သတင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၈)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်သုံးဦးသေဆုံး မီးရှို့ခံရသည့်အိမ်များထဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏နေအိမ်များပါဝင်သလို ပြည်ခိုင်ဖြိုးပါတီ အမာခံနေအိမ်များလည်းပါဝင်ကြောင်း၊ မုံရွာမြို့တွင်တာဝန်ကျနေသော ဒုရဲအုပ်ရဲမေ၏ မိဘအိမ်လည်းပါဝင်ကြောင်း Kotaungbo Revolution KTB-Rက အသိပေးသည်။ LuduNwayOoဇွန် 11, 2022
သတင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒီးမော့ဆို၌ ပြည်သူတစ်ဦးသေဆုံးပြီး (၅)နှစ်ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရ ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်က ယမန်နေ့ည (ဇွန်လ ၁၀ရက်ည) ၉နာရီခန့်တွင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၍ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ငံရိုးကျေးရွာ ရှိ ပြည်သူလူထု နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 11, 2022
သတင်း တန့်ကြည်တောင်ကိုဘုရားဖူးသွားတဲ့ ဟိုက်ဂျက်ယာဉ်ပစ်ခတ်ခံရပြီး အမျိုးသားကြီးတစ်ဦး သေဆုံး သေနတ်ပစ်ခတ်ခံရပြီးနောက် ဆေးကုသမှုပြုလုပ်ဖို့ ပုဂံဘက်ခြမ်းကို သယ်ဆောင်ခဲ့ပေမယ့် အသက်သေဆုံးသွားပါတယ်။ LuduNwayOoဇွန် 7, 2022
သတင်း အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိုးဗြဲဒေသခံတစ်ဦး သေဆုံး စစ်ကောင်စီတပ်လက်နက်ကြီးကျည် မိုးဗြဲမြို့ စျေးကုန်းရပ်ကွက်သို့ ကျရောက်ခဲ့ရာ ဒေသခံပြည်သူ နှစ်ဦးထိမှန်ပြီး တစ်ဦး သေဆုံးခဲ့ရသည်ဟု မိုးဗြဲဒေသခံတစ်ဦးက အသိပေးရေးသားထားသည်။ LuduNwayOoဇွန် 7, 2022
သတင်း စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်နေ၍ သထုံမြို့နယ်ရှိ ရွာလေးရွာမှ ဒေသခံသုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရ စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှစကာ လက်နက် ကြီးများဖြင့် နေ့စဉ် အဆက်မပြတ်ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေး၊ ထုံးဘိုကြီး ရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 6, 2022
သတင်း ဝီယော်တပ်စခန်းကို KNLA/PDFပူးပေါင်းတပ် သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုများနိုင် ဇွန်လ ၂ရက်ကလည်း ဝီယော်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ထုံးဘိုကြီးနှင့်ထုံးဘိုလေးကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်။ LuduNwayOoဇွန် 5, 2022
သတင်း ပဲခူးမြို့တွင် ယာဥ်စစ်အဖွဲ့က ကားရပ်မပေး၍ပစ်ခတ်ရာ ဒုရဲမှူးတစ်ဦးသေ သေဆုံးသွားသူမှာ သီဟဆိုသူဖြစ်ပြီး ၎င်းသည် ပဲခူးမြို့ဇာတိဖြစ်ကာ စစ်ကောင်စီလက်အောက် တွင် ဒုရဲမှူးရာထူးဖြင့် ပြင်ဦးလွင်မြို့၌ တာဝန်ကျနေသူဖြစ်သည်။ LuduNwayOoဇွန် 2, 2022
သတင်း အရာတော်တွင် စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်အကြမ်းဖက်၍ ဒေသခံများထွက်ပြေးနေရ "စကစတွေက ရွာဝင်လာရင်ကို အရင်လက်နက်ကြီးတွေနဲ့ထုပါတယ်ဗျနောက်မီးရှို့ပါတယ်။ အရာတော်မြောက်နယ် အုပ်ရှစ်ကြီး ၊ လိမ်လှ စတဲ့ရွာတွေဘက်မှာဗျ"ဟု Ayadaw Bone Naing- A.B.N PDF အဖွဲ့ တာဝန်ရှိသူကပြောသည်။ LuduNwayOoမေ 29, 2022
News မုံရွာ-မန္တလေးလမ်းတွင်စစ်တပ်က အိမ်စီးကားတစ်စီးကိုပစ်ခတ်၍ ဆေးကျောင်းသားတစ်ဦးဦးခေါင်းထိ့မှန်သေဆုံး "ကားက အရှိန်ပါလာတဲ့အတွက် ရုတ်တရက် မရပ်နိုင်ခင်မှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ကြပါတယ်။ ကားပေါ်မှာ လိုက်ပါလာတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတဦးဖြစ်သူ ကိုကျော်ညီဇင်ရဲ့ဦးခေါင်းကိုထိမှန်ခဲ့ပါတယ်။"ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။ LuduNwayOoမေ 21, 2022
News ရန်ကုန်မြို့ မရမ်းကုန်းနှင့် လှိုင်တွင် ပစ်ခတ်၊ ပေါက်ကွဲမှုဖြစ် "(၈)မိုင်တံတားမှာ ပစ်ခတ်သံတွေကြားနေရတယ်။ လမ်းကြောင်းတွေလည်း အတော်ပိတ်ပါတယ်။ YBS စီးရင်း ဘူမသိကိုးမသိ ဝပ်နေလိုက်ရတယ်"ဟု ခရီးသွားပြည်သူတစ်ဦးက ကိုယ်တွေ့ကြုံရပုံကို ပြောသည်။ LuduNwayOoမေ 20, 2022