတွင် ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်မှ ရဲဘော်အချို့ အသေးစားထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်ဟု KNDFက ဆိုသည်။ LuduNwayOoဩဂုတ် 31, 2021
News ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်နေရာနှစ်ခု၌ မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးမှုများ “သူတို့ဘက်က ခန့်မှန်းခြေတော့ ၅၀၊ ၆၀ လောက်ရှိမယ်ထင်တယ်။ စစ်ကြောင်းက ပုသိမ်-မုံရွာလမ်းအတိုင်း ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက သူတို့က ရောက်လာတာ။ ရောက်လာပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်မယ့်သဘော။ အဲဒီမှာ စထွက်တာမှာတင် သူတို့ ဆွဲမိုင်းတွေမိတဲ့သဘောပဲ။ PDF က တစ်ယောက် ကျတယ် ပြောတယ်”ဟု ၎င်းက... LuduNwayOoဩဂုတ် 31, 2021
News စစ်ကောင်စီခန့် MIC ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခုကို လုပ်ငန်းများရပ်ဆိုင်းရန် NUGပြန်ထုတ် တားမြစ်ချက်ကို လိုက်နာခြင်းမရှိသော ကုမ္ပဏီများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဟုလည်း ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 31, 2021
News KNU တပ်မဟာ(၅)နယ်မြေတွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၁၃၀ ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ၁၂၀ဦးနီးပါးသေဆုံး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟ(၅) နှင့် စစ်ကောင်စီတပ်တို့ ဩဂုတ်လအတွင်း တိုက်ပွဲ ၁၃၀ ကြိမ်ဖြစ်ပွားရာ စစ်ကေင်စီတပ်မှ ၁၁၈ဦးသေဆုံးပြီး ၆၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။ LuduNwayOoဩဂုတ် 31, 2021
News စစ်ကောင်စီစစ်ကူတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့၍ လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိဟု MNDAA ထုတ်ပြန် တိုက်ပွဲဖြစ်ပွားရခြင်းမှာ မုံးကိုဒေသသို့ စစ်ကူတပ်လာသည့် စစ်ကောင်စီတပ်ကို ကိုးကန့်တပ်ဖွဲ့က ပန်ဆိုင်းနှင့် နမ့်ဟူးကြား၌ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ LuduNwayOoဩဂုတ် 31, 2021
News ကောလင်းနယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဖြင့်တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုများ “ခုနစ်စီးလာတာကို ၂စီးခွဲတာလို့ ပြောတယ်။ ဥတုန်းမင်နားမှာ ပြောတယ်။ ထိခိုက်ဒဏ်ရာရ ၈၀လောက်လို့ ပြောတယ်။ အတိအကျတော့မသိဘူး”ဟု ကောလင်းဒေသခံက ပြောသည်။ LuduNwayOoဩဂုတ် 30, 2021
News ကင်းမရွာတွင် မိုင်းထိ၍ စစ်ကောင်စီတပ်ဖွဲ့ ဝင်နှစ်ဦးသေ ၊တစ်ဦးဒဏ်ရာရ မကွေးတိုင်း ပေါက်မြို့နယ် ကင်းမကျေးရွာတွင် မိုင်းထိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 30, 2021
News မတရားဖမ်းဆီးခံရသူတွေရဲ့ ၈၂ ရာခိုင်နှုန်းကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရ အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၇၆၂၇ ဦး ရှိခဲ့ရာ ဖမ်းဆီးခံများကို ဘယ်နေရာမှာချုပ်နှောင်ထိန်းသိမ်းထားတယ်ဆိုတာကို စစ်အုပ်စုက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ LuduNwayOoဩဂုတ် 30, 2021