Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းတိုက်လေယာဉ်တွေကို ပစ်ချခဲ့တယ်လို့ ကမ္ဘောဒီးယားက သတင်းမှား ဖြန့်နေတယ်လို့ ထိုင်းလေတပ်စွပ်စွဲ

ကမ္ဘောဒီးယား သတင်းဌာန တချို့နဲ့ လူမှုကွန်ရက် သုံးစွဲသူတွေက ထိုင်း F-16 တိုက်လေယာဉ်တွေ ပစ်ချခံရကြောင်း သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ ထိုင်းလေတပ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား သတင်းဌာန တချို့နဲ့ လူမှုကွန်ရက် သုံးစွဲသူတွေက ထိုင်း F-16 တိုက်လေယာဉ်တွေ ပစ်ချခံရကြောင်း သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ ထိုင်းလေတပ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ထိုင်းလေတပ်ရဲ့ F-16 တိုက်လေယာဉ်တွေဟာ လက်ရှိ ဖြစ်ပွားနေတဲ့ နယ်စပ် ပဋိပက္ခမှာ ကမ္ဘောဒီးယား စစ်စခန်း နှစ်ခုကို ဗုံးကြဲပြီးတဲ့နောက် အခြေစိုက် စခန်းဆီ ချောချောမောမော ပြန်လည် ရောက်ရှိနေနှင့်ပြီး ဖြစ်တယ်လို့ ထိုင်းလေတပ်က ကြေညာပါတယ်။

ကမ္ဘောဒီးယား တပ်ရင်းတချို့ရဲ့ ပစ်မှတ်တွေပေါ် ဗုံးတွေ ကြဲချခဲ့တဲ့နောက် အခြေစိုက် စခန်းကို ဘေးမသီ ရန်မခနဲ့ F-16 တိုက်လေယာဉ် ၆ စီးလုံး ပြန်ရောက်နေပြီလို့ ထိုင်းစစ်တပ်က လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားပါတယ်။

ကမ္ဘောဒီးယား စစ်တပ်ကတော့ ထိုင်းဟာ တိုက်လေယာဉ်တွေကိုပါ အသုံးပြုတယ် ဆိုတာက နယ်စပ် ပဋိပက္ခကို အလွန်အကျွံ အင်အားသုံးတဲ့ အဓိပ္ပါယ်လို့ စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးပဋိပက္ခ တစ်ခုဖြစ်လာချိန် ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ လုပ်ကြံ ဖန်တီးထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတာဟာ အခုတလောမှာ အတွေ့ရများတဲ့ အခြေအနေ တစ်ခု ဖြစ်လာပါတယ်။ ဥပမာ အစ္စရေး-အီရန် ပဋိပက္ခ အတွင်းမှာ အစ္စရေးရဲ့ F-35 တိုက်လေယာဉ်တွေနဲ့ အမေရိကန်ရဲ့ B-2 ဗုံးကြဲလေယာဉ်တွေ ပျက်ကျနေတယ်ဆိုတဲ့ AIနဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံ အတုတွေဟာ လူမှုကွန်ရက်တွေပေါ် အလုံးအရင်း ပျံ့နှံ့ခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။