Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်မြေ ထိပါးကျူးကျော်ဖို့ အရပ်သားတွေကို မြှောက်မပေးနဲ့လို့ ကမ္ဘောဒီးယားကို ထိုင်းသတိပေး

ထိုင်းပိုင်နက်ထဲ ကျူးကျော် ရန်စဖို့အတွက် အရပ်သားတွေ မြှောက်ပင့်ပေးပြီး အသုံးချတဲ့ နည်းလမ်းမျိုး မသုံးဖို့ ကမ္ဘောဒီးယားကို ထိုင်းက သတိပေး တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - Royal Thai Army

ထိုင်းပိုင်နက်ထဲ ကျူးကျော် ရန်စဖို့အတွက် အရပ်သားတွေ မြှောက်ပင့်ပေးပြီး အသုံးချတဲ့ နည်းလမ်းမျိုး မသုံးဖို့ ကမ္ဘောဒီးယားကို ထိုင်းက သတိပေး တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ကမ္ဘောဒီးယား အနေနဲ့ ထိုင်းဖက်ခြမ်းကို ထိပါး ကျူးကျော်ဖို့ ပြည်သူတွေရဲ့ လုံခြုံရေးကိုတောင် မငဲ့ဘဲ အသုံးချနေတဲ့ လုပ်ရပ်တွေ ရပ်တန်းက ရပ်သင့်ပြီလို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဲဒီမတိုင်ခင် တစ်ရက်တုန်းက ထိုင်းရဲ့ ဆာခိုပြည်နယ်နဲ့ ကမ္ဘောဒီးယား နယ်စပ်နားမှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြ ကမ္ဘောဒီးယား ရွာသားတွေ ငြိကြတဲ့နောက် ထိုင်းက အခုလို သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ပဋိပက္ခ အတွင်းမှာတော့ ဆန္ဒပြသူတွေကို ထိုင်းရဲတွေက ရာဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ လုံခြုံရေး အရာရှိတွေက အတတ်နိုင်ဆုံး သည်းခံပြီး အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့ပေမယ့် ခဲတွေ၊ တုတ်တွေ၊ လေးခွတွေနဲ့ အပစ်ခံရလို့ ထိုက်သင့်သလို တုံ့ပြန်ခဲ့ရတာလို့ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မျက်မြင်တွေကတော့ ထိုင်းဖက်ခြမ်းမှာ အာဏာပိုင်တွေက သံစည်းရိုးခွေတွေ ချပြီး လမ်းပိတ်ထားတာကို မကျေနပ်လို့ ကမ္ဘောဒီးယား ပြည်သူတွေက ကန့်ကွက်ရာက ပြဿနာ စတင်ခဲ့တာလို့ ပြောပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့က ဖြစ်စဉ်မှာ နှစ်ဖက်စလုံး ဒဏ်ရာရသူတချို့လည်း ရှိခဲ့ပါတယ်။ ပြီးတော့ ဒါဟာ နယ်စပ် အငြင်းပွားမှုကြောင့် ဇူလိုင်လထဲမှာ နှစ်နိုင်ငံ စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း အပြင်းထန်ဆုံး ထိပ်တိုက်ငြိတဲ့ ကိစ္စလည်း ဖြစ်လာပါတယ်။

ကမ္ဘောဒီးယား အစိုးရက ထိုင်းအာဏာပိုင်တွေဟာ အရပ်သား ပြည်သူတွေအပေါ် အလွန်အကျွံ အင်အားသုံးခဲ့တယ်လို့ ပြစ်တင်ခဲ့ပေမယ့် ထိုင်းဖက်က တုံ့ပြန်ရာမှာတော့ သက်ဆိုင်ရာ အရာရှိတွေဟာ နိုင်ငံတကာက လက်ခံထားတဲ့ ကျင့်ဝတ်၊ စံနှုန်းတွေနဲ့ အညီသာ ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ ကမ္ဘောဒီးယား အရပ်သားတွေက ပြောဆိုတားဆီးလို့ မရဘဲ ဆက်ပြီး ရန်စ ကျူးကျော်လာနေတာကြောင့်လည်း အဓိကရုဏ်း နှိမ်နင်းရေး လုပ်ထုံးလုပ်နည်းတွေကို ထုတ်သုံးခဲ့ရတာလို့ ထိုင်းက ဆိုပါတယ်။

ကမ္ဘောဒီးယား အစိုးရဟာ အရပ်သားတွေကို မြှောက်ပေးပြီး ထိုင်းပိုင်နက်ကို ထိပါးတဲ့ နည်းလမ်းမျိုးကို ထုတ်သုံးတဲ့အခါ အဲဒီ အသုံးချခံ ပြည်သူတွေရဲ့ လုံခြုံရေးက ဘေးမကင်းနိုင်တော့ဘူးလို့လည်း ထိုင်းက သတိပေးထားခဲ့ပါတယ်။

ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဝင်ထိုင် ဆူဗာရီက ကမ္ဘောဒီးယား ဒေသခံတွေဟာ နယ်စပ်ကို စက်တင်ဘာ ၁၆ ရက်နေ့မှာ စတင်ကျူးကျော် ဝင်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ ထိုင်းဖက်က စည်းရိုးတွေ အားဖြည့် ကာကွယ်ချိန်မှာ ပြဿနာ စတက်ခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။

ကမ္ဘောဒီးယားက အဲဒီ ပဋိပက္ခမှာ အရပ်သား ၂၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ကြေညာခဲ့ပြီး ထိုင်းကလည်း အရာရှိတချို့ ထိခိုက်ခဲ့တယ်လို့ အတည်ပြုပေမယ့် အရေအတွက်ကိုတော့ မထုတ်ပြန်ပါဘူး။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လတုန်းက နယ်စပ်မှာ ၅ ရက်ကြာ စစ်ခင်းတိုက်ခိုက်ခဲ့ကြပြီး ဇူလိုင် ၂၈ ရက်နေ့မှာ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း နှစ်နိုင်ငံပေါင်း လူ ၄၈ ဦးထက်မနည်း သေဆုံးခဲ့သလို လူပေါင်း သိန်းနဲ့ချီ ယာယီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ကိုးကား: Bangkok

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။