Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို တရုတ်တိုက်တွန်း

ပြဿနာကို ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းတွေနဲ့ အဖြေရှာကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား အစိုးရတွေကို တရုတ်က တိုက်တွန်းလိုက်ပါတယ်။

Getty Images

ဇူလိုင် – ၂၄ ၊၂၀၂၅/People’s Spring

ပြဿနာကို ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းတွေနဲ့ အဖြေရှာကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား အစိုးရတွေကို တရုတ်က တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကောင်ကျိကွန်းက ဇူလိုင် ၂၄ ရက်နေ့မှာ နယ်စပ် တင်းမာမှုတွေကို အကြောင်း ပြုပြီး စတင်လာတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက စစ်ရေး ပဋိပက္ခဟာ အပြန်အလှန် ညှိနှိုင်းမှုတွေ၊ တိုင်ပင် နှီးနှောမှုတွေနဲ့ ပြေငြိမ်းနိုင်စေဖို့ မျှော်လင့်ကြောင်း နေ့စဉ် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ အစီအစဉ်မှာ ပြောကြားသွားပါတယ်။

ဒီကိစ္စမှာ တရုတ်ဟာ တရားမျှတပြီး ဘက်မလိုက်တဲ့ မူဝါဒမျိုးကို ကိုင်ဆွဲ ရပ်တည်သွားမယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ အမြဲတမ်း လက်ကိုင်ပြုခဲ့တဲ့ မူဝါဒအတိုင်း ငြိမ်းချမ်းရေး၊ စေ့စပ်ဆွေးနွေးရေးဆိုတဲ့ ရွေးချယ်မှုတွေကိုပဲ အားပေး ထောက်ခံသွားမှာ ဖြစ်ကြောင်း၊ ပဋိပက္ခတွေကို လျှော့ချနိုင်ရေးအတွက် အပြုသဘောဆောင်တဲ့ ရှုထောင့်ကနေ ပါဝင်ဖို့ တရုတ်က ဆန္ဒရှိကြောင်းလည်း ကောင်က ပြောပါတယ်။

လဆန်းပိုင်းတုန်းကလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ အနေနဲ့ နယ်စပ်ပြဿနာကို ညှိညှိနှိုင်းနှိုင်း ဖြေရှင်းကြဖို့ လိုတယ်လို့ တိုက်တွန်းခဲ့ဖူးပါတယ်။

နောက်ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား သင့်မြတ်စွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် တရုတ်ဟာ နှစ်ဖက်အကျိုးကို လိုလားတဲ့ အခန်းကဏ္ဍမျိုးကနေ ပါဝင်ပေးဖို့ လိုလိုလားလား အသင့်ရှိကြောင်း ဝမ်က ပြောခဲ့ဖူးပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

Facebook