Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ ​ဒေသခံပြည်သူသုံးဦးသေဆုံး

ယနေ့ နံနက် ၁၀ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ရှိ(၂၇၄)တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာအပြစ်မဲ့ပြည်သူသုံးဦး သေဆုံးခဲ့ရခြင်းဟု CDF မင်းတပ် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

(မင်းတပ်ရှိ စစ်​ကောင်စီ၏ တပ်မဟာ ၂၇၄ တပ်ရင်းကိုအ​ပေါ်စီးမှ​တွေရစဥ်)
(မင်းတပ်ရှိ စစ်​ကောင်စီ၏ တပ်မဟာ ၂၇၄ တပ်ရင်းကိုအ​ပေါ်စီးမှ​တွေရစဥ်)

ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဒေသခံများရှိနေသည့်တောင်ယာအနီး ကျရောက်ပေါက်ကွဲပြီး ​ဒေသခံပြည်သူသုံးဦးသေဆုံးခဲ့ရသည်ဟု CDF မင်းတပ်က ထုတ်ပြန် သည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ရှိ(၂၇၄)တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာအပြစ်မဲ့ပြည်သူသုံးဦး သေဆုံးခဲ့ရခြင်းဟု CDF မင်းတပ် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် မွီတွီကျေးရွာအနီး တောင်ယာတဝိုက်တွင် ကျရောက်ပေါက်ကွဲပြီး (၇၀)အရွယ် အမျိုးသားတစ်ဦး၊ (၆၀)အရွယ်နှင့် (၃၀)အရွယ် အမျိုးသမီးနှစ်ဦးလက်နက်​ကြီး ထိမှန်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

အပြစ်မဲ့ပြည်သူများအပေါ် စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်များအ​ပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟုလည်း CDF မင်းတပ်က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။