Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

မှန်းထားတဲ့အတိုင်း ဟွန်ဆန်းက နစ်နာသူယောင် ဆောင်နေပြန်ပြီလို့ ဖေထောင်ထန် ခနဲ့

ခန့်မှန်းထားသလိုပဲ ဟွန်ဆန်းဟာ နစ်နာသူလို လုပ်ပြနေပြန်တယ်လို့ လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က လူမှုကွန်ရက် မီဒီယာမှာ ခနဲ့ပြီး ရေးသားခဲ့ပါတယ်။

Reuters

ခန့်မှန်းထားသလိုပဲ ဟွန်ဆန်းဟာ နစ်နာသူလို လုပ်ပြနေပြန်တယ်လို့ လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က လူမှုကွန်ရက် မီဒီယာမှာ ခနဲ့ပြီး ရေးသားခဲ့ပါတယ်။

ဖေထောင်ထန်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ကိစ္စ တင်းမာမှုတွေ ရှိနေချိန်မှာ ကမ္ဘာဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှုကို အကြောင်းပြုပြီး ရာထူးက ဆိုင်းငံ့ ခံထားရတာ ဖြစ်ပါတယ်။ သူက အဲဒီ အသံဖိုင်ထဲမှာ ထိုင်းစစ်တပ်ကို ပုတ်ခတ်တဲ့ စကားတချို့ ပြောမိခဲ့တာကြောင့် ပြဿနာ တက်ခဲ့တာပါ။ ဖေထောင်ထန်ဟာ ဟွန်ဆန်းနဲ့ ပုဂ္ဂိုလ်ရေး အရမ်းရင်းနှီးမှု ရှိနေတာကြောင့် လက်ရှိ နယ်စပ် ပဋိပက္ခကို ကိုင်တွယ်ဖို့ ကျင့်ဝတ်ပိုင်း မေးခွန်းထုတ်စရာတွေ မြင်နေရတယ်လို့ ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ယူဆပြီး သူ့ကို ဝန်ကြီးချုပ် အဖြစ်ကနေ ယာယီ ဆိုင်းငံ့ထားတာပါ။

Reuters

ပြဿနာ တက်ခဲ့တဲ့ အသံဖိုင်ကို တမင်တကာ ဖွင့်ချလိုက်တယ်ဆိုတဲ့ ဖေထောင်ထန်ဖက်က စွပ်စွဲချက်အပေါ် လက်ရှိ ကမ္ဘောဒီးယား လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့ ဟွန်ဆန်းက ငြင်းဆိုထားပါတယ်။ အခုတော့ နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခ စတင်လာတဲ့ အချိန်မှာ ဖေထောင်ထန်က ဟွန်ဆန်းနဲ့ ငြိခဲ့တဲ့ အရင်ကိစ္စကို ရည်ညွှန်းပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကို ထိုးနှက်လိုက်တာပါ။

ထင်ထားတဲ့အတိုင်း နစ်နာသူလို ဟန်ဆောင် လုပ်ပြနေပြန်ပြီလို့ ဖေထောင်ထန်က ဟွန်ဆန်းရဲ့ပုံကို Instagramမှာ တင်ပြီး ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟွန်ဆန်းရဲ့ သားဖြစ်သူ လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ကမ္ဘောဒီးယားဟာ ထိုင်းရဲ့ လက်နက်ကိုင် ရန်လို တိုက်ခိုက်မှုကြောင့် ရွေးချယ်စရာ မရှိဘဲ လက်တုံ့ပြန်ရပါတယ်လို့ ပြောကြားခဲ့ပြီး မကြာခင်မှာ ဖေထောင်ထန်က ဟွန်ဆန်းကို ပစ်မှတ်ထား ထိုးနှက်လိုက်တာပါ။

ဟွန်ဆန်းနဲ့ ဖေထောင်ထန်တို့ မိသားစုကြားမှာ အရင်က ပုဂ္ဂိုလ်ရေး ရင်းနှီးမှုတွေ ရှိခဲ့ပေမယ့်လည်း အသံဖိုင် ပေါက်ကြားပြီးနောက်ပိုင်း အခါးသီးဆုံး ဆက်ဆံရေးမျိုးအဖြစ် ပြောင်းလဲသွားပါတယ်။

ထိုင်းစစ်တပ်ရဲ့ ကြေညာချက်မှာတော့ ဇူလိုင် ၂၄ ရက် မနက်ပိုင်းတုန်းက နယ်ခြားမှာရှိတဲ့ ထိုင်းစစ်စခန်းကို ကမ္ဘောဒီးယားက စတင်ပစ်ခတ်တာကြောင့် တိုက်ပွဲတွေ စတင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။