Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ကောင်စီတပ်နေရာယူထားသည့် တောင်ကုန်းကို ကိုးကန့်တပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်

တောင်ကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သော်လည်း နယ်စပ်တစ်၀ိုက်တွင် စစ်ကောင်စီတပ်များ ရှိနေသေး၍ ဆက်လက်ထိုးစစ်ဆင်လာပါက တိုက်ပွဲ ပြင်းထန်နေမည်ဖြစ်ကောင်း MNDAA ၏ တိုက်ပွဲ ဝင်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသ၌ စစ်ကောင်စီတပ်နေရာယူထားသည့် တောင်ကုန်း တစ်ခုကို ယနေ့တိုက်ခိုက်သိမ်းပိုက်လိုက် ကြောင်း ကိုးကန့်လက်နက် ကိုင်တပ် ဖွဲ့(MNDAA)က သတင်း ထုတ်ပြန်သည်။

ဩဂုတ် ၃၀ ရက်ညပိုင်းတွင် စစ်ကောင်စီတပ်က အခြေချနေရာယူခဲ့သည့် တောင်ကုန်းတစ်ခုကို
ယနေ့ စက် တင်ဘာလ (၁) ရက်တွင် MNDAA တပ်မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း
တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးခဲ့ပြီး MNDAA ဘက်မှ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ လက်နက်ပစ္စည်းအချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။

တောင်ကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သော်လည်း နယ်စပ်တစ်၀ိုက်တွင် စစ်ကောင်စီတပ်များ ရှိနေသေး၍ ဆက်လက်ထိုးစစ်ဆင်လာပါက တိုက်ပွဲ ပြင်းထန်နေမည်ဖြစ်ကောင်း MNDAA ၏ တိုက်ပွဲ ဝင်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် မုံးကိုးဒေသ၌ ဇူလိုင်လကတည်းက တိုက်ပွဲများ ဖြစ်ပွားနေရာ ဩဂုတ်လကုန်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

သြဂုတ်လ (၃၀) ရက် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က အနည်းဆုံး ၅ဦးသေဆုံး ၁၀ဦးကျော် ဒဏ်ရာရခဲ့ပြီး MNDAA ဘက်က ၁ဦးကျဆုံး ၂ဦးဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်ခဲ့သည်။

သြဂုတ် ၃၁ရက်က တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး (၁၀)ဦး သေဆုံးပြီး MNDAA ဘက်မှ (၁) ဦးကျဆုံးခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီတပ်ထံမှ MG-3 စက်လက် တစ်လက် သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
လတ်တလောတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ အထိနာခဲ့သော်လည်း အင်အားများ ဆက်လက်စုစည်းပြီး မုံးကိုးဒေသသို့ ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။

MNDAA ၏ တော်လှန်ရေးလမ်းစဉ်သည် တိုင်းရင်းသားအသီးသီးတို့၏ ရသင့်ရထိုက်သော နိုင်ငံရေးအခွင့်အရေးများ ဖော်ဆောင်ပေးရန်ဖြစ်၍ နိုင်ငံတော်ကို ဖျက်ဆီးနေသော အာဏာသိမ်းစစ်ကောင်စီ အား လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဖြင့် တစိုက်မတ်မတ် ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဗီဒီယို – The Kokang

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook