Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်​ကောင်စီအထိ့နာ​နေ​သောမုံးကိုး​ဒေသတွင် တိုက်ပွဲ ဆက်ဖြစ်​နေ

စက်တင်ဘာလ ၁ ရက် မနက် တိုက်ပွဲမှာအထူးဒေသ (၁) မုန်းကိုး ခရိုင် တပ်စွဲထားသည် MNDAA တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

MNDAA နှင့် အာဏာသိမ်းစစ်​ကောင်စီတပ်တို့ မုံးကိုး​ဒေသတွင် သြဂုတ် ၃၁ ရက်နှင့် ယ​နေ့( စက်တင်ဘာ ၁ရက်) က တိုက်ပွဲ ဖြစ်ပွား​နေစဥ် ဗီဒီယိုဖိုင်အတိုကို MNDAA ၏ သတင်းပြန်ကြား​ရေး ​ဖေ့စ်ဘွခ်ဖြစ်​သော The KoKang ကယ​နေထုတ်ပြန်သည်။

မုန်းကိုး ခရိုင် မန်မွန်ရွာ နှင့် လောကူရွာ အကြားလမ်းပေါ် သြဂုတ်လ ၃၁ ရက် နံနက်ကိုးနာရီခန့် MNDAA တပ်မဟာ ၅၁၁ နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွား​သောတိုက်ပွဲမှာ ပြင်းထန် ​ကြောင်း​ဖော်ပြထားသည်။

သို့​သော် တိုက်ပွဲတွင် ထိ့ခိုက်​သေဆုံးဒဏ်ရာရရှိမှုများကိုမထုတ်ပြန်​သေး​သော်လည်း ယ​​နေ့နံနက် တိုက်ပွဲ ဗီဒီယိုဖိုင်တွင် စစ်​ကောင်စီတပ် ဖွဲ့ဝင်တစ်ဦး၏ ရုပ်အ​လောင်းများကို​တွေ့ရသည်။

စက်တင်ဘာလ ၁ ရက် မနက် တိုက်ပွဲမှာအထူးဒေသ (၁) မုန်းကိုး ခရိုင် တပ်စွဲထားသည် MNDAA တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မုံးကိုး​ဒေသတွင် စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်နှင့် MNDAA တို့ ယခုရက်ပိုင်းဆက်တိုက် တိုက်ပွဲ ဖြစ်ပွား​နေပြီး စစ်​ကောင်စီတပ်များအထိ့နာ​နေသည်။သြဂုတ် ၃၀ ရက်က တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦး​သေဆုံးပြီး၊အနည်းဆုံး ၄ ဦးဒဏ်ရာရကာ လက်နက်ခဲယမ်းများစွာကို MNDAA ကသိမ်းဆည်းနိုင်ခဲ့သည်။ သြဂုတ် ၂၈ ရက်ကတိုက်ပွဲတွင်လည်း စစ်​ကောင်စီတပ်မှ ၅ ဦး​သေဆုံးပြီး ၂၀ ဦးဒဏ်ရာရကာ လက်နက်ခဲ့ယမ်းများစွာ MNDAA ကသိမ်းဆီးနိုင်ခဲ့သည်။

ဗီဒီယို – The Kokang

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး ဇီးတောကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အပါအ၀င် သေဆုံးသူများပြီး လက်နက်ခဲယမ်းတချို့သိမ်းရတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

Facebook