Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်နားမှာ ကမ္ဘောဒီးယားက သေနတ်ပစ်ဖောက်ခဲ့တယ်လို့ ထိုင်းစစ်တပ်စွပ်စွဲ

နယ်စပ်နားမှာ ကမ္ဘောဒီးယား စစ်သားတွေဖက်က သေနတ်ပစ်ဖောက်မှုမျိုး ရှိခဲ့တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲပြောကြားခဲ့ပါတယ်။

နယ်စပ်တ​နေရာက ထိုင်းစစ်သား​တွေ။ဓါတ်ပုံ- Royal Thai Army

စက်တင်ဘာ-၂၄၊၂၀၂၅။People’s Spring

နယ်စပ်နားမှာ ကမ္ဘောဒီးယား စစ်သားတွေဖက်က သေနတ်ပစ်ဖောက်မှုမျိုး ရှိခဲ့တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ အရှေ့ပိုင်းက ဆီဆာကက် ပြည်နယ်ထဲမှာ စက်တင်ဘာ ၂၃ ရက်နေ့တုန်းက ထိုင်းစစ်တပ် ချထားတဲ့ နယ်စပ် အတားအဆီး သံဆူးကြိုးခွေတွေနားမှာ ကမ္ဘောဒီးယားစစ်သားတွေကသေနတ်တွေ ပစ်ဖောက်နေခဲ့တာလို့ သိရပါတယ်။

ကမ္ဘောဒီးယားဖက်က အတိအလင်းရန်စတဲ့ အပြုအမူမျိုး ဆိုပေမယ့် ထိုင်းစစ်သားတွေကတော့ ဘာမှ မတုံ့ပြန်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ဆီဆာကက် ပြည်နယ်ရဲ့ ဆောင်သောင်ချိုင် ခရိုင်မှာ သံဆူးကြိုးတွေဖက်ကို ကမ္ဘောဒီးယား စစ်သားတွေက ပစ်ခတ်ခဲ့ကြောင်း၊ ဒါဟာ တမင် ပြဿနာရှာတဲ့ လုပ်ရပ် ဆိုပေမယ့် ထိုင်းစစ်တပ်ဖက်က လက်တုံ့မပြန်ဘဲ သည်းခံခဲ့ကြောင်း တော်ဝင်ထိုင်းကြည်းတပ်က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေး ကဏ္ဍကို တာဝန်ယူထားတဲ့ အမှတ် ၂ စစ်နယ်မြေ ကွပ်ကဲရေး ဌာနချုပ်ကတော့ကမ္ဘောဒီးယား စစ်သား ၄ ဦးဟာ သံဆူးကြိုးတွေနား ကပ်လာပြီး သေနတ် ၃ ကြိမ် ပစ်ဖောက်ခဲ့တယ်လို့ နောက်ပိုင်းမှာ သီးခြား ကြေညာခဲ့ပါတယ်။

ကမ္ဘောဒီးယားရဲ့ လုပ်ရပ်ဟာ အပစ်ရပ် သဘောတူညီမှုတွေကိုအတိအလင်းချိုးဖောက်ရာ ရောက်နေပြီး ကမ္ဘောဒီးယား စစ်တပ်ရဲ့ စည်းကမ်းပိုင်း အားနည်းတာ၊ နှစ်နိုင်ငံ နယ်စပ်အရေး ဖြေရှင်းမှုဆိုင်ရာ သဘောတူညီချက်တွေအပေါ် လေးစားမှု ကင်းမဲ့တာတွေကို ညွှန်ပြနေတယ်လို့လည်း အမှတ်(၂ )စစ်နယ်မြေ ကွပ်ကဲရေး ဌာနချုပ်က စွပ်စွဲခဲ့ပါတယ်။

အဲဒီနေ့ကပဲကန်သာရာလက်ခ် ခရိုင်ရဲ့ဆမ်တေး ဧရိယာထဲမှာဒရုန်းတစ်စီးပျံသန်းနေခဲ့တာကို ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့လည်းထိုင်းစစ်တပ်က ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းအခုံကို အကြောင်းပြုပြီး ၅ ရက်ကြာ စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နောက် ဇူလိုင်လကုန်မှာ အပစ်အခတ် ရပ်စဲထားခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း နယ်စပ်မှာ သံစည်းရိုးခွေတွေ ကာရံနေတဲ့ ထိုင်းစစ်သားတွေကို ကမ္ဘောဒီးယားဖက်က ရွာသားတွေကဆန္ဒပြရင်းနှစ်ဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ ရွာသားတွေက တုတ်တွေ၊ ခဲတွေ၊ လေးခွတွေနဲ့ ပစ်ခဲ့ပြီး ထိုင်းဖက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ တုံ့ပြန်ခဲ့တာကြောင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရမှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

ဆောင်းပါး

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Facebook