Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

စူပါပါဝါရှိရင် စစ်အာဏာသိမ်းမှုကိုအမြန်အဆုံးသတ်​ပေးချင်တဲ့ မြန်မာမယ် စကြာဠာ သူဇာဝင့်လွင်

မယ်စကြဝဠာ ၂၀၂၀ ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်က သူမမှာ စူပါပါဝါရှိရင် မြန်မာနိူင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားမှုကို အမြန်ဆုံး အဆုံးသတ်ချင်ပါတယ်လို့ ပြိုင်ပွဲမှာ ဒိုင်လူကြီးရဲ့​မေးမြန်းမှုကို​ဖြေကြားပါတယ်။

“ သင့်မှာ စူပါပါဝါရှိရင် ဘာလုပ်မလုပ် ၊ဘာ​ကြောင့်လဲ ” ဆိုတဲ့ ​မေးခွန်းကိုကူညီ ဘာသာပြန်​ပေးသူက “ သင့်မှာကားအ​ကောင်းစားရှိရင် “ လို့မှားယွင်းဘာသာပြန်ခဲ့​ပေမယ့် မြန်မာကိုယ်စားပြုအလှမယ်က အ​ဖြေကို အ​ကောင်ဆုံး​ဖြေဆိုသွားပါတယ် ။

“ ညီမဆီမှာ စူပါပါဝါရှိခဲ့မယ်ဆိုရင်​တော့ အခုညီမတို့နိုင်ငံမှာဖြစ်​နေတဲ့ Coup (စစ်အာဏာသိမ်းမှု)ကိုအမြန်ဆုံး အဆုံးသတ်နိုင်​အောင်လို့ လုပ်နိုင်တဲ့သူတစ်​ယောက်၊ ပြီးရင်လူသားမဆန်တဲ့ ကမ္ဘာ​ပေါ်မှာဖြစ်ပျက်​နေတဲ့အရာတွေ၊ နိုင်ငံတိုင်းမှာဖြစ်ပျက်​နေတဲ့ အရာ​တွေ ကို အမြန်ဆုံးအဆုံးသတ်​အောင်လုပ်ပေးနိုင်တဲ့သူတစ်​ယောက်ဖြစ်ချင်ပါတယ် ” လို့ သူဇာဝင့်လွင်က​ဖြေသွားပါတယ်။ သူမအ​ဖြေကို အခြားနိုင်ငံကအလှမယ်တချို့ကပါလက်ခုပ်တီး ဂုဏ်ပြု​ပေးခဲ့တယ် ။

သူဇာဝင့်လွင်ဟာ မယ်စကြာဝဠာ ၂၀၂၀ ပြိုင်ပွဲဝင်​နေစဥ်မှာ မြန်မာနိုင်ငံမှာစစ်တပ်က မတရားသဖြင့်အာဏာသိမ်းထားတာ၊ပြည်သူ​တွေအ​ပေါ်ရက်ရက်စက်စက်ဖိနှိပ်​နေတာ​တွေကို ကမ္ဘာက ပိုမိုသိ့ရှိ​အောင် ကြိုးစား​ပေးခဲ့ပါတယ်။