Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်နားမှာ ကမ္ဘောဒီးယားက သေနတ်ပစ်ဖောက်ခဲ့တယ်လို့ ထိုင်းစစ်တပ်စွပ်စွဲ

နယ်စပ်နားမှာ ကမ္ဘောဒီးယား စစ်သားတွေဖက်က သေနတ်ပစ်ဖောက်မှုမျိုး ရှိခဲ့တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲပြောကြားခဲ့ပါတယ်။

နယ်စပ်တ​နေရာက ထိုင်းစစ်သား​တွေ။ဓါတ်ပုံ- Royal Thai Army

စက်တင်ဘာ-၂၄၊၂၀၂၅။People’s Spring

နယ်စပ်နားမှာ ကမ္ဘောဒီးယား စစ်သားတွေဖက်က သေနတ်ပစ်ဖောက်မှုမျိုး ရှိခဲ့တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ အရှေ့ပိုင်းက ဆီဆာကက် ပြည်နယ်ထဲမှာ စက်တင်ဘာ ၂၃ ရက်နေ့တုန်းက ထိုင်းစစ်တပ် ချထားတဲ့ နယ်စပ် အတားအဆီး သံဆူးကြိုးခွေတွေနားမှာ ကမ္ဘောဒီးယားစစ်သားတွေကသေနတ်တွေ ပစ်ဖောက်နေခဲ့တာလို့ သိရပါတယ်။

ကမ္ဘောဒီးယားဖက်က အတိအလင်းရန်စတဲ့ အပြုအမူမျိုး ဆိုပေမယ့် ထိုင်းစစ်သားတွေကတော့ ဘာမှ မတုံ့ပြန်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ဆီဆာကက် ပြည်နယ်ရဲ့ ဆောင်သောင်ချိုင် ခရိုင်မှာ သံဆူးကြိုးတွေဖက်ကို ကမ္ဘောဒီးယား စစ်သားတွေက ပစ်ခတ်ခဲ့ကြောင်း၊ ဒါဟာ တမင် ပြဿနာရှာတဲ့ လုပ်ရပ် ဆိုပေမယ့် ထိုင်းစစ်တပ်ဖက်က လက်တုံ့မပြန်ဘဲ သည်းခံခဲ့ကြောင်း တော်ဝင်ထိုင်းကြည်းတပ်က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေး ကဏ္ဍကို တာဝန်ယူထားတဲ့ အမှတ် ၂ စစ်နယ်မြေ ကွပ်ကဲရေး ဌာနချုပ်ကတော့ကမ္ဘောဒီးယား စစ်သား ၄ ဦးဟာ သံဆူးကြိုးတွေနား ကပ်လာပြီး သေနတ် ၃ ကြိမ် ပစ်ဖောက်ခဲ့တယ်လို့ နောက်ပိုင်းမှာ သီးခြား ကြေညာခဲ့ပါတယ်။

ကမ္ဘောဒီးယားရဲ့ လုပ်ရပ်ဟာ အပစ်ရပ် သဘောတူညီမှုတွေကိုအတိအလင်းချိုးဖောက်ရာ ရောက်နေပြီး ကမ္ဘောဒီးယား စစ်တပ်ရဲ့ စည်းကမ်းပိုင်း အားနည်းတာ၊ နှစ်နိုင်ငံ နယ်စပ်အရေး ဖြေရှင်းမှုဆိုင်ရာ သဘောတူညီချက်တွေအပေါ် လေးစားမှု ကင်းမဲ့တာတွေကို ညွှန်ပြနေတယ်လို့လည်း အမှတ်(၂ )စစ်နယ်မြေ ကွပ်ကဲရေး ဌာနချုပ်က စွပ်စွဲခဲ့ပါတယ်။

အဲဒီနေ့ကပဲကန်သာရာလက်ခ် ခရိုင်ရဲ့ဆမ်တေး ဧရိယာထဲမှာဒရုန်းတစ်စီးပျံသန်းနေခဲ့တာကို ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့လည်းထိုင်းစစ်တပ်က ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းအခုံကို အကြောင်းပြုပြီး ၅ ရက်ကြာ စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နောက် ဇူလိုင်လကုန်မှာ အပစ်အခတ် ရပ်စဲထားခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း နယ်စပ်မှာ သံစည်းရိုးခွေတွေ ကာရံနေတဲ့ ထိုင်းစစ်သားတွေကို ကမ္ဘောဒီးယားဖက်က ရွာသားတွေကဆန္ဒပြရင်းနှစ်ဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ ရွာသားတွေက တုတ်တွေ၊ ခဲတွေ၊ လေးခွတွေနဲ့ ပစ်ခဲ့ပြီး ထိုင်းဖက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ တုံ့ပြန်ခဲ့တာကြောင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရမှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ခရီးရှည် ကမ္ဘာလှည့် ပြေးဆွဲနေတဲ့ ဇိမ်ခံ သင်္ဘောတစ်စီးပေါ် လိုက်ပါသွားတဲ့ ခရီးသည် ၂၀၀ လောက်ဟာ သင်္ဘောရဲ့ ခုတ်မောင်းမှု ဆိုင်းငံ့ထားမှုကြောင့် ကမ္ဘောဒီးယား နိုင်ငံမှာ သောင်တင်နေကြပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာအနီး မြန်မာ-တရုတ်နယ်စပ်တလျှောက် အပါအဝင် KIO/KIA ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၃ရက်မှာ ကင်းထောက်လေယာဉ်နဲ့ ၂ကြိမ် ပျံဝဲခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။